ရင်ထဲမှာ တစ်ခုခု

in HIVE-MYANMAR4 years ago

image

Facebook မှာ ယခုတလော အမေရိကန်
ရွေးကောက်ပွဲ၊ မြန်မာပြည်ရွေးကောက်ပွဲ
အတွက် အတိုက်အခိုက် ထိုးနှက်မှုများကို
ဖတ်ရှုနေရသည်။ ထိုသို့သော အကြောင်းအရာများနှင့်အတူ အောင်သမာဓိရွှေဆိုင်ပိုင်ရှင်
ဦးအောင်၏ ပိုစ့်တစ်ခုအား ဝေဖန်မှုများဖြင့်
လည်း facebook တွင်ကြည့်လိုက်ရသည်။

သူသည် သူ့မြေးများအား ဈေးရောင်းနေသည့်ကလေးငယ်တစ်ဦးကိုရှေ့မှာထား၍ ပြောဆိုမှုပြုခဲ့သည်။ ထိုကလေးငယ်ကဲ့သို့ ဈေးရောင်းချခြင်း
မပြုရအောင် သူ့မြေးများကို ကြိုးစားဖို့ဆုံးမခြင်း
ဖြစ်သည်။ သူ၏ဆုံးမမှုကဲ့သို့ ရှေးလူကြီးများလည်း
ဆုံးမခဲ့ဖူးသည်။ သို့သော် ရှေး လူကြီးများက
ထိုသို့ကလေးငယ်တစ်ဦးကို အနီးအနားမှာထားပြီး
ဆုံးမခဲ့မည်လား ဝေးဝေးကညွှန်းဆိုဆုံးမခဲ့လေ
သလားမသိပါ။

အဓိက ပြဿနာက အမေးခံ အနှိုင်းခံ ခံရတဲ့
ကလေးရဲ့ စိတ်ကို ထည့်မတွက်ကြတာလား။
ကိုယ့်ရဲ့သွေးသား ကလေးငယ်တွေကိုတော့
ပညာပေးသလိုလို၊ ဆုံးမသလိုလိုနဲ့ အမေးခံရတဲ့ ကလေးငယ်ရဲ့ဖက်ကိုလည်း မစဉ်းစားမိကြလေသလား။

20201106_134521.jpg

အဲ့ကလေးငယ်ရဲ့ စိတ်ထဲ ဘာတွေများဖြစ်နေမလဲ
သိချင်မိတယ်။ ကိုယ်ချင်းစားမိတယ်။ အဲ့ ကလေး
အရွယ် ကိုယ်တွေငယ်စဉ်ကလည်း အဲ့သလို
ပြောဆိုခံခဲ့ရဘူးတယ်။ ကိုယ်တွေငယ်စဉ်
အိမ်နီးချင်းဦးလေးကြီးက သူ့သားသမီးတွေကို
ဆုံးမတာ ရိုးရိုးမဆုံးမဘူး။
ကျွန်တော်တို့အိမ်ကို လက်ထိုးပြပြီး

"ဟိုဖက်အခန်းက အရက်သမားသားသမီးတွေ
ဘယ်လောက်လိမ္မာသလဲ ကြည့်ကြစမ်း။
နင်တို့ကို လိုလိုသေးမရှိ ထားတာ အဲ့အရက်သမား
ကလေးတွေကိုမမီဘူး"

အိမ်နီးချင်း ဦးလေးကြီးရဲ့စကားကို သစ်သားနံရံ
ခြားပေမဲ့ ကျွန်တော်တို့မိသားစု ကြားခဲ့တယ်။
အဲ့စကားကို ကြားတော့ ‌ကလေးဘဝ ရင်ထဲမှာ
ဘယ်လိုကြီးလဲမသိဘူး တစ်ခုခုခံစားခဲ့ရတယ်။
ယခုလည်း ဒီကလေးရင်ထဲမှာ တစ်ခုခုခံစား
နေရှာမလား။

@htwegyi

Sort:  

အင်း လူတွေ လူတွေ တယ်ခက်ပါလား

လောကကြီးက ဇာတ်ခုံကြီးဆိုလား

အနိုင်ရလိုမှုက မသမာမှုကို ဖြစ်စေတာပဲ

လောဘနောက်မှာ အမြဲကပ်ငြိလိုက်ပါလာတယ်