Hive Myanmar ကျေးရွာသို့ နောက်တခေါက် ( Henry Aung )

in HIVE-MYANMAR3 years ago (edited)

111.jpeg

မင်္ဂလာပါ။ ယနေ့တော့ Hive Myanmar အဖွဲ့သားများ တောင်းဆိုမှုကြောင်း လည်းကောင်း @viviankay00 ကလည်း သူ၏ Trade Mark ဖြစ်သော မုန့်စီမ်းပေါင်း ရေညှိအစာသွပ် မုန့် အား@ashinn မှ Promotion လုပ်သည့်ပွဲ တက်ရောက်ပေးပါရန် ဖတ်ကြားသည့် အတွက်ကြောင့် လည်းကောင်း Hive Myanmar ကျေးရွာသို့ ရောက်ရန် အကြောင်းဖန်လာပြန်၏။

@viviankay00 က ကျွန်တော်လာလျင် တောင်ကြီးလက်သုပ် ဖြင့် ဧည့်ခံမည် ဟုလည်းပြောထား၏။ ယခင်ကတော့ @myanmarkoko ၏ အိမ် အထိရောက်ပြီး ဖြစ်ရာ ယခုတကြိမ်တော့ ရွာမြောက်ပိုင်းမှ ပတ်ဝင်ခဲ့၏။ အခြားကြောင့် မဟုတ်ပါ။ အရက်ပုန်းချက်သူ ကို @shinethu ၏ အရက်ပုန်းဆိုင်အား လေ့လာလိုသော ကြောင့် ဖြစ်၏။

ရောက်ပါလေပြီ အရက်ပုန်းဆိုင်။ အမှန်တော့ @shinethu ကာ ချက်အရက် တမျိုးတည်းသာ ချက်၏။ သို့သော် သူ့ဆိုင်တွင် နိုင်ငံခြား အရက်မျိုးစုံရသည်ဟု ရေးထား၏။ ကျွနုပ်လည်း စိတ်ဝင်စားသောကြောင့် ဝီစကီ နှစ်ပက်မှာသောက်၏။ @shinethu ကလည်း ချက်အရက် ၂ ပက်လာချပေး၏။

ကျွန်တော်လည်း အံ့ဩသွားရကာ @shinethu အား " ဝီစကီ ကလည်း ရေအတိုင်းပဲကော " ဟုစောဒက တက်မိ၏။ ကို @shinethu ကာ " ကိုဟင် ဝီစကီ ကဘာအရောင်လဲ ? " ဟုပြန်မေး၏။ ကျွန်တော်ကလည်းဝီစကီ ဆိုသည်မှာ အဝါရောင်လဲ့လဲ့ ဖြစ်၍ ပယင်းရောင်ဟု ဆိုလျင်လည်း ရကြောင်း ပြန်ရှင်းပြ၏။

@shinethu ကလည်း ထလာက ကျွန်တော့ ချက်အရက် ဖန်ခွက်ထဲသို့ နနွင်းမှုန့် အနည်းငယ်ဖြူးပေး၏။ ထို့နောက် ချက်အရက်ခွက်အား လက်ညှိုးဖြင့်မွှေကာ " ရပြီ ကိုဟင်သောက်ချင်တဲ့ ဝီစကီ " ဟူလို။ တော်ပါသေး၏။ ဘီယာမှာမသောက် မိလို့။ ဘီယာဆိုတာ အမြုပ်လေးနဲ့မှ ဆိုလိုက်လျင်ဖြင့် ချက်အရက်ခွက်ထဲ ဆပ်ပြာမှုန့်ထည့်ကာမွှေပေးလိုက်လျင် ဒုက္ခ။ @shinethu ၏ အရက်ပုန်းဆိုင်ကာ ဤသို့သော ဆိုင်ဖြစ်၏။

ကျွနုပ်လည်း @shinethu ၏ နနွင်းဝီစကီသောက်ကာ ရွာအတွင်းသို့ ဝင်လာခဲ့၏။ ရွာလယ် လမ်းမကြီးသို့ရောက်သောအခါ ရန်ပွဲတပွဲတွေ့ရ၏။ အဘယ်သို့သော ရန်ပွဲနည်း။ ရှု့လော မိတ်ဆွေ Hive Myanmar ၏ ကျေးရတတ် @nweoomon ကာ ရွာလူကြီး ( အုပ်ကြီး ) @nyinyiwin ခေါ်ကိုရွှေဘိုအား ရန်တွေ့နေခြင်း ဖြစ်၏။

