တစ်လောက NUG အစိုးရကနေ USDT ကို တရားဝင်အသုံးပြုနိုင်ကြောင်းကြေငြာချက်ထွက်တာတွေ့ရပါတယ်။ အဆိုပါကြေငြာချက်ကြောင့် မြန်မာနိုင်ငံသား Crypto အသုံးပြုသူများအကြားတွင် အသံများထွက်ပေါ်လာခဲ့ကြပါတယ်။ ကျွန်တော်ကတော့လက်ရှိတည်ဆဲ ဥပဒေများ၊အတည်ပြုပြီး ဥပဒေ များဖြင့်နှိုင်ယှဥ်တင်ပြပေးပါ့မယ်။
Photo - ©Pixabay Source
Reedited - @johndieo
မြန်မာ့ Crypto လောကတွင် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် Crypto ရောင်းဝယ်ဖောက်ကားသူများ စစ်ဆေးမေးမြန်းခြင်းခံခဲ့ကြရပါတယ်။ တစ်ချို့ဆိုလျှင် အာမခံမရနိုင်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ-၁၇၁ ဖြင့်အမှုရင်ဆိုင်ခဲ့ကြရပြီး တစ်ချို့ကတော့ Crypto လောကမှ ပျောက်ကွယ်သွားကြပါသည်။
ဒီလိုအရေးကြီးလှသော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကို ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထပ်တွင်အတည်ပြုပြဌာန်းခဲ့ပါသည်။ မြန်မာ့ငွေကြေးစနစ်တည်ငြိမ်စေရန်၊ ငွေကြေးဆုံးရှံးမှု မရှိစေရန် ရည်ရွယ်ပြီး ၄င်းဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်မည်ဟု ယူဆရပါသည်။ သို့ပင်မဲ့ Crypto လောကသားတွေအနေဖြင့် ၂၀၂၀ ခုနှစ်၊ ၅ လ ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရဆိုရင် Crypto အား မိမိအတွက်သော်၄င်း၊တစ်ခြားသူအတွက်သော်လည်းကောင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်လျှင် ငွေရေးကြေးရေးအဖွဲအစည်းများဥပဒေအဖြစ်သော်လည်းကောင်း ၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအဖြစ်သော်လည်းကောင်း ဖမ်းစီးအရေးယူဆောင်ရွက်မည်ဟု ကြေငြာချက်ကြောင့် ဝေဖန်မှုများမြင့်တက်ခဲ့ကြပါသည်။
ဥပဒေအရ ဘယ်အချက်တွေကြောင့် ငြိစွန်းခဲ့ရပါသလဲ။ အကယ်၍ အမှုရင်ဆိုင်ခဲ့ရလျှင် ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနိုင်မလဲဆိုသည်ကို Crypto ဖြင့်အမှုဖြစ်ခဲ့သူများကို ကူညီပေးခဲ့သည့်အချိန်အတွင်း သိရှိခဲ့ရသော အကြောင်းအရာများကိုမျှဝေပေးပါရစေ။
Crypto ရောင်းဝယ်သူများသည်
ငွေရေးကြေးရေးအဖွဲ့အစည်းပါ အခန်း ၂ အပိုဒ်ခွဲ (ည) စာခွဲ (၅) ပါ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ကိုလုပ်ဆောင်နေသည်ဟု အဓိပ္ပာယ်ရောက်ရှိပါသည် ( Crypto အား ဗဟိုဘဏ်မှာ Digital ငွေကြေးအဖြစ်သဘောထားသောကြောင့်ဖြစ်ပါသည်)။
ထိုသို့ ရည်ညွှန်းရခြင်းမှာ
ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ အခန်း (၂) အပိုဒ်ခွဲ (စစ) အရ ငွေပေးချေမှုနည်းလမ်းများဆိုသည်မှာ ငွေ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများရယူရာ၌သော်လည်းကောင်း၊ ပေးချေရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်သည့် ထိတွေ့နိုင်သော သို့မဟုတ် မထိတွေ့နိုင်သော ငွေပေးချေမှုနည်းလည်းတစ်ခုခုကို ဆိုလိုသည် ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
