Blockchain ဝိရောဓိ ( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ ခေါင်းစဉ်ကို ဖတ်ရှုလိုက်သည်နှင့် ကျွန်တော်ဘာအကြောင်း ရေးတော့မည်ကို အားလုံးအသိဖြစ်ပါလိမ့်မည်။ ဟုတ်ကဲ့ Steemit နှင့် Hive အကြောင်း ဖြစ်ပါသည်။ လွန်ခဲ့သောရက်က သတင်းတပုဒ် ဖတ်ရပါသည်။

ထိုသတင်းမှာ Steemit က ယခင် သူ၏ Witness အဟောင်းများ ( ယခု Hive witness အများစု ) ၏ Steem power အား လုံးဝထိန်းချုပ်လိုက်ကာ ထိုစုစုပေါင်း Steem Power များအား အကောင့်တခုတည်းသို့ လွဲပြောင်းနိုင်ရန် Steemit အနေဖြင့် HF 23 အား လျို့ဝှက်မြှင့်တင်ကြမည့် သတင်း ဖြစ်ပါသည်။

အများ အားဖြင့် Blockchain တို့သည် မိမိတို့ Hard Fork အား ( နည်းပညာ အဆင့် ) မြှင့်တင်ရာတွင် ကြေညာချက်များ ထုတ်ပြန်ကာ Blockchain wallet များအား ပိတ်ထားလေ့ရှိပါသည်။ အဆင့်မြှင့်တင်ပြီးနောက် ထို Blockchain ကောင်းမွန်စွာလည်ပတ်နိုင်သည် အမှားအယွင်း မရှိဟု ဆိုသည့် အခါမှ Wallet များအား ပြန်ဖွင့်ပေးရခြင်း ဖြစ်ပါသည်။

Steemit Blockchain မှ Hive platform ခွဲထွက်ခြင်းကို အများသိပြီးသား ကိစ္စမို့ အကျယ်မချဲ့တော့ပါ။ Hive Platform အဖြစ်ခွဲထွက်ပြီးနောက် Justin ပိုင်ဆိုင်သော Steemit.com ၏ အကောင့်များအား Hive airdrop ချပေးခဲ့ခြင်း မရှိပါ။

0001.jpg
Original Source

ဤသို့ ပြုလုပ်ခြင်း အတွက် Steemit ကလည်း ယခင် Witness အဟောင်းတို့၏ အကောင့်အား ထိန်းချုပ်လိုက်ပါသည်။ ထို့အတူ Justin အား ထောက်ခံသော Steem Hunt ကလည်း ထို Witness အဟောင်းများ ပိုင်ဆိုင်သော Hunt token များအား ထပ်မံထိန်းချုပ်လိုက်ခြင်း ဖြင့် Hive platform မှ Witness များ တနည်းအား ဖြင့် Developers များအား တန်ပြန်တိုက်ခိုက်ခဲ့ကြပါသည်။

ဤ Steemit နှင့် Hive platform တို့၏ တိုက်ခိုက်မှု အကြောင်း များ အကျယ်သိချင်လျင် ကျွန်တော်ရေးသားထားသော ယခင် စာစုများအား ဖတ်ကြည့်ကြပါကုန်။ ဤပြသနာ တွင်မည်သူမှား သည် မည်သူမှန်သည်ကို ကျွန်တော်ပြောလိုခြင်း မရှိပါ။

Justin အနေဖြင့် Steemit.com အား ဝယ်ယူပြီးကတည်းက အမှားများ တခုပြီးတခုဆက်တိုက်ကျူးလွန်နေသည်ကို တွေ့မြင်နေရပါသည်။ အကယ်၍ သင့်အနေဖြင့် Justin နေရာတွင်ရှိလျင် Steemit အားမည်သို့ ကိုင်တွယ်မည်နည်း။

ကျွန်တော်သာဆိုလျင် " နင်တို့ Hive platform ရှိနေတာပဲ အကုန်သွားကြ နင်တို့ ပိုင်သမျှ အကုန်ယူသွားကြ ၊ နင်တို့အားလုံး ရှင်းပြီးသွားမှ ဒီ Blockchain ကြီးကို ငါ့စိတ်တိုင်းကျ ဖန်တီးပြမယ်" ။ ကျွန်​တော် Justin အား ထိုသို့ မျှော်လင့်ထားခဲ့ပါသည်။