@nweoomon ကာမည်မျှ ဒေါသဖြစ်နေသည်မသိ ဘယ်ဘက် လက်ဖဝါးအား ညာဘက် လက်ဖမိုးဖြင့် တဖြန်းဖြန်းရိုက်ကာ ရန်တွေ့နေ၏။ @nyinyiwin ကာ အုပ်ကြီးများအား နာနတ်သီးကျွေးနေချိန် ဖြစ်သောကြောင့် တောတောင်ထဲ သွားပုန်းနေရချိန် မိန်းမအား သတိရသောကြောင့် ရွာသို့ ခိုးပြန်လာချိန် @nweoomon နှင့် ပက်ပင်းတိုးကာ ရန်တွေ့ခံနေရခြင်း ဖြစ်၏။

အကြောင်းအရင်းအား စုံစမ်းသော် @nweoomon အိမ်မှ နဖာကလော် တချောင်း ပျောက်သွား၍ ဖြစ်၏။ အုပ်ချုပ်ရေးမှုး ဖြစ်သူ @nyinyiwin အနေဖြင့် ရွာတွင် သူခိုးရှိသည်အား မသိရကောင်းသလော ဟူ၍ ရန်တွေ့နေခြင်း ဖြစ်၏။

@nyinyiwin ကလည်း နဖာကလော် အသစ်တချောင်း ပြန်ဝယ်ပေးမည်ဟု လေပြေထိုး၏။ ဤသို့ လေပြေထိုးကာမှ @nweoomon ကာ ပိုဒေါသထွက်လာ၏။ @nweoomon ကာ သူ့နဖာကလော်အား အင်္ဂလန် ဘုရင်မ အဲလီဇဘက်၏ စိန်ဆံထိုး နှင့်ပင် မလဲနိုင်ကြောင်း မိမိ နဖာကလော် အဟောင်းအားသာ ပြန်လိုချင်ကြောင်း ထဘီအား လက်နှစ်ဖက်ဖြင့် ဒူးဆစ်ခန့် အထိမတင်ကာ နှုတ်ခမ်းတလန် ပန်းတလန် နှင့် ပြန်ရန်တွေ့၏။

( ရေးသာရေးရ၏ ။ နှုတ်ခမ်းတလန်အား နားလည်သော်လည်း ပန်းတလန်ကာ ဘာမှန်းမသိ။ နားလည်သူတို့ ရှင်းပြကြပါကုန်)

@nyinyiwin ကလည်း ပျောက်သွားသော နဖာကလော်အား ရအောင်ရှာပေးပါမည်ဟု မျက်နှာငယ်လေးဖြင့် ကတိပေးမှ ကိစ္စပြီးရတော့၏။ ထိုအခါမှ @nyinyiwin ကလည်း ကျွန်တော့အားပြောသလို ညည်းသလိုဖြင့် " ဒီလိုပဲကိုဟင်ရေ.... တရက်တရက် ရပ်ရွာကိစ္စဖြေရှင်းနေရတာနဲ့ Hive Platform မှာ စာရေးဖို့တောင် အချိန်မရဘူး" ဟူ၍ သူအပျင်းကြီးကာ စာမရေးနိုင်သည်အား ရောင်တော်ပြန်နှင့် ရောလွှတ်လေတော့၏။

တကယ်တော့ @nweoomon ကာ စည်းစနစ်ကြီးသူဖြစ်၏။ သူ၏ ပျောက်သွားသော နဖာကလော်မှာ သူ့မီးဖိုချောင် မှ မရှိမဖြစ် ပစ္စည်း ဖြစ်၏။ @nweoomon မှာ စည်းစနစ်ကြီးသော ကြောင့် ဟင်းတခါချက် လျင် ဆီအား နဖာကလော် ၃ ဇွန်းသာ ထည့်ချက်သူဖြစ်၏။

တခါသား @nweoomon ၏ တူမလေးများက လက်ဖက်သုပ် စားရာတွင် လက်ဖက်သုပ်ထဲသို့ ဆီ နဖာကလော် ၅ ဇွန်း ထည့်လိုက်ကြောင်း @nweoomon သိသွားသောအခါ ချက်ချင်း သွေးတက်ပြီး အိပ်ရာထဲ လဲလေတော့၏။