ငွေ/ကြေးအဖွဲ့အစည်းများဥပဒေ အပြည့်အစုံလေ့လာလိုပါလျှင်
တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂)နှစ်မှ (၅) နှစ်ထိ ကျခံရနိုင်ပြီး ငွေဒဏ် သန်း(၅၀၀)ထိ သော်လည်းကောင်း ထောင်ဒဏ်၊ငွေဒဏ် (၂)မျိုးစလုံး ကျခံနိုင်ပါသည်။ အမှုရင်ဆိုင်ချိန်သည် (၆)လ မှ (၂)ခန့်ထိ ကြာမြင့်နိုင်ပါသည်။
တရားစွဲခံရမှုအဆင့်ဆင့်
(၁) တိုင်ကြားသူသည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း တစ်ခုခုကနေ ဗဟိုဘဏ်သို့ အရင်ဦးစွာတိုင်ကြားနိုင်သည်
(၂) ဗဟိုဘဏ်မှစီစစ်ပြီး တိကျမှန်ကန်ပါက ဆက်လက်အရေးယူနိုင်စေရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်ပို့ဆောင်ပြီး တိုင်ကြားပေးပါသည်။
(၃) ပြည်ထဲရေးဌာနမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာနအား အမှုကို ဆက်လက်စုံစမ်းရန် ညွှန်ကြားချက်ပေးပို့သည်။ (ငွေကြေးကိစ္စဆိုလျှင် စစစ မှ စုံစမ်းစစ်ဆေးသည်ကများပါသည်။ စစစ မှ Bank အကောင့်များ စီစစ်ခြင်း၊သက်သေများခေါ်ယူစစ်ဆေးခြင်း၊ တရားခံအား ထွက်ဆိုချက်ရယူခြင်း၊ သက်သေထွက်ဆိုချက်များအား မှတ်တမ်းရယူခြင်းတို့ လုပ်ဆောင်ပါသည်)
(၄) စစစ မှ အမှုခိုင်မာသည်ဟု ဆုံဖြတ်ချက်ချလျှင် ပြစ်မှုဖြစ်ပွားရာ မြို့နယ်ရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားပြီး တရားရုံး၌ ချုပ်ရက်ရမာန်ရယူပါသည်။ ထို့နောက်အဆင့်ဆင့်လုပ်ဆောင်ပြီး အကျဥ်းထောင်၊ အချုပ်ထောင်သို့ပို့ဆောင်ပါသည်။
(၅) တရားသူကြီးမှ ၄င်းအမှုအား ဆက်လက်ကြားနာပြီး ရုံးချိန်တိုင်းတွင် သက်ဆိုင်ရာ သက်သေများကို ခေါ်ယူ မေးမြန်းပါတော့သည်။
(၆) နှစ်ဖက်လျှောက်လဲများပြီးပါက တရားသူကြီးမှ အမိန့်ချပါသည် ။
၄င်းအဆင့်များအားလုံးပြီးဆုံးရန် ၆ လမှ ၂ နှစ် ခန့်ထိကြာတက်ပါသည်။(ငွေရေးကြေးရေးအဖွဲအစည်းများ ဥပဒေ ပုဒ်မ ၁၇၁ မှ အာမခံမရသည့်အတွက် အကျဥ်းထောင်၊ အချုပ်ထောင်များကနေသာ အမှုရင်ဆိုင်ရပါသည်။ထို့အပြင်၄င်းပုဒ်မသည် ရဲအရေးပိုင်သည့်အမှုဖြစ်၍ ရဲမှ ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသောအမှုဖြစ်ပါသည်။)
အမှုအတွက်ဆိုလျှင် လျှောက်လဲချက်၊ သက်သေထွက်ဆိုချက်၊ စစ်ဆေးချက်၊ သက်သေခံများသည် အလွန်အရေးပါလှသည်။ ၂၀၂၀ ခုနှစ် ၅ လပိုင်း နောက်ပိုင်းတွင် အဖမ်းရသူများသည် သက်သေခိုင်လုံလျှင် ပြစ်ဒဏ်ကျခံရနိုင်ချေများပါသည်။ ၂၀၁၉ ခုနှစ် ၅ လပိုင်းအရှေ့ပိုင်း ဖမ်းခံရသူများသည် အမှုမှ လွတ်ကင်းနိုင်ပါသည်။ ကြားကာလတွင် တရားစွဲခံရသူများအဖို့ကတော့ ၅၀:၅၀ ပါ။ မိမိ၏ သက်သေထွက်ဆိုချက်၊ ဝန်ခံချက်၊ သက်သေ၊ လျှောက်လဲချက်အပေါ်မူတည်ပါတယ်။ (ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကိုသာ ရည်ညွှန်းပါသည်)
ဒီလောက်ဆိုလျှင် အမှုစွဲခံရမှုအဆင့်ဆင့်၊ အကျုံးဝင်မှု၊ ပြစ်မှုပြစ်ဒဏ်၊ အမှုရင်ဆိုင်ချိန်ကာလ တို့အားသိလောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသား Crypto လောကသားများ အမှုရင်ဆိုင်ရခြင်းမှ ကင်းဝေနိုင်ပါစေ
