မျှော်လင့်ခြင်း မနက်ဖြန် ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ မိတ်ဆွေတို့သိကြသည့်အတိုင်း ကျွန်တော်တို့၏ အခြေအနေက မနက်ဖြန်ဘာဖြစ်မယ်မသိ။ တရက်ပြီးတရက် ကုန်လွန် သွားရင်း အနာဂတ်မဲ့နေကြသော အခြေအနေများအဖြစ်သာ ရှင်သန်နေရသည်။ ညအိပ်ရာဝင် ဘုရားဝတ်တက်ပြီးသည်နှင့် မျက်လုံး မမှိတ်မှီ ငါဒီတရက် အသက်ရှင်ခဲ့သည် ဘာများတိုးတက်မှုရှိခဲ့သနည်းဟု ပြန်တွေးတိုင်း အဓိပ္ပာယ် မဲ့စွာရှင်သန်နေရသော ဘဝကို တွေးနေမိပါသည်။

မျှော်လင့်ချက်ကြီးမားစွာတည်ဆောက်ထားခဲ့သော အရာတို့က တဖြည်းဖြည်း မှေးမှိန်လို့လာနေပါတော့သည်။ နံနက်မိုးလင်း ဘုရားဝတ်တက် ဆိုင်ဖွင့် နေ့စဉ်စားသောက်စရာများအတွက် စီမံရင်း ငါမှာတော့ စားစရာရှိနေသေးတယ် စစ်ရှောင် တွေ တောထဲတောင်ထဲ မည်သို့ နေထိုင်ကြမည်ကို တွေးရင်း နေ့စဉ် နံနက်ခင်းများတွင် စိတ်မချမ်းသာခြင်းဖြင့်သာ အစပြုခဲ့သည်မှာ လေးလ တိုင်တော့မည် ဖြစ်ပါသည်။

ဈေးသွားတိုင်း ဈေးထဲတွင် ဝယ်သူထက် ရောင်းသူ ပိုများနေကြသော အနေအထားများ .... ဈေးသယ်တို့၏ ဝယ်ပါယူပါ နှင့် ငံလင့် နေကြသော ငြိုးငယ် သည့် မျက်ဝန်းများ ၊ နံနက် ဆယ်နာရီထိုးလာသည့်တိုင် အရာမယွင်းသေးသော ဈေကုန်များအား ကြည့်ရင်း ဈေးသွားရသည်မှာလည်း မွန်းကျပ်လွန်းလှပါသည်။

ဖေဖဝါရီ / မတ် လလောက်တွင် မသိသာသေးသော်လည်း ဧပြီလ လောက်တွင် ကုန်ဈေးနှုန်းများ တတိတိ တက်လာသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ အမှန်ဆိုရလျင် ဖေဖါဝရီ လတွင် ဆန္ဒဖေါ်ထုတ်ခြင်းဖြင့် အလုပ်များကြသောကြောင့် အလုပ်ပျက် အကိုင်ပျက် ၊ မတ်လ / ဧပြီ လတွင် အဖမ်းအဆီ အသတ်အဖြတ်များကြောက်ကြသောကြောင့် အလုပ်အကိုင်များပျက်ကြ ၊ ယခု မေလ တွင်တော့ ငွေကြေး အကျပ်အတည်းကြောင့် မိမိလက်တွင်ငွေသား ရှိလျင်ပင် ယခင်ကဲ့သို့မသုံးဖြုန်း ရဲကြတော့။

အပို သုံးဖို့ မဆိုထားနှင့်နေ့စဉ် ထမင်းနပ်မှန်ရန် ကြိုးစားနေကြရသည့်ဘဝများ မှာရင်နာစရာ ကောင်းလွန်းလှပါသည်။ ငွေကြေးဟူသည်မှာ ကုန်သယ် ၊ လုပ်ငန်းရှင် ၊ အလုပ်သမား ၊ စီးပွားရေးသမား မှ အစ နောက်ဆုံး စားသုံးသူ အားလုံး လည်ပတ်နေရသော အရာဖြစ်ရာ ယခု လူတိုင်းက ငွေကြေးအား ချုပ်ကိုင် လိုက်သော အခါ ငွေကြေးစီးဆင်းမှု အခက်အခဲ ပေါ်လာကြပါတော့သည်။

အဆိုးဆုံးမှာ တနေ့လုပ်မှ တနေ့စားရသော အခြေခံလူတန်းစားများ ။ ဝင်ငွေမရှိ ၊ လုပ်စရာအလုပ်မရှိ ၊ စားစရာမရှိ သံသရာလည်စပြုလာပြီဖြစ်ပါသည်။ တောတောင်ထဲမှ မဟုတ် မြို့ပြတွင် နေထိုင်ရင်း အငတ်ဘေးကို ရင်ဆိုင်နေကြရပြီ ဖြစ်ပါသည်။