တူမလေးများက ဆုံဆီ ၅ ပိသာ ပြန်ဝယ်ပေးတော့မှ @nweoomon အနေဖြင့် ထူထူထောင်ထောင် ပြန်ဖြစ်လာ၏။ ဤမျှ စည်းစနစ်ကြီးသော ကြောင့်လည်း ရွာ၏ ကျေးရတတ် ဖြစ်လာခြင်း ဖြစ်တန်ရာ။ Hive Myanmar အဖွဲ့သားတို့ အတုယူကြပါကုန်။

ဤသို့ဖြင့် ရွာလယ် လမ်းမကြီး အတိုင်း တောင်ဘက်သို့ ဆင်းလာသော် ဆေးမှော် အောင်ထားသူ @donjuan ၏ အိမ်သို့ ရောက်လေတော့၏။ @doanjaun ကာ နယ်နယ်ရရ ပညာရှင်မဟုတ်ပါ။ တခေတ်တခါက အလွန်နာမည်ကြီးသော ထဘီခြုံလိုက်လျင် လဒ ဖြစ်သည်ဟူသော မှော်ဆရာမ စောနန်းဝေ၏ တပည့်ဖြစ်၏။

ဆရာမ စောနန်းဝေထံမှ မှော်ပညာ နှင့်အတူ တမာရွက်ပြုတ်နံ့ သင်းနေသော ထဘီ တထည် အမွေ ဆက်ခံရလိုက်၏။ သို့သော်လည်း နှစ်ကြာညောင်း လာသောအခါ မှော် အစွမ်းလည်း လျော့သွား၍ထင်။ @donjaun အဆိုပါ ထဘီခြုံလိုက်လျင် လဒ ဖြစ်မသွားပဲ စာကလေး သာ ဖြစ်သွားသော ကြောင့် ဖြစ်၏။

ဤမျှလောက်သော မှော်အစွမ်းဖြင့် စက္ကူမှော်အောင်သူ @asterkame ယွန်းသီရိအား မနိုင် မှန်း @donjaun သိ၏။ ထို့ကြောင့် အခါပေးဆရာ ကြီး @sayalu ထံသို့သွားကာ အကြံ အညဏ်တောင်း၏။

@sayalu ကာ ဂြိုလ်သွားဂြိုလ်လာ နက္ခတာရာ များအား ကြည့်လိုက်သော အခါ ယခုအချိန်သည် ပလူတိုဂြိုလ် / စေတန် ဂြိုလ် / နပ်ပကျွန်း ဂြိုလ် အစရှိသော ဂြိုလ် ကြီးကိုးလုံးကာ တတန်း တည်း ဖြစ်နေသော အချိန်အခါ ဖြစ်ကြောင်း ။ ဤသို့ ဂြိုလ် ကိုးလုံး တန်းသည်နှင့် အလင်းတန်း တခုထွက်လာကြောင်း ။

ထို အလင်းတန်းကြီးသည် တိုက်ဆိုင်စွာ မြန်မာပြည် တောင်ကြီး မြို့ပေါ်သို့ တည့်မှတ်စွာ ကျရောက်နေကြောင်း။ ထိုထက်ပို၍ တိုက်ဆိုင်နေသည်မှာ ထိုအလင်းတန်းကြီးသည် တောင်ကြီးမြို့ပေါ်ရှိ @donjaun ၏ နေအိမ်တည့်တည့်ပေါ် သို့ကျရောက်လျက်ရှိကြောင်း သိရ၏။

@sayalu အနေဖြင့် အဘယ့်ကြောင့် ဤရွေ့ဤမျှ တိတိကျကျ သိနေရသနည်းဆိုသော် ဂြိုလ်သွား ဂြိုလ်လာ များ အလင်းတန်းများအား သူ၏ Special Formula ဖြစ်သော Golden Ratio ဖြင့် တွက်ချက်လိုက်သော ကြောင့် ဖြစ်၏။ ဤကဲ့သို့ ဂြိုလ်များ တတန်းတည်း ဖြစ်ပြီး အလင်းတန်းထွက်ရန်မှာ နှစ် တသိန်းလျင် တကြိမ် မဖြစ်နိုင်ဟုလည်း ဆို၏ ။

