အကြီးမားဆုံးသော Cryptocurrency လိမ်လည်မှုကြီးများ -(အပိုင်း-၁)( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤ Hive platform ပေါ်သို့ရောက်ရှိနေသူအားလုံးသည် cryptocurrency နှင့် မစိမ်းသူများဟု ယုံကြည်ပါသည်။ Cryptocurrency အား အပိုဝင်ငွေတခုရရှိစေရန် အတွက် မိမိအစွမ်းရှိသလောက် ရှာဖွေနေကြသူများဖြစ်၍သာ ဤကဲ့သို့သော Hive platform နှင့်ဆုံတွေ့ရခြင်း ဖြစ်ပါသည်။ .

Cryptocurrency, မမြင်ရသော ၊ ထိတွေ့ကိုင်တွယ်၍ မရသော အင်တာနက်အတွင်းမှ ငွေကြေး။ ငွေကြေးဟု ဆိုရာတွင် လူအများ သည်းခြေကြိုက် ၊ ထိုငွေကြေးအား မကြိုက်သူမရှိသလောက် ဖြစ်နေသောကြောင့် ထိုငွေကြေးဟူသော အရာအား ဒုတိယ ဘုရားသခင်ဟု ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါသည်။

cryptocurrency သည်လည်း တန်ဖိုးရှိသော ငွေကြေးတမျိုးဖြစ်၍ ဤ Cryptocurrency ဆိုသည့် အရာများအား အရူးအမူး ဝယ်စုနေကြသူအများ အပြားရှိနေပါသည်။ အဘယ့်ကြောင့်ဆိုသော် Cryptocurrency တခုသည် လူကြိုက်များလာသည်နှင့်အမျှ သူ၏တန်ဖိုးသည် ဆတိုးကိန်းနှင့် တက်လာသည်ဖြစ်ရာ ဤ cryptocurrency ဖြင့် ဖြတ်လမ်းမှ သူဌေးဖြစ်လိုသူတို့ အလွန်များပြားလာပါတော့သည်။

ဤအချိန်ကာလမျိုးသည် လိမ်လည် လှည့်ဖျားလိုသူတို့ အကြိုက်တွေ့သောကာလဖြစ်ပါသည်။ အချို့က နားမလည်သော အယုံလွယ်ကြောင့်အလိမ်ခံရသလို အများစုကတော့ လောဘကြောင့် အလိမ်ခံရခြင်း ဖြစ်ပါသည်။ ကျွန်တော်ဤ Cryptocurrency လိမ်လည်မှုကြီးများအကြောင်း ရေးသားရာတွင် အင်တာနက်သတင်းများ၊ ဆောင်းပါးများမှ တဆင့် မှီငြမ်း ဘာသာပြန်ဖေါ်ပြပေးရသဖြင့် အမှားအယွင်း တစုံတရာပါသွားလျင် ဘာသာပြန်ညံ့ဖျင်းသော ကျွန်တော်၏ အမှားသက်သက်သာ ဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။

Cryptocurrency လိမ်လည်မှုကြီးများ အကြောင်း စလိုက်ကြပါစို့။

၁ ။ OneCoin ( USD $ 4 Billion - 19.4 Billion )

OneCoin သည် ၂၀၁၄ ခုနှစ် တွင် Bitcoin စျေးများ ထိုးတက်လာမှုအပေါ် အခွင့်ကောင်းယူအသုံးချကာ လူအများအား အယုံသွင်း၍ လိမ်လည်ခဲ့သော Cryptocurrency ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု အစိုးရ၏ တရားဝင်ဖေါ်ပြချက်တွင် OneCoin လိမ်လည်ခဲ့သော ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရှိသည်ဟု ဖေါ်ပြထားသော်လည်း OneCoin အတွင်းသတင်းများအရ လိမ်လည်ခဲ့သော ငွေကြေးသည် အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလီယံ အထိရှိကြောင်း Medium.Com တွင်ရေးသားထားချက်အရသိရပါသည်။

သူတို့မည်ကဲ့သို့ လိမ်ကြသနည်း။ Bitcoin နာမည်ကြီး ရေပန်းစား နေပြီဖြစ်သောကြောင့် Bitcoin အား အသုံးချကာ ဆောင်ပုဒ်ကြီးကြီးမားမား အလျင်ချပြလိုက်ကြပါသည်။ OneCoin- the Bitcoin Killer ( Bitcoin အားအသေသတ်မည့် OneCoin ဟူလို )။

OneCoin ၏ ဆရာကြီးမှာ Dr.Ruja ၊ အောက်စဖိုဒ်မှ ဘွဲ့ရသူ ၊ အင်မတန် အပြောကောင်းသူ ၊ ဘာသာစကားအတော်များများ ကျွမ်းကျွမ်းကျင်စွာပြောဆိုနိုင်သူ ၊ ဘူဂေးလ်ရီယား Forbes magazine တွင် ဖေါ်ပြခံရသူ ဖြစ်ကာ ဩဇာကြီးမားသူဖြစ်ပါသည်။

