မနက်ဖန်သည် တပေါင်းလပြည့်နေ့ဖြစ်သည်။
တပေါင်းလသည် နတ်ပွဲရာသီဟုရေးခဲ့ပြီးသကာလ။
တပေါင်းလပြည့်နေ့မှာ ရွှေစာရံဘုရားပွဲကိုလည်း
သတိရမိပြန်သည်။
"အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီလေးဆွဲလို့ ရွှေစာရံကို
အရောက်သွားအုံးမယ်"
သီချင်းသံကြားပါရင် လွမ်းသလိုလို ဆွေးသလိုလို
ဖြင့် ရွှေစာရံဘုရားကို မြင်ယောင်မိသည်။
အညာနွေပူပူထဲ ဖုန်းလုံးအလိမ့်လိမ့်ကြား
ဘုရားပွဲကို သွားကြသူများကိုလည်း မြင်နေမိ
ပြန်သည်။ ကျွန်တော်က ရွှေစာရံ ဘုရားကို
ဘုရားပွဲရာသီအချိန်မှာ မသွားချင်ပါ။
ဘုရားပွဲအချိန်အခါမှာ လူများပြား၍ ဘုရားကို
အေးဆေးစွာ ဖူးခွင့်မရပေ။
တနေ့က ရွှေစာရံဘုရားသို့ တူမများ သွား
ကြသည်။ နေ့လယ်နှစ်နာရီကျော်အချိန်ဖြစ်သည်။
နေ့ပူပြင်းသည့်အချိန်မှာ ဆိုင်ကယ်ဖြင့်
သွားကြခြင်းဖြစ်သည်။ လူငယ်များဆိုတော့
ပူတာ၊ ပန်းတာများမသိကြပေ။ သွားချင်
လာချင်သည့် စိတ်ကကြီးစိုး၍ ပူပြင်းသည့်
နေ့အပူရှိန်ကို ဂရုမစိုက်ကြပေ။ ကိုယ်တွေကသာ
ပူသည် အေးသည်ဟုဖြစ်နေသည်။ ရွှေစာရံ
သွားသည့် ကားလမ်းမှာ သွားလာသူများသဖြင့်
ကား၊ ဆိုင်ကယ်များဖြင့် ကြပ်ညပ်ကာ လမ်းပင်
ပိတ်နေသည်ဟုပြောသည်။
တူမက ရွှေစာရံအပြန်လက်ဆောင် ထန်းရွက်ပုတီး
နှင့် မုန့်များဝယ်လာသည်။ ထန်းရွက်ပုတီးနှစ်ကုံး၊
ဆန်မုန့်ကြော်နှစ်ထုတ်၊ မုန့်ခေါင်းအုံးနှင့် ဆီးသီး
များဝယ်လာသည်။ ဆန်မုန့်ကြော်က ငါးမုန့်ကြော်
အရသာနှင့်တူသည်။ အမေက ထိုဆန်မုန့်ကြော်
များကို တကြွပ်ကြွပ်ဝါးစားသည်။ ဆန်မုန့်ကြော်
ထုတ် တဝက်နီးပါးကုန်ပေသည်။ အမေ
မနက်ဖန်စားဖို့ ချန်ထားအုံးဟု ပြောရသည်။
မုန့်ခေါင်အုံးကတော့ ထန်းလျက်ရည်ဖြင့်
လောင်ထားသည့် ခေါင်းအုံးပုံ မုန့်ကြွပ်မွလေး
များဖြစ်သည်။
ကျွန်တော်ငယ်စဉ်အချိန် ဘတ်စကား
(လိုင်းကား) ဖြင့် ရွှေစာရံဘုရားပွဲ သွားခဲ့စဉ်
အချိန်ကလည်း ကားလမ်းကြပ်မှုကို
ကြုံခဲ့ရသည်။ ထိုစဉ် ထိုအချိန်က ခေတ်အခါကောင်း၍
လမ်းပိတ်ကြပ်ညပ်သည်မှာ ပြဿနာမဟုတ်ပေ။
ယခုခေတ်ပျက် ခေတ်ဆိုးသည့်
အချိန်မှာ သွားလာကြသဖြင့် လမ်းကြပ်
ပိတ်သည်က ကိုယ်တွေ မြန်မာလူမျိုးမျာ၏
စံတင်လောက်သော အပျော်အပါး မက်မော
မှုကြီးပါလေ။
အပျော်အပါးကို လူတိုင်းနီးပါး မက်မောသည်။
သို့ပေသိ အချိန်အခါတော့ရှိပေသည်။
လူငယ်နှင့် အပျော်ဆိုသည်ကလည်း
ခွဲခြားမရပေ။ ပျော်ပါးကြရမည့် အရွယ်များမှာ
မပျော်ပါးနိုင်ကြပဲ စိတ်ဓာတ်ကို အရင်းခံကြရင်း
ဒုက္ခကို ရင်ဆိုင်နေသူ လူငယ်များကိုလည်း
လေးစားမိသည်။
တနေ့မှာတော့ လူတိုင်းပါဝင်ခွင့်ရသည့်
အမှန်တရားအောင်ပွဲ၊ ပျော်ရွှင်ပွဲများ
ကျင်းပနိုင်ဖို့ နေ့ရက်များက မဝေးလှတော့ပေ။
အားလုံးညီညာစွာဖြင့် ပြည်သာယာအောင်
စွမ်းဆောင်နိုင်ကြပါစေ။
March 12, 2025@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !WEED from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our