ဤ ကဲ့သို့ အလင်းတန်းကျသော နေရာ တွင် ကြယ် / လ နက္ခတ် စုံချိန် ၌ မှော်ဆေးထိုးလျင် လုံးဝ ပြိုင်စံရှား ဆေးမှော် အောင်သည် ဟုလည်း @donjaun အား အခါပေးလိုက်၏။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ပင်လျင် ဤကဲ့သို့သော အခွင့်အရေး မရနိုင်ဟူ၍ လည်း သတိပေးလိုက်၏။

@donjaun ကလည်း @sayalu အား ညဏ်ပူဇော်ခ Hive 500 ပေးကာ အိမ်သို့ ပြန်ပြေးလေ၏။ အလင်းတန်း မပျောက်ခင် မှော်ဆေး ထိုးရအုံးမည် မဟုတ်လော။ ဤ သို့ အိမ်အပြေးပြန်လာပြီးနောက် @donjaun အနေဖြင့် မိမိ၏ ရင်ဘတ်တွင် " ဆေးပြင်းသည် " ဟူသော မှော်စာတန်းအား စုတ်ထိုးရန် ပြင်ဆင်၏။

ထို့နောက် စုတ်စထိုးပါလေပြီ။ @donjaun ကာ ဆေးမှော်စွမ်အား သာလိုချင် သော်လည်း အသား အနာခံနိုင်သူမဟုတ်။ " ဆေး " ဟူသော စာလုံး တလုံး ထိုးပြီးချိန်တွင်ပင် အတော်လေး နာနေပြီ ဖြစ်၏။ အနာသက်သာ စေရန် တက်ကီလာ တခွက် ကစ်လိုက်သေး၏။

ထို့နောက် ပြင်း ဟူသော စာလုံးအား စုတ်ထိုးရာတွင် ပစောက် ရရစ်ဖြင့် ပြင်းလျင် တဝိုက်ကြီး ထိုးရမည် ဖြစ်သည့် အပြင် အသားလည်း ပိုနာမည် ဖြစ်သောကြောင့် "အသံတူရင်ကိစ္စမရှိပါဘူးကွာ" ဟု မိမိကိုယ်ကို မလိမ့်တပတ်လုပ်ကာ ပစောက် ယပင့်ဖြင့် ပျင်းလိုက်လေတော့၏။

ဤ သို့ဖြင့် အလင်းတန်း ပျောက်သွားသော် @donjaun ၏ ရင်ဘတ်တွင် " ဆေးပြင်းသှ် " ဟူသော စာတန်းအစား " ဆေးပျင်းသှ် " ဟူသော စာတန်းထွက်ပေါ်လာ၏။ "သှ် " မှာ "သည်" ဟူသော စာလုံး၏ အတိုကောက်ဖြစ်၏။

အလင်းတန်း တန်ခိုးကြောင့် ဆေးမှော်တော့ အောင်ပါ၏။ တခုသာ အပြစ်ပြောစရာရှိ၏။ ဆေးမှော် အောင်ပြီးနောက် ယခင်ကထက် ပို အပျင်းထူလာခြင်း ဖြစ်၏။ ထို့ကြောင့် ယခုတလော @donjaun တင်သော Post များတွင် " ကျွန်တော်ပျင်းနေသည် / ကျွန်တော် ပျင်းပြန်ပြီ " ဟူသော အပျင်းထူသည့် post များ ခပ်စိပ်စိပ် တွေ့လာရခြင်း ဖြစ်၏။

ကျွန်တော်လည်း @donjaun ၏ အိမ်မှ ထွက်လာသော အခါ @viviankay00 ဖိတ်ထားသော သူ၏ Trade Mark မုန့်စိမ်းပေါင်း ရေညှိအစာသွတ် မုန့် Promotion ပွဲကို သတိရလိုက်သောကြောင့် ရွာလယ်ရှိ @viviankay00 ၏ မုန့်ဆိုင်သို့ မြန်းရလေတော့၏။