0002.png
Original Source

အဘယ့်ကြောင့် ဆိုသော် Steemit Blog မှ ရက် ၁၀၀ အတွင်း Steemit ပြောင်းလည်းမည်ဟု Post တင်ထားသည်ကို မြင်ခဲ့ရသော ကြောင့် ဖြစ်ပါသည်။ ရက် ၁၀၀ ဟူသော ကာလသည် ၃ လ ကျော်ဖြစ်သဖြင့် ပါဝါဒေါင်းသူတို့ အားလုံးပြီးစီးချိန် ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ပါဝါဒေါင်း လူဟောင်းတွေ လစ်တော့ ။ Steemit အသစ်ကနေပြန်စမယ် ဟူသော အနေအထားသည် ယခု တမျိုးတဖုံပြောင်းလည်း သွားတော့မည် ဖြစ်ပါသည်။ Justin ထိန်ချုပ်လိုက်သော Witness အဟောင်း ၂ ဒါဇင်ကျော်တို့၏ စုစုပေါင်း Steem power မှာ SP ၂၂ သန်းကျော်ရှိပါသည်။

ဤပမာဏသည် ယနေ့ စျေးတက်သွားသော Steem စျေး USD $0.30 ဖြင့်တွက်လျင် ဒေါ်လာ ၆.၆ သန်းရှိပါသည်။ ထို့အတူ မိမိတို့ပိုင်ဆိုင်သော Steem power ဆိုသည်မှာ မိမိတို့ ရင်းနှီးမြုပ်နှံထားသော အရင်းအနှီး ဖြစ်ပါသည်။

အချို့က SP ဝယ်ထည့်ထားသည် ၊ အချို့က Witness ဖြစ်သသည့်အတွက် လစဉ် Steem မည်မျှရသည် ၊ အချို့က စာ၊ ဆောင်းပါးရေးပြီး စုထားသော Steem power များဖြစ်ပါသည်။ မိမိ Wallet သည် မိမိပိုင် ဖြစ်ပါသည်။

ဤသည်ကို ထိန်းချုပ်၍ ထို Wallet များမှရှိသော SP များ အကောင့်တခုတည်းသို့ လွဲပြောင်း ယူရန်ပြုလုပ်ခြင်းသည် အခြားသူပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ခိုးယူခြင်း ပင်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းသည် Justin အနေဖြင့် နောက်ထပ်အမှားတခုထပ်မံကျူးလွန်ခြင်းပင်ဖြစ်ပါသည်။

0003.jpg
Original Source

Steemit ၏ HF23 သည် မနက်ဖြန် နံနက်တွင် စတင်အကောင်ထည်ဖေါ်ပါလိမ့်မည်။ အကယ်၍ Steemit အနေဖြင့် HF23 အားကြေညာခြင်း မရှိပဲ အဆင်မြှင့်တင်လိုက်လျင် Blockchain လောကတွင် Steemit သည် ထပ်မံနာမည်ပျက်တော့မည် ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် မည်သည့် Blockchain ကမျှ အသုံးပြုသူတို့အား မကြေညာပဲ အဆင့်မြှင့်တင်ခြင်း မလုပ်ကြပါ။ ယခု Steem စျေးတက်ခြင်းမှာ ဤ HF23 ၏ ဂယက်ဖြစ်ပါသည်။ စျေးကွက်အားဆွဲတင်သူတို့အားကြည့်လိုက်သော် ကိုးရီးယား Exchange site များ ဖြစ်နေပါတော့သည်။

ဤ HF23 ၏ နောက်ထပ်အကျိုးဆက်တခုမှာ အကယ်၍ Justin အနေဖြင့် Witness အဟောင်းတို့၏ SP အား အကောင့်တခုတည်းသို့လွဲပြောင်းယူခဲ့လျင် ထို Witness တို့က မိမိတို့ပိုင် ဥစ္စာငွေကြေး ၊ ရင်းနှီးငွေ အား ခိုးယူမှုဖြင့် Steemit နှင့် Justin အား တရားစွဲနိုင်ရန် ပြင်ဆင်နေကြသောကြောင့် ဖြစ်ပါသည်။