ကျွန်တော် Post လေးကိုအဆုံးထိလေ့လာပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါသည်။ ယခု Post သည် မြန်မာနိုင်ငံသား #hive-myanmar အသုံးပြုသူများ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပါသည်။
ကျွန်တော်ရေးသားထားသော Post List များမှာ |
---|
(၁)Famous Cave In Shan State |
(၂) လက်နက်များအပ်ဥပဒေ |
(၃) မိစ္ဆာကျွန်း |
(၄) ဥပဒေအကြောင်းလူတိုင်းသိစေရန် |
(၅) Never Grow Up: Book Review |
(၆) The Silence Sea: Movie Review |
(၇) အခြေခံအင်္ဂလိပ်သဒ္ဒါ |
Hive ကို အရင်ရောက်နှင့်နေကြသော -> @sheinthu , @mamamyanmar , @ansoe , @myothuzar , @kyi , @donjaun , @kachinhenry တို့လည်းအကြံလေးများမျှဝေပေးစေချင်ပါတယ်။
#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain
29.12.2021
@johndieo
သေချာမသိေသာ်လည်း ဗဟုသုတရစရာ သတိထားစရာများပါ ကျေးဇူးပါ ဥပမာလေးများဖြင့်ရှင်းပြပေးနိုင်လျင်ပိုကောင်းမလားပဲ အကြံပြုကြည့်တာပါ
ဟုတ်ကဲ့ခင်ဗျ
နောက် Post တွေမှာ ကြိုးစားပြီး တင်ပေးပါ့မယ်ခင်ဗျ။ အကြံပေးတာကျေးဇူးပါခင်ဗျ
ဗဟုသုတ ရပါတယ်။ အရင်က ဥပဒေ ရှိမှန်းသိပေမယ့် ဒီလောက်ထိ မသိခဲ့ဘူး
ဟုတ်အကို လေ့လာပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ
အခုလို ရေးပြတော့ဗဟုသုတရတာပေါ့ ဗျာ
ဟုတ်ကဲ့ နောက်ရက်တွေမှာ အခြားစိတ်ဝင်စားစရာကောင်းတဲ့ post လေးတွေတင်ပေးပါ့မယ်
Congratulations @johndieo! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 20 posts.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
ဥပဒေခိုင်မာရင်တော့ တစ်မျိုးတမည် ကြံစည်ရတာပေါ့
!LOL
lolztoken.com
You ain't seen muffin yet.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)@johndieo, I sent you an on behalf of @tin.aung.soe
သိထားတော့ပြင်လို့ရတာပေါ့ bro ရယ် 😀😀
ကျွန်တော်ပြောခဲ့တဲ့ အချက်လေး (၂)ချက်ကြောင့် ငြိသွားရတာပါ 😅😅
မျှဝေပေးတာ ကျေးဇူးပါဗျ။ ပြစ်ဒါဏ်ကတော့ ကြီးလေးတယ်နော်
ဟုတ်အကို ငွေ/ကြေး ဥပဒေမူလထုတ်ပြန်တာက ငွေရေးကြေးရေးအဖွဲ့အစည်းအတွက်(Bankလုပ်ငန်း၊ Mobile Pay အဖွဲ့အစည်း၊ ချေးငွေအဖွဲ့အစည်း) ရည်ရွယ်ထားတာပါ။ ဒါပင်မဲ့ Central Bank က Crypto ကို Digital ငွေကြေးအဖြစ်မှတ်ယူလိုက်တဲ့အတွက် ပြစ်မှုအရ ကြီးသွားပါတယ်။ ဒါတောင် AlF (ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ) နှင့် မစွဲရင် ကံကောင်းတယ်မှတ်ယူရပါမယ် 😅😅😅
အင်း ဥပဒေဆိုရင် ကျုပ်တို့နိုင်ငံသား အချို့က
ကိုယ်ပါ ပါတယ် လေ့လာရကောင်းမှန်းမသိကြဘူးရယ်။
!PIZZA
ဟုတ် ခုအတူလေ့လာကြရအောင်ဗျာ
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped johndieo (x1)
(1/10) @nayhlaingsoe tipped @johndieo (x1)
Please vote for pizza.witness!
