ယနေ့တော့ ရောက်တက်ရာရာလေးတွေ ရေးတင်ရပါအုံးမည်။
ယခုတလော လျှပ်စစ်မီးက အနည်းငယ်
ပိုပြီးလာနေသည်။ မီးလာဆို ငါးတန်းကျောင်းသား
များနှင့် ကိုးတန်းကျောင်းသားများ၏ စာမေးပွဲများ
ရှိသည်။ ပညာရေးစနစ်က မည်သို့ရှိသည်မသိပါ။
ငါးတန်းနှင့် ကိုးတန်းဆိုသည်က ကျွန်တော်တို့
ငယ်စဉ်အချိန်က လေးတန်းနှင့် ရှစ်တန်းများ
ဖြစ်သည်။ အစိုးရစစ်စားမေးပွဲဟု ခေါ်ဆိုသည်။
ယခုအခါ လေးတန်းနှင့် ရှစ်တန်းအစား
ငါးတန်းနှင့် ကိုးတန်းဟုပြောင်းလဲကာ အစိုးရစစ်
ပြုလုပ်ခြင်းဖြစ်ပေမည်။ မနက်ခင်းက ဈေးသွားသည့်အခါ ဈေးသွားရာလမ်း၌ ကားတန်းတခုကို
တွေ့ရသည်။ ထိုကားတန်း၏ ရှေ့ဆုံးမှ ကားတန်းက
ကားမီးများဖွင့်ချည် ပိတ်ချည် ပြုလုပ်၍ မောင်း
လာသည်။ သူ့နောက်မှ လိုက်ထရပ်နှင့် ခွေးဘီးလူး
ကားများတန်းစီး၍ ကပ်ပါလာသည်။
လိုက်ထရပ်နှင့် ခွေးဘီးလူးကားများ၏ ရှေ့လေကာ
မှန်များပေါ်တွင် အေဖိုးစာရွက်ဖြူများပေါ်မှာ
စာများရေးထားသည်။ ပြည်ကြီမဏ္ဍိုင် ဘက
(ဘုန်းကြီးကျောင်း) နဝမတန်းစာမေးပွဲဟု
ရေးသားထားသည်။ ထိုကျောင်းသား
ကြိုပို့ကားများက ပုံမှန်ဆိုပါမူ ဖြေဆိုမည့်
ကျောင်းအနီးမှာ ရပ်ထားသည်။ ယခုမူ
ထိုကားတန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
သို့တန်းစီမောင်းသွားကာ ထိုရပ်ကွက်ရုံးမှာ
တန်းစီရပ်ထားကြသည်။ အသို့ကြောင့်ပါနည်း။
သူရို့ ထိုအနှီးကျောင်းသားများ စာမေးပွဲ
ဖြေဆိုသမှုကြောင့် မီးအနည်းငယ်ပိုလာသည်။
ထိုကြောင့် ထမင်းအိုးကို ထင်းဖြင့် မတည်ရတော့
ပေ။ လျှပ်စစ်ပေါင်းအိုးဖြင့် ထမင်းချက်ရသည်။
ထိုကြောင့် ထင်းအကုန်သက်သာသည်။
ထင်းဖြင့် ထမင်းအိုးငှဲ့ချက်ပါမူ ထင်းအတော်
ကုန်သည်။ ရေခမ်းချက်ပါမူ ထင်းအကုန်သက်သာ
သည်။ ရေခမ်းချက် ထမင်းက ဆီးချိုသမားများ
အတွက် အဆင်မပြေဟုကြားသိရသည်။
ထမင်းရည်ငှဲ့ချက် ထမင်းက ဆီးချိုသမား
အတွက် ပိုအဆင်ပြေသည်။
ရေခမ်း၊ ရေငှဲ့ မည်သို့ချက်ချက် အမေကတော့
သူကြိုက်သော ပဲပြုတ်ပါရင် ထမင်းမြိန်သည်ဟု
ပြောသည်။ ကြက်သားရေချိုချက်လေးနှင့်
စွန်တာနီပဲပြုတ်ကို ကြက်သွန်ဖြူလေးအနံ့
ရအောင် ကြော်ထားသည့် ပဲကြော်နှင့် ရုံပဒီးသီး
ချဉ်ပေါင်ရည်ဟင်းလေးဖြင့်ဆိုပါမူ အမေ့က
ထမင်းကို အတော်စားနိုင်သည်။ ထမင်းစားကောင်းသည်ဟု
ပြောတတ်ပါသည်။ စားမေးပွဲဖြေဆို
နေစဉ် မီးက တခါလာပါလျှင် သုံးနာရီနီးပါးခန့်
လာသည်။ ထိုကြောင့် ထမင်းပေါင်းအိုးကို
ရင်တမမ ဖင်တကြွကြွဖြင့် ချက်ရသည့်အခြေအနေမှ
ကင်းဝေးနေသေးသည်။ မြန်မာပြည်သူ/သား
များလည်း အဆိုပါ ရင်တမမ မှ ဘယ်သော
အခါများမှ လွတ်ကင်းရပါ့မလဲလေ။
March 6, 2025@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !WEED from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
!HUG
!LOLZ
lolztoken.com
Acorny one.
Credit: reddit
$LOLZ on behalf of golden.future
(2/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@htwegyi, I sent you an
!HUG
!MEME
ဖင်ခဏခဏ မကြွချင်တော့ဘူး
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!