ကျွန်တော်ရောက်ချိန်တွင် ဧည့်သည် အတော်များများ ရောက်နေပြီ ဖြစ်၏။ @viviankay00 ကာ ရောက်လာသမျှ ဧည့်ပရိတ်သတ်အား တောင်ကြီး လက်သုပ်ဖြင့် ကိုယ်တိုင်သုပ်ကျွေးကာ ဧည့်ခံ၏။ လက်သုပ်ဟု ခေါ်သော်လည် ခေါက်ဆွဲ ကြာဇံ အာလူး ဂေါ်ဖီ ပဲပြားကြော် စသည်စသည် အစုံပလုံအား လက်သုပ် သုပ်ကျွေးခြင်း ဖြစ်၏။

တခုသာ ပြောစရာရှိ၏။ @viviankay00 အသုပ်တပွဲ သုပ်ပြီးတိုင်း လက်မဆေးပဲ သူ၏ လက်အား သူဝတ်ထားသော အင်္ကျီဘေးတွင် မသိမသာ သုတ်လိုက်၏။ ဆောင်းရာသီ ဖြစ်သောကြောင့် အလွန်အေးရကာ အသုပ်သုပ်ရင်း ထွက်လာသော နှာရည်များအားလည်း အသုပ်သုပ် နေသည့် လက်ဖမိုးဖြင့်သာ ကောက်သုတ်လိုက်၏။

ကျွန်တော့ အားလည်း အသုပ်တပွဲ ပြင်ပေး၏။ ကျွန်တော်လည်း လျှာရှည်ကာ "သမီး @viviankay00 အသုပ်သုပ်ပြီးရင် ဘာလို့ လက်မဆေးတာလဲ " မေးမိ၏။ @viviankay00 ၏ အဖြေကာ " ဟာ ဆရာဟင်ကလည်း ဆောင်းရာသီ ဒီလောက်အေးတာ သမီးကဖြင့် လက်ဆေးတာမပြောနဲ့ ရေမချိုးတာတောင် ၂ လရှိပြီ " ဟူလို။

@viviankay00 ၏ လက်သုပ်ကာ အတော်စားကောင်း၏။ စားနေရင်းလည်း "တောင်ကြီးလက်သုပ် ဆိုတာ ဒါကိုး " ဟူ၍လည်း သဘောပေါက်လိုက်မိ၏။ @ashinn ကာ Promotion ဖြင့် အလုပ်ရှုပ်နေ၏။ ဈေးဝယ်သူများအား သိမ်မွေ့သော အမူအယာ ချိုသာသော စကားများဖြင့် ရှင်းပြနေ၏။

တကယ်တော့ @ashinn သီလရှင် လူထွက်လာခြင်းမှာ ဖေ့ဘုတ် တွင် " စမီးခရုလား စမီးတီကောင်လား " ဟူသော Post တင်ရင်း ဖေ့ဘုတ် ဆယ်လီ ဖြစ်ချင်သောကြောင့် လူထွက်လာခြင်း ​ဖြစ်၏။ သို့သော် ဖေ့ဘုတ် ဆယ်လီဟူသည်မှာ @ashinn တို့ကဲ့သို့ သိမ်မွေ့သော သူများအတွက် ဆယ်လီ ဖြစ်ရန် အလွန်ခက်၏။

ဖေ့ဘုတ် ဆယ်လီဆိုသူများမှာ အဆဲသန်သူများ / မိမိ အထုပ်အထည်များအား ဖွင့်ပြနိုင်သူများ / မမဆောင်း ကဲ့သို့ မြန်မာစကားအား မြန်မာလူမျိုးတို့ နားမလည်အောင် ပြောတတ်သူများသာ ဆယ်လီ ဖြစ်ကြခြင်း ဖြစ်၏။

@ashinn အနေဖြင့် သီလရှင် လူထွက် ဖြစ်သော ကြောင့် မဆဲတတ်။ @shinn ၏ ဘဝတွင် ရှားရှားပါးပါး တကြိမ်သာ ဆဲဘူး၏။ သီလရှင် လူထွက်လာကစတွင် ကောင်လေးများက ကတုံးမ ကတုံးမ ဖြင့် စနောက်ကြ၏။

@ashinn ကလည်း ဒေါသဖြစ်လာက အော်ဆဲ လိုက်မိ၏။ စိတ်ထဲကတော့ ဆဲလိုက်သည်သာ ဖြစ်၏ ။ သို့သော် ပါးစပ်က ထွက်သွားသည်က " ဒါန ရှင်များရှင့် " ဟူလို။ ဤသို့ သိမ်မွေ့သော @ashinn ဖြစ်၏။