အကယ်၍ Justin ကလည်း တကယ်ပင် SP များလွဲယူခဲ့ပြီးနောက် Witness များကလည်း သူ့အား တရားစွဲဆိုခဲ့လျင် ပွဲကတော့ကြည့်၍ အလွန်လှမည် ဖြစ်ပါသည်။ ရှူံးသည် နိုင်သည် အရေးမကြီးပါ။ Blockchain လောကတွင် လူအများ အုန်းအုန်းထ စိတ်ဝင်စားနိုင်ရန်အတွက် လုပ်ဆောင်တတ်ရန် လိုပါသည်။ Justin က ထိုအရာများအားကျွမ်းကျင်ပါသည်။

0004.jpg
Original Source

ကျွန်တော်၏ ယခင် စာစုများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ Justin အနေဖြင့် Steemit ကြောင့် မျက်နှာ အပျက်မခံနိုင်ပါ။ သူ့တွင် Steem သန်း ၇၀ ကျော် ပိုက်ဘောမိထားပါသည်။ ထိုအရာများအတွက် သူအမြတ်ရရန်မှာ Steemit အနေဖြင့် Blockchain လောကတွင် အုန်းအုန်းထ လူအများ စိတ်ဝင်စားမှုရနေဖို့လိုပါသည်။ Justin သည် တရုတ်လူမျိုးဖြစ်ပါသည်။

Cryptocurrency လောကသည် အနုပညာသမားတို့၏ဘဝနှင့် ဆင်တူပါသည်။ အနုပညာသမားတို့၏ ဘဝသည် ထင်ပေါ်ကျော်ကြားမှုရနေဖို့ အရေးကြီးပါသည်။ ထင်ပေါ်ကျော်ကြားမှုရရန် ကောင်း၏ ဆိုး၏ အရေးမကြီးပါ။ လူတိုင်းပါးစပ်ဖျားတွင် ပြောနေရသော တသသဖြစ်နေရသော အကြောင်းအရာဖြစ်ဖို့သာလိုပါသည်။

အနုပညာသမားအဖို့ ထင်ပေါ်ကျော်ကြားမှုမရှိတော့လျင် အနုပညာ သေသွားသည်နှင့် အတူတူသာ ဖြစ်ပါသည်။ ထို့အတူ Cryptocurrency တွင်လည် ထင်ပေါ်ကျော်ကြားနေဖို့လိုပါသည်။ နေ့စဉ်နှင့်အမျှ ထို coin / token သည် ဘယ်သို့ စျေးကျသွားသည် တက်သွားသည်။

ထို Blockchain သည် မည်သည့် ကုမ္မဏီဖြင့် ချိတ်ဆက်နိုင်သည် မည်သို့မည်ပုံလုပ်ဆောင်မည် စသည်ဖြင့် လူအထင်ကြီး စေရန် လုပ်ဆောင်နေရပါသည်။ မည်သို့ပင်ဆိုစေ Steemit ၏ HF23 သာ အတည်ပြုဖြစ်လျင် Steemit သည် အုံးအုံးထကာ Blockchain သတင်းများတွင် တဖန်နေရာပြန်ယူလာပါလိမ့်မည်။

0005.jpg
Original Source

ဤ အချိန်မျိုးတွင် Justin သူ၏ Steem သန်း ၇၀ အား ပြစ်မထုတ်ခင် သင့်အနေဖြင့် အမြတ်ယူနိုင်ရန် အရေးကြီးပါသည်။ Blockchain များကတော့ ရှိနေပါလိမ့်မည်။ လူသုံးများသော Blockchain နှင့် အသုံးပြုသူမရှိသော blockchain ဟူ၍သာကွာခြားသွားပါလိမ့်မည်။

Henry Aung (Kachin)
H1.jpeg

Sort:  

မျှော်လင့်ချက်တစ်ခုနဲ့တော့ စတင်းတွေစုထားဆဲပါ။

အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။

စိတ်ဝင်စားဖို့ကောင်းနေပါတယ်... Witnessတွေဆီကsteemပြောင်းယူတာတော့ကလေးဆန်သလိုပါပဲ...မရရတာနဲ့အနိုင်ယူချင်သလိုမျိုးပါပဲ....ဘယ်လိုဆက်မလဲသိရအောင်နောက်ထပ်သတင်းများစောင့်မျှော်နေပါတယ်.....