ထိုအချိန်တုန်းက သူ၏ အပြောကောင်းမှုကြောင့် OneCoin အား အရူးအမူး စွဲလမ်းသူတို့၏ ဘုရားတဆူ ဖွယ်ကိုးကွယ်ခံရသူ ဖြစ်ပါသည်။ သူ၏ ရှင်းပြချက်မှာ ငွေကြေးဆိုင်ရာ ပြောင်းလည်းမှု ၊ ဘဏ်စနစ်မလိုအပ်ပဲ ငွေကြေးလည်ပတ် နိုင်ပုံ OneCoin က ထိုအရာများအား မည်သို့ ဆောင်ရွက်ပေးနိုင်ပုံ အကျိုးကျေးဇူးရှိပုံများအား စကားလုံးကြီးကြီးများသုံးကာ ဆွယ်တရားဟောခဲ့ပါသည်။

သူမည်မျှ အပြောကောင်းသနည်းဆိုလျင် OneCoin အကြောင်းအား သံသယရှိသူ ၊ မကောင်းပြောသူသည် မိမိတို့ချမ်းသာမည်ဖြစ်သော အခွင့်အရေးအား မနာလိုသူ ဖြစ်ကြောင်း အထိ OneCoin ကိုယုံကြည်သူတို့ခံစားရစေပါသည်။

အမှန်ဆိုရလျင် ထိုအချိန်က OneCoin နောက်လိုက်နေသူတို့သည် Cryptocurrency အကြောင်း နကန်းတလုံးမှ နားမလည်ပဲ သူ၏ အပြောကောင်းမှုကြောင့် အိမ်တိုင်ချွတ်ရောင်း ၊ ရှိသမျှ ထုတ်ရောင်းကာ သူဌေးဖြစ် ခွေးဖြစ် OneCoin တွင် ခုန်ဆင်းပုံအော ရင်းနှီးမြုပ်နှံကြပါလေတော့သည်။

Dr.Ruja ပြောသည်သာ အမှန် သူတို့အနေဖြင့် မျက်စိစုံမှိတ်ကာ သန်းကြွယ်သူဌေး ဖြစ်မည့် အချိန်ကိုသာ စောင့်နေပါတော့သည်။အမှန်တော့ OneCoin ၏ လည်ပတ်ပုံမှာ မြန်မာပြည်တွင် လူအများ ဂျင်းမိသွားသည့် Ponzi ပုံစံဖြင့် လည်ပတ်သွားခြင်း ဖြစ်ပါသည်။

ပထမဆုံး အဆင့် အနေဖြင့် သင်သည် OneCoin ၏ Package တခုဝယ်ယူရမည် ဖြစ်ပါသည်။ Package များမှာ အမျိုးမျိုးရှိပါသည်။ အစဦးတွင် Starter Package ကို ဝယ်ယူရာတွင် ယူရို $၁၁၀ ပေးရပါသည်။ ဤ Package တွင် OneCoin token 100 ရရှိနိုင်ပါပြီ။ သို့သော် သင့်အနေဖြင့် ရရှိလာသော Token များအား OneCoin Internal Exchanges တွင် ရောင်းဝယ်ခွင့် မရှိသေးပါ။

သို့သော် Starter Package ဝယ်ယူထားသူတို့သည် အခြားသူများအား ဆွယ်တရားဟောနိုင်သောကြောင့် နောက်ထပ်လူတယောက်က Starter package ဝယ်ယူလျင် သူ့အနေဖြင့် သတ်မှတ်ထားသော ကော်မရှင် ငွေကြေးယူရို ၁၁၀ ရရှိပါသည်။

သို့သော် ငွေသားအပြည့် ပေးခြင်း မဟုတ်ပါ။ ၆၀% ငွေသားပေးကာ ၄၀ % အား OneCoin token ပေးပါသည်။ ဤနည်းဖြင့် Members များကလည်း ငွေသားလည်းရသည် စုငွေအနေဖြင့် Token များလည်းရရှိသည် ဖြစ်သောကြောင့် နစ်နာစရာမရှိ နောက်ထပ်နောက်ထပ်လူသစ်များသာ အပြောကောင်းကောင်းဖြင့် member များအား မိမိ Referral အောက်သို့ ရောက်ရှိလာစေရန် ကြိုးစားကြပါတော့သည်။