သီလရှင် လူထွက်ဆိုတော့ အထုတ်အထည် ဖွင့်ပြရန်လည်း စိတ်မဝင်စား မြန်မာစကားအားလည်း မမဆောင်းလို မပြောတတ်တော့ သူ့ခမျာ ဆယ်လီ မဖြစ်ရရှာပဲ @viviankay00 ၏ မုန့်ဆိုင်တွင် Promotor လာလုပ်နေရခြင်း ဖြစ်၏။

@viviankay00 ၏ Trade Mark ဖြစ်သာ " မုန့်စိမ်းပေါင်း ရေညှိအစာသွတ်မုန့်" မှာ အလွန်အောင်မြင်၏။ ဤ မုန့်မှာ ဝိတ်ချနေသူများ စားချင်တာ စားပြီး ဝိတ်တက်လာမည်ကို ကြောက်နေသူများအတွက် အထူး ပြုလုပ်ထားသော မုန့်ဖြစ်၏။

အဘယ့်ကြောင့် ဤမျှ ကောင်းနေရသနည်း ဆိုသော် ဤ မုန့်စိမ်းပေါင်း ရေညှိ အစာသွတ် မုန့် တလုံး စားပြီးလျင် တလလောက် ခံတွင်းပျက်သွားကာ အစားအသောက်ဟူ၍ ဘာမျှ မစားချင် ဖြစ်သွားသောကြောင့် ဖြစ်၏။ ဤမျှလောက် ကောင်းမွန်သော ဝိတ်ချ အစားအစာ ဖြစ်၏။

အမှန်တော့ ဤမုန့်၏ လျို့ဝှက်ချက်မှာ ရေညှိ ဖြစ်၏။ မြန်မာ့ ရေညှိ အစစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အဘယ်မျှလောက် ရေညှိစစ်သနည်း ဆိုသော် ရေချိုးခန်း အိမ်သာ နံရံများ နှင့် ရေကန် အုတ်ဘောင်များမှ ရေညှိများအား စိတ်ရှည်လက်ရှည် ခွာယူထား သော ရေညှိများဖြစ်၏။ သူ့ထက် ရေညှိစစ်တာတောင် သူ့လောက် ရေညှိမစစ်ဘူ ဟူသော အတန်းစားဖြစ်၏။

ဟုတ်ကဲ့ ။ Hive Myanmar မှ ဝိတ်ချ ချင်နေသော ကိုကိုမမများ ဤမုန့်အား အော်ဒါမှာလိုလျင် @ashinn ထံသို့ အော်ဒါပေးပို့နိုင်ပြီ ဖြစ်ကြောင်းလည်း သိရ၏။ Free Delivery စနစ်ဖြစ်၏။

PS..ကျွန်တော့အနေဖြင့် မိတ်ဆွေတို့၏ အကောင့်များအား ပျော်စရာအနေဖြင့် သရော်စာ ရေးသားရာတွင် အ ဂါရဝ ဖြစ်စေသော အရေးအသားများ ပါသွားလျင် အနူးအညွတ်တောင်းပန်ပါသည်။ မိတ်ဆွေတို့ သဘောမကျသော စာသားများအား ပြန်ဖြုတ်ပေးပါမည်။

Henry Aung ( Kachin )

19/12/2021 - Sunday - 18;43 Pm

Sort:  

ဝေး ဟေး ဟေး လွတ်ပြန်ပြီဟေ့ လွတ်ပြန်ပြီ 😂😂😂 !LOL

I slept like a baby last night.
I woke every two hours and cried.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@kachinhenry, I sent you an on behalf of @ansoe

မလွတ်ပါဘူး.... @ansoe က အရင်ကတည်းက Myanmar Steemit မှာ ဆိုရင် အကြောပြင်ဆရာ... အကြောင်း မတိုက်ဆိုင်သေးလို့...!LOL. !PIZZA

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.

​မြှင့်ပီလား မြှင့်ပီဆိုတဲ့အချိန် အောက်ရိုက်ချတယ်ဆိုတာ ဒါမျိုးလေး။တကယ်အရိုက်ခံရတာမှ အဲ့လောက်နာဘူးကိုဟင်ရေ။!PIZZA !LOL

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@sheinthu you can call @lolzbot a maximum of 2 times per day.

တခါတည်းပါလို့။ !PIZZA. !LOL

Have you heard about the Angel of Death that’s not so intelligent?
The Dim Reaper?

