မင်္ဂလာပါ။ ဒီနေ့ကတော့ အားလုံးသိချင်နေတဲ့ METAMASK နဲ့ Binance Smart Chain ချိတ်ဆက်နည်းကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ပုံနှင့်တကွ ဖေါ်ပြပေးမှာဆိုတော့ အားလုံး နားလည် မယ်လို့လည်း မျှော်လင့်ပါတယ်။ မိမိရဲ့ METAMASK မှာ BSC wallet ချိတ်ပြီးသွားရင် ERC-20 အတွက်ဆို Ethereum network ကို သုံး / BEP 20 အတွက်ဆို BSC Network ကိုအသုံးပြုပါ။
ဆိုတော့ METAMASK တခုတည်းနဲ့ ရှိသမျှ Swap App တွေကို ဝင်လို့ရပါပြီ။ LeoBridge / Pancakes Swap/ UniSwap ဘာ ဆွက် / ညာ ဆွက် အားလုံး ဝင်ရောက်နိုင်ပါပြီ။ တခုသတိထားရမှာက ကိုယ်ယူမဲ့ token ဟာ ERC လား BEP လားဆိုတာသိဖို့ အရေးကြီးပါတယ်။ စလိုက်ကြစို့။
Network name: Binance Smart Chain
ChainID: 56
Symbol: BNB
New RPC URL: https://bsc-dataseed.binance.org/
Block Explorer: https://bscscan.com
Save နှိပ်လိုက်တာနဲ့ BSC Network ရပါပြီ။ အဆင်ပြေကြပါစေ။
Henry Aung ( Kachin )
09/06/2021 - Wednesday - 13;13 Pm
ကျေးဇူးပါ ဆာဟင် Metamask မဖွင့်ရသေးဘူး။
ဖွင့်ကြည့်လိုက်ဦးမယ်။
Cryptocurrency စုရင် METAMASK က မဖြစ်မနေလိုအပ်တယ်။ ဖွင့်ထားပေတော့။ တချိန်မှာ အသုံးဝင်လာလိမ့်မယ်။
ကိုဟင် ပြောလို့ သွားလုပ်ကြည့်လိုက်တယ်။ အဆင်ပြေပါတယ်။
Metamask App မှာတော့ Menu bar ကနေ Setting သွားပြီး တန်းလုပ်ရပါတယ်။
ကျေးဇူးပါ။ !PIZZA
$PIZZA@kachinhenry! I sent you a slice of on behalf of @tin.aung.soe.
Learn more about $PIZZA Token at hive.pizza (4/10)
Airdrop တွေ အကြိုက်ကောက်တော့...
ဒီလိုပေါ်လာပီး tokens လည်းရောက်မလာဘူး

Error တက်နေတယ်လေ... ကိုရှိန်းသူထည့်ထားတာ person address ကြီး ။ token contract address ထည့်ရမှာလေ။
ပုံမှာပြထားတဲ့အတိုင်းယူပီးထည့်ရတဲ့ adress ကိုထည့်တာပဲအကို tokens adress ကဘယ်မှာ ပြန်ကြည့်ရမှာလည်းအကို
Posted Using LeoFinance Beta
ရသွားပြီ ကိုဟင် ကျေးဇူးပါ
ERC လား BEP လား အဲ့ဒါတွေတော့ ကျွန်တော် မသိဘူး ကိုဟင်။
Airdrop တွေ အကြိုက်ကောက်တော့...အဲဒါက ကိုယ် ကောက်တဲ့ Airdrop ပေါ်မူတည်ပြီး Network ရွေးရမှာ။
ကျေးဇူးပါ ကိုဟင်
ကျေးဇူးပါ ကိုဟင် သွားလုပ်ကြည့်အုံးမယ်
လက်နက်တွေ စုထားပြီးပြီလား ... telegram/ medium / Reddit / Facebook/ tweeter/
medium / Reddit / တွေက app တွေပဲလား ကိုဟင်
Tweeter telegram တွေလိုပဲလား။
ကျွန်တော်ကအခုမှ ဒီနယ်ပယ်ကို စဝင်တာပါ။ Metamask ရော Binance ရောဖွင့်ထားပြီး မချိတ်တတ်ဘူး ဖြစ်နေတာ အခုမှပဲ အဆင်ပြေသွားတော့တယ်ခင်ဗျ။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။