နေ့စဉ် တကြော်ကြော် အော်ရောင်းနေကြသော သရေစာ ရောင်းသူများ ၊ ဝါးလုံး ၊ တမျက်စည်း ရောင်းသူများ ၊ နွေနေပူအောက်တွင် ချွေးသံရွှဲရွှဲ တလမ်းဝင်တလမ်းထွက် ဟိုနား ရောင်းရနိုးနိုး ဒီနား ရောင်းရနိုးနိုး ။ မိမိ မသိသော ရပ်ကွက် အတွင်း ရောက်လာလျင် ဤသူက ဒလံလား ဘာလား စိုးရိမ်မကင်းကြည့်နေကြသူများ၏ မျက်လုံးများက လမ်းလျှောက်ဈေးသည်များ အတွက်အားငယ်စရာ။

နေပူလျင် ပူသည့် အလျောက် မိုးရွာလည် ရွာသည့် အလျောက် သဘာဝတရားကလည်းမညှာမတာ ။ ခေတ်ပျက်ချိန်တွင် မတော်လောဘဖြင့် သူဌေးဖြစ်လိုသူများကလည်း တမောင့်။ ဘဏ်တွင် အပ်ထားသော မိမိပိုင်ငွေအား ထုတ်ယူလျင် ၁၀% ပေးရသော အဖြစ်က ဆိုးဝါးလွန်းလှပါသည်။ ၁၀ သိန်းထုတ်ယူလျင် ၉ သိန်းသာ ရတော့မည်။ အလကားနေရင်း ၁ သိန်းက ဆုံးရှုံးရတော့မည်။

ငွေ ဆယ်သိန်း ရင်း၍ မျှ အမြတ် တသိန်း မရနိုင်သော အခြေအနေတွင် လောဘကြီးသူများကလည်း တမှောင့် ။ ကျွန်တော်သိသလောက် ခရစ်ယန်ဘာသာသည် ချစ်ခြင်း ၊ ယုံကြည်ခြင်း နှင့် မျှော်လင့်ခြင်းတို့တွင် အခြေခံပါသည်။ ဗုဒ္ဓဘာသာ သည် စွန့်လွတ်ခြင်း ၊ ဂရုဏာ ထားခြင်း နှင့် ကျင့်ကြံခြင်း တို့တွင် အခြေခံပါသည်။

ဗုဒ္ဓ၏ တရားတော်များတွင် မိမိအလိုလောဘ နည်းပါးစေရန် စွန့်လွတ်ခြင်း / လှူဒါန်း ခြင်း / ပေးဝေမျှ ခြင်း တရားအား ဦးစွာဟောသည်ဟု သိရပါသည်။ ထို့နောက် မိမိအလိုလောဘ နည်းလာသော အခါ သီလ မြဲစေရန် အတွက် ငါးပါးသိီလ နှင့် စပ်လျဉ်းသော တရားများ ဟောကြားသည်ဖြစ်၍ လောဘ လည်း နည်းပါးလာပြီ ၊ သီလ လည်း လုံခြုံပြီ ဆိုလျင် နိဗ္ဗာန် နှင့် စပ်လျဉ်းသော ကျင့်ကြံစရာ တရားများအား ဟောကြားသည်ဟု သိရပါသည်။

ဤ တရားသုံးမျိုးစလုံးသည် ငြိမ်းအေးခြင်းသဘောကို ဆောင်ပါသည်။ ထိုငြိမ်းအေးခြင်းသဘောကို ဆောင်သော ဗုဒ္ဓဘာသာ ထွန်းကားရာ မြန်မာပြည်တွင် လက်ရှိ ဖြစ်ပေါ်နေသော အဖြစ်အပျက်များမှာ လားလားမှ မသက်ဆိုင် သကဲ့သို့ ရှိနေပါတော့သည်။ ကျွန်တော့ အနေဖြင့် ဘာသာ ရေးမှိုင်းတိုက်နေခြင်း မဟုတ်ပါ။

မိမိကိုယ်တိုင် ဗုဒ္ဓဘာသာ ဟုခံယူထားကြသော လူတစုသည် အထက်ပါ ကျွန်တော်ဖေါ်ပြခဲ့သော တရားများနှင့် ဆန့်ကျင်စွာ ပြုမူနေကြသည့် အပြင် ဘုရားပုထိုးများတွင် လက်အုပ်ချီ နေကြသည့် မြင်ကွင်းမှာ အတော်ပင် ကသိကအောက် ဖြစ်လွန်းလှပါသည်။ အကျယ်မချဲ့ တော့ပါ။

ကျွန်တော်တို့ ခရစ်ယန် ဘာသာ သွန်သင်ချက်များတွင် "မိမိစိုက်သော အပင် မိမိရိတ်သိမ်း ရသည် " ဟူသော တရားရှိပါသည်။ ထို့အတူ ဗုဒ္ဓဘာသာ တွင်လည်း " ဝဋ် ဟူသည်မှာ လည်တတ်သော သဘောရှိ သည် " ကိုယုံကြည်ကြပါသည်။