ဤတွင် တခုနားလည်ရန် လိုအပ်သည်မှာ သင်သည် Starter Package ဝယ်ယူထားသူဖြစ်ပါက member မည် မျှရသည်ဖြစ်စေ ရရှိလာသော OneCoin token များအား ရောင်းဝယ်ခွင့်မရှိသေးပါ။ သင့်အနေဖြင့် Token အတော်များများ စုမိနေပြီဆိုလျင် Trader Package ကိုဝယ်ယူရမည်ဖြစ်ပါသည်။

Trader Package သည် ယူရို ၅၅၀ ပေးရကာ တပတ်တခါ သတ်မှတ်ထားသော OneCoin သာရောင်းခွင့်ရှိသည်။ ဥပမာ Trader package ဝယ်ယူထားသူသည် တပတ်တခါ OneCoin 5 token ရောင်းခွင့် ရှိပါသည်။ ထိုအချိန်တွင် OneCoin token မှာမည်သည့် အပြင် Exchange များမှ ဝယ်ရောင်းမလုပ်နိုင်သေးသော်လည်း OneCoin Internal Exchange တွင် စျေးတက်လာနေပြီ ဖြစ်ပါသည်။

ထိုအခါ Member အရှာကောင်း၍ OneCoin Token အစုကောင်းသူတို့က တပတ်လျင် OneCoin token 5 ခုရောင်းနေရခြင်းကို အားမရတော့ကာ နောက်ထပ် Package ဖြစ်သော Pro Trader Package အားဝယ်ယူရပါတော့သည်။ Pro အဆင့် Package သည် သင့်အား တပတ်လျင် OneCoin 20 ရောင်းခွင့်ပြုကာ ထိုPackage အား ယူရို ၁၁၀၀ ပေး၍ ဝယ်ရမည် ဖြစ်ပါသည်။

ဤနည်းဖြင့် ပထမလူ၏ ပိုက်ဆံအား နောက်လူအားပေး ၊ token အား မိမိသတ်မှတ်သည့်စျေးဖြင့် ချရောင်း လုပ်နေသော OneCoin သည် အလွန်အောင်မြင်ခဲ့ပါသည်။ အောင်မြင်သည်ဟုဆိုရာတွင် လိမ်လည်ရာတွင် အလွန်အောင်မြင်သည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

Members အသစ်များတိုးလာလိုက် ၊ ရရှိလာသော Token များအား ချရောင်းချင်သောကြောင့် Package များ ပြေးဝယ်လိုက်၊ ဒီကြားထဲ Member အသစ်တိုးလျင် ၆၀% သော ငွေသားကလည်း လက်ငြင်းရနေသေးသည်။ ငွေသားကလည်း လက်ငြင်းရ ၊ ၄၀ % စုထားသော Token များလည်း တဖြည်းဖြည်းများလာသလို စျေးကွက်အတွင်း၌လည်း စျေးတက်လျက်ရှိ။

OneCoin ဝယ်စုသူတို့ ၏ပျော်စရာကောင်းသော အခိုက်အတန့် တခုဖြစ်ပါသည်။ မိမိ စုထားသော OneCoin token ပိုရောင်းလိုလျင် သတ်မှတ်ထားသော Package များထပ်ဝယ်ယုံသာ ။ ထို Package များမှာ Executive Trader Package အတွက် ယူရို ၃၃၀၀ ၊ Tycoon trader အတွက် ယူရို ၅၅၀၀ ၊ premium trader အတွက် ယူရို ၁၃၇၅၀ ၊ Infinity trader အတွက် ယူရို ၂၇၅၀၀ ဖြစ်ပါသည်။

လောဘတက်နေသောသူများသည် မိမိတို့ လက်ဝယ်တွင်ရှိသော OneCoin token များအား မိမိတို့ကြိုက်သည့် စျေး ကြိုက်သည့် အချိန်တွင် ကြိုက်သလို ရောင်းနိုင်ရန် Infinity Trader Package ဝယ်ယူသူမည်မျှ များခဲ့သနည်းဆိုလျင် အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သော ကိန်းကဏန်း ဖြစ်သည့် USD 4 ဘီလီယံမှ 19.4 ဘီလီယံအထိရှိခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။

အမှန်တော့ ဤလှပသေသပ်သော လိမ်နည်းလိမ်ကွက် ၊ လူအများ၏ လောဘအား ဆွပေးကာ ၊ အစပိုင်းတွင် ထိုးကျွေး၍ မိမိလိုသလောက် လိမ်လည်ရယူနည်းကို အကောင်ထည်ဖေါ်ခဲ့သော Dr.Ruja ဆိုသူမှာ မာဖီးယား တယောက်မဟုတ်ပါ။ လူဆိုးသခိုး ကလေကချေ တယောက်မဟုတ်ပါ။ အောစဖိုဒ် တက္ကသိုလ် ဆင်း လှပသော အမျိုးသမီးတယောက်ဖြစ်ပါသည်။ သူ့ပုံအား ကြည့်ချင်လျင် OneCoin Founder Dr.Ruja ဟူ၍ ရှာကြည့်ပါလေ။