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)@sheinthu, I sent you an on behalf of @kachinhenry

😂😂သဘောကျမိတယ် ကိုဟင်

ဒါတောင် 3 in 1 မယ်ကြည် အစွမ်း မပြရသေးဘူး။ ... စောင့်နေတယ် မယ်ကြည့် အစွမ်းတွေ...

အရမ်းဖတ်လို့ကောင်းတယ် အကိုရေ
ဖတ်လိုက်တိုင်း ပြုံးမိစေတယ်
!PIZZA
!LOLZ
!LUV

Did you hear about the alarm clock convention?
Total snooze fest.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)@kachinhenry, I sent you an on behalf of @naythan

ကျေးဇူးအများကြီးတင်ပါတယ်။ !PIZZA. !LOL

Why couldn’t the bike keep up with the car?
Because it was 2-tired

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)@naythan, I sent you an on behalf of @kachinhenry

@donjaun မှော်သိုင်းတတ်မှန်ခုမှပဲသိတော့တယ် 🤔🤨🧐

ဒါတောင် လျော့ရေးထားတာ...😀😀 !LOL. !PIZZA

To err is human.
To arrrgh is pirate.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (8/8)@ashinn, I sent you an on behalf of @kachinhenry

ဟားဟား
!PIZZA

ဒါက ဒီလိုရှိပါတယ်ကိုဟင်။ အဆီစားလို့ အသားမဖြစ်။ အဆီရှောင်မှ ကျန်းမာမည်ဆိုတဲ့စကားလည်းရှိတယ်မလား။ အာ့ကြောင့်ပါ။ ကပ်စေနဲလို့မဟုတ်ပါ။ ပြီးခဲ့တဲ့နှစ်က ကြက်သားအစိတ်သားကို ဗူးသီးဆယ်လုံးလောက်ရောပြီး တစ်ရွာလုံးကို ထမင်းရေချောင်းစီးမောင်းတီးပြီးလှူခဲ့တာ သူကြီး @nyinyiwin ပြောပြလိုက်ပါအုံး။ 😁😁

ကြက်သားငါးဆယ်သားလောက်တော့ လုပ်ပါဟယ်... ဗူးသီးဆယ်လုံး မျက်နှာပျက်စရာ... !LOL !PIZZA

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.

ဒါတောင်တော်တော်များနေပြီ

နားဖော်ကလော်တံ သုံးစွန်းကတော့ များတယ် အမရယ်။ နောက်ဆို လျှော့ဗျ။

အိမ်က တူမတွေ ပြောထားရအုံးမယ် 😝

ဆရာဒွန်ရဲ့ အပျင်းမှော်က ရေအေးကွင်း အထိတောင်ရောက်တယ်ရှင့် တော်တော်လေးစွမ်းပါ့ 😂 !PIZZA

အံမယ်... ဆရာတပည့်တွေ အတိုင်ဖေါက် ညီချက်.... အပျင်း မှော်အောင်နေကြတာ...😁😁😁 !PIZZA

သမီးပါ ပျင်းနေတယ် ဆိုတဲ့သဘောပေါ့။ ကိုဟင့် စာထဲကလို ရောင်တော်ပြန် ရောချနေပြန်ပြီ။
!PIZZA

ကဲလာပီလေ ပြောချင်ရာပြောပီး အုပ်ကြီးသိတယ်လုပ်သွားတယ် @nweoomon ရဲ့နဖားကလော် ရှာရအုန်းမှာ ခေါင်းကိုက်လာပီ။ ကို@shienthu ရဲ့ ချက်အရက်ဆိုင်ကိုလဲ တိုင်တောတာတွေများလာပီ သွားဖမ်းရအုန်းမယ်၊ အဲလေသွားသောက်ရအုန်းမယ်။ :D !PIZZA

အာ့ကိစ္စ ..အုပ်ကြီးရှင်းပေး။

အုပ်ကြီးက အရင်ကတည်းက ပြသနာပေါင်းစုံရယ်....!LOL. !PIZZA

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 8 times per day.