အင်း အဲ့ဒီတော့ ဘယ်လိုလုပ်ကြမလဲ။
သာမန်သုံးသူတွေက ဘာမှမဖြစ်လောက်ပါဘူး
အရောင်း/အဝယ် လုပ်သူတွေသာ သတိထားသင့်တာပါ
ခုတော့ ဘယ်လိုအချက်ကြောင့် ငြိတယ်ဆိုတာ ဗဟုသုတရလောက်ပြီနော်အမ
နောက်နေ့ ထပ်ပြီးစိတ်ဝင်စားစရာဥပဒေလေးတွေ ထပ်တင်ပေးအုံးမယ်နော်။ အတူလေ့လာကြရအောင်
တင်ပေးအုံး။
အခုလို crypto နဲ့ပတ်သက်တဲ့ ဥပဒေ ကိုအသေးစိပ်သိရှိရတဲ့အတွက်ကောင်းပါတယ်
မကောင်းတာက ကမ္ဘာ့နိုင်င်အတော်များများ crypto နဲ့ပတ်သက်ပြီးကျယ်ပြန်စွာ အသုံးပြုလာကြချိန်မှာ မြန်မာနိုင်ငံမှာက ဒီဥပဒေကြီးနဲ့ ကန့်သတ်ချုပ်နှောင်ထားတာ အထက်ပိုင်းတာဝန်ရှိသူတွေ (ဒီဥပဒေကို ရေးဆွဲ/ဖြေလျော့ မပေးသေးတာက ) ခေတ်နောက်ကျ ဒိတ်အောက်ကျန်နေခဲ့လို့သာ လို အမ ကတော့ မြင်မိတယ်
ဟီး အမရေ
ဒီမှာနေရင်တော့ ဒီလိုပေါ့နော် (ထပ်ပြောရင် မကောင်းတော့ဘူး 🤦🤦)
သိထားတော့ ကြိုရှောင်နိုင်တာပေါ့
နောက်နေ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပဒေလေးတွေ ထပ်တင်ပေးမယ်နော်။ အတူလေ့လာကြရအောင်
ဒီနေရာမှာ အစ်ကို့ အနေနဲ့ မေးချင်တာ တခုပဲ ရှိတယ်။ ညီ ဖေါ်ပြပေးထားတဲ့ Crypto ဥပဒေက Binance Myanmar ကို ဘယ်လို အကျိုးသက်ရောက်သလဲ ဆိုတာပါ။ Website ဖွင့်ပြီး ဘဏ်တွေနဲ့ ချိတ်ဆက် ရောင်းဝယ်သူ နဲ့ တနိုင်တပိုင် ရောင်းဝယ်သူပေါ့... ဘယ်လိုကွာလဲ..?
ဒီ post အတွက် Ecency point 100 လက်ဆောင်ပေးလိုက်ပါတယ်။ !PIZZA
ဟုတ် အကို Binance မှာ P2P သွားနေတဲ့ သူတွေအတွက်ထင်တယ်နော်အကို
ဗဟိုBank ရဲ့ ကြေငြောချက်အရတော့ မိမိကိုယ်တိုင်အတွက်သော်လည်း တစ်ခြားသူအတွက်သော်လည်း ( Crypto to MMK ) or ( MMK to Crypto) ရောင်းဝယ် (သို့) လှဲလည်လျှင် ၁၇၁ အရ အကြုံးဝင်ပြီး တိုင်သူရှိလျှင် ထို့နောက်ထိုတိုင်းကြားချက်ကို အဆင့်ဆင့်လုပ်ဆောင်ပြီး အရေးယူနိုင်ပါတယ်။
မိမိဝါသနာအရ စာရေးခြင်း(ယခုကဲ့သို့လိုမျိုးပေါ့) ထို့အကြောင်းအရာအတွက် ငွေကြေးရရှိရင်တော့ ငွေ/ကြေး ဥပဒေအရအကြုံးမဝင်ပါဘူး။ ဒါပင်မဲ့ ရလာတဲ့ငွေကို MMK ပြန်ချိန်းရင်တော့ ငွေ/ကြေး ၁၇၁ အရ အရေးယူနိုင်ပါတယ်။
ဒါကြောင့် Third County ကနေ တစ်ဆင့်ချိန်းစေချင်ပါတယ်(အကြံပေးချက်ပါ)။ Crypto to MMK တိုက်ရိုက်ဆိုရင်တော့ ဥပဒေအရ အရေးယူနိုင်ပါတယ်။ ဒါပင်မဲ့ အရမ်းစိတ်မပူပါနဲ့ တိုင်မဲ့သူရှိရင်တောင် အဆင့်ဆင့်လုပ်ဆောင်ရတဲ့ Step တွေများပါတယ်။
ဗဟိုဘဏ်ရဲ့ ကြေငြာချက် စာပိုဒ်ဓာတ်ပုံလေးပို့ပေးထားပါ့မယ်။
Photo Credit to - Central Bank Of Myanmar