မိမိက လူတယောက်အား မတရားပြုလိုက်လျင် ထိုမကောင်းမှုဝဋ်က မိမိထံပြန်လည် လာမည် ဖြစ်သော်လည်း မိမိက သန်း၅၀ သောပြည်သူများအား မတရားပြုလိုက်လျင် သန်း၅၀ သောပြည်သူတို့၏ ဝဋ်က မိမိထံပြန်လည် လာမည်ကို တွေးကြည့်ယုံဖြင့် ပင်ကျောချမ်းစရာ။

မိတ်ဆွေမယုံလျင် တွေးကြည့်ပါ။ "ငါသည် သန်း၅၀ မျှရှိသော လူတို့၏ ဝဋ်ကို ပြန်လည် ခံထမ်းရတော့မည် " ဟု တွေးလိုက်သည်နှင့် မိတ်ဆွေအနေဖြင့် ဤဘဝတွင် မည်ကဲ့သို့သော လောကီစည်းစိမ်ကို မှ လိုချင်တော့မည်မဟုတ်ပါ။ ထို အတွေးက တသက်လုံး နှိပ်စက်နေတော့မည်ဖြစ်ပါသည်။

ဆရာမှား၍ နောက်လိုက်မှားကြသော အဖြစ်မှာ ကြောက်စရာ ကောင်းလွန်းလှပါသည်။ ဒေဝဒတ်အား ဆရာတင်မိ၍ ယခုဘဝတွင်ပင် သောတာပန် ဖြစ်ထိုက်သော အာဇာသတတ်သည် အဝီဇိသို့ ဇောက်ထိုး ဆင်းသွားခဲ့ရပါသည်။
မည်သို့ပင်ဆိုစေ ဤလောကတွင် အဓမ္မ က ဓမ္မ အားနိုင်ရိုးထုံးစံမရှိခဲ့ပါ။ အကယ်၍ အဓမ္မက ဓမ္မအား အနိုင်ရခဲ့လျင်ပင် ခဏတာ အနိုင်ရခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့လည်း သူ့အကြွေးရှိ၍ ဆပ်ရဟန်တူပါသည်။ သို့သော် ပြုသူအသစ် ခံရသူ အဟောင်းသာ ဖြစ်ပါသည်။

Henry Aung ( Kachin )

26/05/2021 - Wednesday - 09;50 Am

Sort:  

အကြွေးတွေဆိုရင်ဖြစ်လည်း အမြန်ကျေချင်လှပါပီ ဗျ

အမြန်ကျေမှ အေးမှာပါ... လူတွေလည်း လုံးပါးပါးလာပြီ။

@aunggyi100 ကိုအောင်ကြီး ပေါ်မလာတာကြာပြီဗျာ။
လုပ်ပါဦးဗျာ။ ရှိတဲ့လူလေးတွေ မျှော်နေရတာပဲ။
ကျွန်တော့်ကို မှတ်မိသေးရဲ့လားဗျ။😁

မမှတ်မိဘဲ နေပမလားဗျာ messenger မှာတောင် မေးထားသေးတယ် 😁

အင်း... တကယ်လည်း ကျွန်တော်တော့ဖြင့် မတွေးတက်တော့ပါဘူး။
ဘယ်လိုများ ဒီလိုလူတွေဟာ ခေါင်းဆောင်တွေဖြစ်လာရတာလည်း။
ဒါမှမဟုတ် တရားသဘောအရဆိုရင် ရှေးဘဝကများ သူရို့ကို
အနိုင်ကျင့်ခဲ့မိလို့ ယခုဘဝ ဝဋ် ပြန်လည်သည်ဟု ဆိုရမလား။
တွေးရင်းတွေးရင်း... တောက်ခေါက်သံတစ်ချက်ပဲ ထွက်လာတယ်ဗျာ။

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza

ဒီအချိုးအကွေ့ က ကြမ်းတမ်းလွန်းတယ်.... အားလုံး ကမောက်ကမ ဖြစ်ကုန်ပြီ။

ယခုသော်ကား ဘာသာရေးဦးဆောင်သူတို့ပင် အလွဲအချော်ဖြစ်နေသည်တမုံ့
ဆုပ်ကပ်ကာလ အရာရာဆုတ်ယုတ်လို့လာနေသလိုပါပဲ။
မိမိသာ ပဓာနမို့ ဘယ်သူမကောင်းလည်း ကိုယ်ကောက်းအောင် ကျင့်ရမည်သာတည်း။

သန်း ၅၀ သောလူတွေရဲ့ ဘဝပေါင်းများစွာ ..... မိမိ တရားမပျက်အောင် ကြိုးစားရှင်သန်ရတာပါ့။

အင်း ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ပြောစရာက ကုန်မည်မထင်ပါ
ဗုဒ္ဓဘာသာဝင်တွေက ဗှဒ္ဓလမ်းကြောင်း သွေးဖည်သွားနေကြတာ
လောဘနောက် ကောက်ကောက်ပါအောင် လိုက်နေတာ
သူရို့တွေ အိပ်ကောင်း၊ စားကောင်း နေတယ်လို့ မထင်။

သူရို့ လည်း သူရို့ အပူနဲ့ ရှိပါလိမ့်မယ်.... ကိုယ်တွေမသိလို့သာပေါ့.....

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more