နောက်ဆက်တွဲ Update တွေကို တင်ပေးလိုက်ပါ့ပြီလို့။

ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ကိုယ့်လက်ထဲ ဖဲကောင်းလေးကို
ပွတ်ထားရသလို။

21 ဆော့နေတုန်း ပထမဖဲက စပိတ် တစ်လေး ရထားတော့ နောက်ဖဲ ကုလားဖဲ မျှော်သလိုပေါ့။

ကိုရီးဇာတ်လမ်းလို အပိုင်းဆက်တွေနဲ့ ရင်ခုန်ဖို့တော့ ကောင်းနေပြီဗျိို့...
ဘာပဲဖြစ်ဖြစ် အကောင်းအဆိုးကတော့ ဒွန်တွဲနေမှာပါလေ

အမှန်ပဲ ညီလေးရေ... ဒီ User Fund တွေခိုးယူမှုမှာ ကိုးရီးယား ကောင်တွေပါဝင်ပတ်သက်နေကြတယ်။

Steem စျေးတက်လေ ကြိုက်လေပဲ။
ဟိုဖက် steemit account က power တွေကို မ ဒေါင်းရသေးဘူးကိုး။ Steemit ဆက်ရပ်တည်နိုင်သေးရင် တခုခုလေး လုပ်ဦးမယ် တွေးထားလို့ပါ။

မှန်တယ်ကိုဒွန်.... ကျွန်တော်လည်း SP တချို့ ချန်ထားခဲ့ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေသိ Steemit wallet မှာတော့မဟုတ်ဘူး။ Binance ထဲမှာ ချန်ထားမလို့။

ရင်ခုန်စရာပဲဗျာ
ဒါကြောင့် အချို့က HIVE သေဆုံးတော့မယ်လို့ ပြေနေကြတာ ထင်တယ်။
သို့သော် HIVE သည်လည်း လောလောဆယ် Exchange Site အသစ် တွေမှာ ပိုမို list လုပ်နိုင်လာနေတယ်။

Steem ရောင်းတာ စောသွားပြန်ပလားဗျာ။

Steem ရောင်းတာ မစောဘူးကိုဟိန်း.... Steemit က လုံးဝသေ သွားမဲ့ အလားအလာရှိတယ်။ ညနေ post တင်ပေးမယ်။

Hive ပဲတက်တက် Steem ပဲတက်တက် တက်နေရင်ကျေနပ်နေမှာပါ ☺

အခုတော့ တကယ်ကို တက်နေပြီ " အဆိပ်"

w2muau.gif
ဇောက်ထိုးပြောင်းပြန်ပေါ့ဆာ 😂

ကြည့်လို့ကောင်းတာထက် လောလောဆယ် ဖတ်လို့သိပ်ကောင်းဗျာ။သဲထိတ်ရင်ဖို ဇာတ်လမ်း ဖတ်နေရသလိုပဘဲ။စာဖတ်သူကိုဆွဲဆောင်သွားတာ သိပ်ကောင်းတယ်ဗျာ။ထိုအကြောင်းရေးရင် ကိုဟင့်ကို ဘယ်သူမှမမှီဘူး။

ကိုမဟော် အဲသလိုအားပေးတော့လည်း ရေးရတာအားရှိပါ့။ HF.23 က တကယ်ဖြစ်သွားတယ်။ ဒါပေမယ့် အလှည့် အပြောင်း က တကယ်လှ တယ်။ ဒီကစား ကွက်တွေထဲ Ethereum CEO နဲ့ Bittrex Exchange တွေပါ ပါဝင်ပတ်သက်လာတော့ အခုလက်ရှိ Cryptocurrency သတင်းတွေမှာ Steemit က HF မြှင့်ပြီး User Fund တွေ ခိုးယူတဲ့ အကြောင်းတွေကြီးပဲ။ ညနေ အပြည့်အစုံ Post တင်ပေးမယ်။