အဟီး အတော်စုံအောင် ရေးနိုင်တဲ့သူကြီး
မဒီကညာ‌ေတွရော၊ ကဗျာကယာ ဘိုသီဘတ်သီ လူပျိုကြီးတွေရော
သဘောကျပါတဲ့ ဆရာ့ဟင်၏ သရော်စာ။
!PIZZA
!LOL

Did you hear about the claustrophobic astronaut?
He just needed a little space.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/8)@kachinhenry, I sent you an on behalf of @htwegyi

😁😁😁 အရင်ကလက်ရာကို မမှီသေးဘူး...😀😀 !LOL. !PIZZA

I went to the doctors to see him about my memory loss.
But I forgot to mention it to him.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/8)@htwegyi, I sent you an on behalf of @kachinhenry

မှော်စက္ကူအောင်တာကစက္ကူခေါက်တာများသွားလို့ပါ...ပိုစ့်ဖတ်ပြီးပျော်ရပါတယ်...
!PIZZA
!LUV

ယွန်းသီရိ ရဲ့ မှော် အစွမ်းကို သီးသန့် ဆောင်းပါး တပုဒ် ရေးမယ်လို့ စိတ်ကူးထားပါတယ်။ 😀😀 !LOL. !PIZZA

People who are color blind have the highest rates of divorce.
They can't see the red flags.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/8)@asterkame, I sent you an on behalf of @kachinhenry

ဘာတွေရေးမလဲ...လန့်နေရပါပြီ 😀😀
!PIZZA
!LOL

What can you serve but not eat?
Divorce papers.

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@kachinhenry, I sent you an on behalf of @asterkame

စုံအောင်ရေးတတ်တဲ့ leader ကြီး

ကျေးဇူးအများကြီးတင်ပါတယ်။ !LOL. !PIZZA

I swapped our double bed for a trampoline without telling my wife.
She really hit the roof!

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/8)@kaunglay2, I sent you an on behalf of @kachinhenry

ဆေးပြောင်းထိုးတော့မယ်ဗျာ။ အပျင်း ဓာတ်စီးသွားမှာလည်း ကြောက်ရသေးတယ် အဟေး..
!PIZZA

မရတော့ဘူးလေ... ဂြိုလ် တွေ ဓါတ်တွေနဲ့.... ဓါတ်စီး သွားပြီ။ အပျင်းဓာတ်... တွေ များသွားပြီ... @sayalu ဆီကို နောက်ထပ် Hive 500 နဲ့ ကန်တော့ပြီး အခါ ပေးခိုင်းပေတော့။ !PIZZA

မရတော့ဘူး နောက်ထပ် နှစ်တစ်သိန်းပြန်စောင့်မှ ဂြိုလ်တွေ ဓါတ်တွေ ပြန်ပီး ဓါတ်စီးလာမှ ပြင်လို့ရတော့မှာ ဒီတစ်ခါ ဆေးထိုးရင် အတွင်းအားကျင့်စဉ် ပြောင်းသုံးလေဗျာ။ !PIZZA

သရော်စာလည်း အရေးကောင်းသူမို့ ဟာသရသမြောက်ပါတယ်ဗျ။ ရယ်သောသူ အသက်ရှည်၏တဲ့။ ခေတ်မကောင်းလို့ မရယ်နိုင်သေးပေမယ့် ပြုံးစိစိနဲ့ ပြုံးမိရပါတယ်ဗျာ။ အခါပေးဆရာကြီး Hive 500 ရလိုက်လို့ အိပ်လို့တောင် မပျော်တော့ပါဘူး။ !LOLZ

Did you hear about the remote control that went to jail?
He was charged with battery

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@kachinhenry, I sent you an on behalf of @sayalu

ကိုဒွန်ဆီက ရအောင် တောင်းပါ။ 😀😀😀 !LOL. !PIZZA

What’s blue and and smells like red paint?
Blue paint

$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/8)@sayalu, I sent you an on behalf of @kachinhenry

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
viviankay00 tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped ansoe (x1)
(2/6)
kachinhenry tipped ashinn (x1)
kachinhenry tipped sayalu (x1)
nyimwa tipped donjaun (x1)
nyimwa tipped kachinhenry (x1)
sheinthu tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped kaunglay2 (x1)
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped naythan (x1)
naythan tipped kachinhenry (x1)
kachinhenry tipped asterkame (x1) @asterkame tipped @kachinhenry (x2)

Learn more at https://hive.pizza.

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Christmas Challenge - Offer a gift to to your friends

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more, by @kachinhenry.