မှန်တယ်ညီ... အဲဒီကြေညာချက်ကို အစ်ကိုလည်း တွေ့ပြီးတာကြာလှပေါ့... အစ်ကို ပြောချင် တာ... Crypto ကို ပိုင်ဆိုင်ထားလို့ရတယ်... ငွေကြေးအနေနဲ့ ရောင်းဝယ်ခွင့် မပြုတာ ။ ဒါပေသိ... Binance လို website နဲ့ တကွ လာလုပ်ရင် အဆင်ပြေသ လား... အစ်ကို ပြောချင်တာ... Too big to be fail , small enough to be jail လား..,ဗဟုသုတရရုံ သက်သက်ပါ။ ညီက အဲဒီလောက ကို အစ်ကို့ ထက်စောရောက်ခဲ့သူမို့ ..မေးကြည့်တာပါ။ !PIZZA
Too big to be fail bro
အနည်းငယ်လုပ်နေတဲ့ သူအတွက် ဘယ်သူမှအာရုံစိုက်မှာမဟုတ်ပါဘူး။ ဗဟိုဘဏ်ကလည်း တိုင်တဲ့သူရှိမှ စစ်ဆေးတာပါ။ အရောင်းအဝယ်အကြီးအကျယ်လုပ်မယ် (ပမာဏ တစ်ခုပေါ့နော်)။ မနာလိုသူက တိုင်မယ်ဆို ရှင်းရမှာပေါ့။ ဒီအတိုင်းကတော့ ဘာမှမဖြစ်လောက်ပါဘူး။ Binance ကလည်း Paxful လို Service ပေးယုံသက်သက်လို့ထင်တယ်နော်အကို။ မနာလိုသူရှိရင်တော့ သက်သေနဲ့တစ်ကွတိုင်လို့ရတော့ ကျွန်တော်အမြင်ပိုပြီး Risk ကြီးမလားလို့တော့ထင်ပါတယ် အကို
အစ်ကို သိချင်တာလည်း အဲတာပါပဲ ညီ... ၂၀၁၆ အစ်ကိုတို့ ဒီလောက ထဲ စဝင်လာချိန် ... ညီတို့ က အရှိန်ရနေပြီ... ရုတ်တရက် ရပ်သွားရတယ်ဆိုတာကြောင့်ပါ... Thanks bro…!PIZZA
ဟုတ်ကဲ့ပါ အကို
ကျွန်တော်တို့လည်း ဒီလောကနဲ့ အချိန်တစ်ခုထိ အဆက်အသွယ်ဖျက်ပြီးနေခဲ့ပါတယ်။ ခုတော့ အကိုတို့ဆီကနေပြန်သင်ရတာပေါ့ဗျာ
အကူအညီလိုရင်ပေးပါအုံးခင်ဗျ
သူများနိုင်ငံတွေဆို တရားဝင်ခွင့်ပြုပေးနေကြပြီလားလို့။
တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာလည်း တွေ့ရတယ်။
ခုမြန်မာကတော့ ကျောက်ခေတ်ကိုပဲ ပြန်ပြန်သွားနေတယ် 😅
!PIZZA
!LOL
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@myanmarkoko you can call @lolzbot a maximum of 6 times per day.
အဲဒါက အဲလိုရှိတယ်
ဟိုဟာက ဟိုလိုရှိတယ် 🤦🤦
The rewards earned on this comment will go directly to the person sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.
အစစ်ဆေးခံခဲ့ရတယ်လေ အချိန်တုန်းက သူတို့မသိတာတွေ ပြောပြခဲ့ရသေးတယ် သူတို့စစ်မှ စရင်းတွေပါအလွှဲတွေဖြစ် ကိုယ့်ကိုစရင်းပေးရင် လွှဲမှာမဟုတ် စစစ တွေလေ ကိုယ်တွေကပဲ လိမ်သလိုမျိုးကြီး !LOLZ !LUV !PIZZA !BEER
(1/1) gave you LUV.
@nayhlaingsoe
lolztoken.com
When I see food I eat it.
Credit: happyme
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)@johndieo, I sent you an on behalf of @nayhlaingsoe
သူတို့လည်း အဲလောက်သိကြတာမဟုတ်ဘူးလေ !lol
lolztoken.com
ERROR: Joke failed.
You can get more $LOLZ on HE.@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.