နောက်စာစုတွင် OneCoin မည်ကဲ့သို့ ဆက်လျက် လိမ်လည်ကြမည်ကို ဖေါ်ပြပေးပါမည်။

Henry Aung (Kachin)
H1.jpeg

Sort:  

လိမ်နိုင်တာကိုဘဲ ချီးကျူးပါတယ် ။ အများကို လိမ်ဘို့ဆိုတာ မလွယ်ပါဘူး။ အသိွေ တိုးစေလို့ ျေးဇူးပါ ကိုဟင်။ ကိုဟင့်အရေးအသားက cryptuocurrency နဲ့ ပက်သက်ရင် ပိုကောင်းသလိုဘဲ။

စိတ်ဝင်စားစရာကောင်းလို့ အရေးသွက်တာနဲ့တူပါရဲ့ ကိုမဟော်ရေ... Cryptocurrency အကြောင်းကလည်း သည်းခြေကြိုက်ကိုး။

ကြားဖူးလိုက်သားဗျ
မြန်မာမှာတော့ S coin လားပဲ ခုထိ ဘာသတင်းမှ မရတော့သလို
Investment site coin တွေကလည်း မလွယ်ကြောပဲဗျ

အဲသည် Scoin အကြောင်းလည်း ရေးပြရအုံးမယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။

လိမ်လည်မှုကြီးလောဘကြောင့်ကြောက်ဖို့ကောင်းတယ်...Dr Rujaကိုခုပဲရှာကြည့်လိုက်ပါ့မယ်...မြင်ဖူးချင်လို့ပါ...

နောက်ပိုင်းမှာလောဘကြောင့် ဘဝပျက်သွားသူတွေအကြောင်း ဖေါ်ပြပေးပါ့မယ်။

အရင်ကထဲက အဲ့လိုတွေ ရှိခဲ့ဖူးတာပေါ့ ဦးဇင်းကတော့ သူများအဆွယ်ကောင်းလို့ ယုံကြည်ရသူလည်းဖြစ်တော့ Token တစ်ခုကို refer ယူပီး ရင်းနှီးလိုက်သေးတယ် သိပ်မကြာဘူး scam သွားတာပဲ $100 ကျော် ပလုံရော 😁😁😁
နောက်ဆို အိတ်စိုက်လုပ်ရမှာ ကြောက်သွားပီ

OneCoin တော့ မဟုတ်လောက်ဘူး Scoin လားဘုရာ့..?

အပြောကောင်းသူတို့ရဲ့စကားလုံးတွေအောက်မှာအရည်ပျော်ပြီး နိုင်ငံတကာမှာအလိမ်ခံရတဲ့လူတွေမနည်းမနောပဲရှိလိမ့်မယ်

ဘီလီယံနဲ့ချီပြီး လိမ်နိုင်ပုံထောက်တော့ ဘယ်လောက်အပြောကောင်းတယ်ဆိုတာသိသာတယ်။

အို Ruja ရယ် အလှမှာ ယစ်မူး လောဘမှာ ငြိဘူးခဲ့ကြပေါ့။
အတော် အကြံ ကြီးသူကြီး။

ဦးထွေးတောင် ညှိသွားပြီဟုတ်... OneCoin လေး ဝယ်ပါအုံးလား...?

mmmglobal ကိုတောင် သတိရမိတယ် အစ်ကိုရယ်
2015လောက်ကထင်တယ်

MMM Global ရဲ့လုပ်စာပုံလေး ရေးပြပါလား။ ကြာဖူးပေမယ့် ဘယ်လို လုပ်သွားတယ်ဆိုတာ မသိလိုက်ဘူး။

အလိမ်ခံခဲရဘူးတော့ကြောက်သွားပြီ
😁😁

ဘယ်လောက်တောင် အလိမ်ခံလိုက်ရပါလိမ့်။ မြန်မာမှာ ဘယ်လိုနည်းတွေနဲလိမ်သွားကြတယ်ဆိုတာသိချင်တယ်။

အလိမ်ခံရဘူးတယ် ကိုဟင်ရေ

အတွေ့အကြုံလေး ရေးပြပါလား... နောက်လူတွေ ဗဟုသုတရတာပေါ့။

Online လောက အလိမ်ခံရတိုင်း ထိပ်ဆုံး က ပါပီးသား😂

ပြည့်စုံလည်း OneCoin ထဲပါလိုက်သေးတယ်ပေါ့။

Steem နဲ့ ထောလိုက်တဲ့အန်တီတယောက်ကြိတ်ပုန်းလုပ်တာပါသွားတာ 😂