မင်္ဂလာပါ။ Cryptocurrency များအကျဘက်သို့ ဦးတည်လျက်ရှိရာ ကျွန်တော်တို့ ဇတ်လိုက် Hive သည်လည်း ဘာခံနိုင်မည်နည်း။ အများနည်းတူပေါ့။ ယနေ့ နံနက်စောစော Hive တန်ဖိုးကြည့်လိုက်သောအခါ 0.57$ ဆိုတော့... အဲလယ်... ဘယ်ဆိုးလို့လဲပေါ့။
ဝမ်းသာမည်မှ မကြံသေး နောက် ၃ နာရီ ခန့်အကြာ တွင်တော့ ပြား ၄၀ ကျော် ထို့နောက်တော့ ပြား ၃၀ ကျော်သို့ ဆိုက်ရောက်လာပါလေတော့သည်။ ယခင်က 1$ ကျော်အထိ ဈေးတက်ခဲ့သော Leo သည်လည်း တောင့်ခံနိုင်စွမ်း မရှိတော့။ 0.25 $ သို့ ရောက်နေပြီ ဖြစ်ပါသည်။
အမှန်ဆိုရလျင် ဤ အချိန် ဝယ်ထားနိုင်လျင် အလွန်ကောင်းပါသည်။ သို့သော် ဝယ်စရာ ပိုက်ဆံကမရှိ။ အကယ်၍ Leo က ပြား၅၀ ခန့်တွင် ရှိနေလျင်တော့ Hive Engine token များ ဝယ်စုမည်ဟု ကြံထားသော်လည်း အကြံအစည်က အကြံအစည် ဖြစ်သွားပါလေပြီ။ ယခုအချိန် ယခုဈေးနှင့် Leo အား မရောင်းရက်ပါ။ Power up ယုံပေါ့။
Cryptocurrency ဈေးတက်လာလျင် အားတက်ရသလောက် ဈေးကျလာလျင်တော့ ဖျားချင်လာသလိုလို အားမရှိလာသလိုလို ဖြစ်လာပါတော့သည်။ မတတ်နိုင် ဈေးကျခြင်း တက်ခြင်းသည် ကိုယ်တတ်နိုင်သည့် ကိစ္စမဟုတ်။ လက်ရှိ အချိန်တွင်တော့ စာရေး၍ post များ မပြတ်တင်နေရုံသာ။
မည်သို့ပင် ဆိုစေ တချိန်က MSC တွင် ကိုယ်ပိုင် Exchange Site များဖြင့်သာယာခဲ့သော အချိန်များအား ပြန်လည် သတိရမိပါသည်။ ထိုအချိန်တုန်းကတော့ Bank transfer သာ ရှိ၍ အနည်းငယ်အခက်အခဲရှိခဲ့ကြသော်လည်း အများစုကတော့ အဆင်ပြေပါသည်။
ယခု အချိန်ကဲ့သို့ Kpay / Wave Money များသာ ရှိခဲ့လျင်တော့ အလွန်လွယ်ကူမည် ဖြစ်ပါသည်။ MSC exchange သည်လည်း တရားမဝင် ဖွင့်ထားသော Website ဖြစ်သဖြင့် သာ ဖျက်သိမ်းလိုက်ရသည်။ သို့မဟုတ်လျင် ယခုအချိန်ဆိုလျင် အတော် ခရီးပေါက်လောက်ပြီ ဖြစ်ပါသည်။
အမှတ်တရအနေဖြင့် ပြောရလျင် MSC exchange မှ trading သည် မြန်မာငွေ သိန်း ၄၀၀ ကျော်ရှိခဲ့ပါသည်။ အခုတော့လွမ်းစရာ။ အခြေအနေကောင်းသွားလျင်တော့ Hive-Myanmar Community အားလည်း ယခင်လို အခြေအနေဖြစ်အောင် ပြန်လည် ကြိုးစားရပါအုံးမည်။ လက်ရှိ အခြေအနေ လက်ရှိ အင်တာနက်ဖြင့်တော့ အဆင်မပြေပါ။
Hive platform ဖြင့် အပိုဝင်ငွေ Cryptocurrency များ ရရှိနိုင်ကြောင်း မြန်မာလူငယ်အများအား အသိပေးရန်လိုပါသည်။ ယခုတော့ ဆုတောင်းရုံသာ တတ်နိုင်ပါသေးသည်။
Henry Aung ( Kachin )
24/05/2021 - Monday -11;50 Am
LEO ဈေးကျတုန်း ဝယ်ဦးမှ ထင်တယ်။
ဒါနဲ့ စကားစပ်လို့ MSC token တွေ ဘယ်လိုဖြစ်သွားပြီလဲဗျ။
Posted Using LeoFinance Beta
Steem Engine ကနေ Hive Engine ပြောင်းရာမှာ MSC token တွေပါမလာခဲ့ဘူး ကိုဟိန်း...
ကျနော်လည်း ဒီတိုင်းနေနေမဲ့ အတူ စာတိုလေးဖြစ်ဖြစ် ပုံလေးတွေဖြစ်တင်ရင် အဆင်ပြေနိုင်မလား ကိုဟင်
ပြေတာပေါ့ ညီလေး... ကိုဟိန်းတို့ / ကိုဒွန်တို့ မြန်မာကိုကို တို့ ပုံတွေရိုက်ပြီး Dbuzz ကနေ တင်နေကြတာ... Vote တွေမနည်းဘူးရကြတယ်.... ကိုဒွန်တို့ ကိုဟိန်းတို့ကို မေးကြည့်...
ဟိုအရင်အချိန်တွေ ထက် သာတဲ့အချိန်တွေ
ပြန်ရောက်ရမည် မလွဲ ဧကန် မုချ။
စိတ်သာချ အတည် ဝိဇ္ဇာ မ မည်။
မကောင်းသူ ဖယ် ကောင်းသူအမြန် ကယ်စေသော်။
ရောက်ကိုရောက်ရမယ်..... ဒီတခါ အောင်မြင်သွားရင် မြန်မာဟာ ထိပ်တန်းကို ရောက်ကိုရောက်ရမယ်။ အရှေ့တောင်အာရှမှာ မြန်မာလူငယ်တွေ Cryptocurrency နဲ့ချမ်းသာပြမယ် ကြည့်နေ....
ဝိုး အမြန်ဆုံးရောက်ပါစေ။
Cryptocurrency နဲ့ မြန်မာပြည် ကြည့်ချင်စမ်းပါဘိ။
အိမ်က တူလေးနဲ့ တူမ
ပြီး အမကိုပါ hive account လုပ်ထား ပေးတယ်။ စုကြဆိုပြီး။
ကောင်းတယ်.... အခုကတည်းကနေ post တင်တဲ့ အကျင့်လုပ်ပေး ... Photo ဖြစ်ဖြစ် စာတိုလေး ဖြစ်ဖြစ် ခုကတည်းကနေလုပ်မှ နောင်တနှစ် လောက်မှာ အသားကျသွားလိမ့်မယ်။