မင်္ဂလာပါ။ မနေ့ကတော့ Free Cryptocurrency အကြောင်းရေးလိုက်သောကြောင့်လားမသိ ယနေ့ကတော့ BTC 38000$ အထက်သို့ တက်လာသည်ကို တွေ့ရပါသည်။ ကျွန်တော့အား အရွဲ့တိုက်နေသည်လားမသိ။ ရှိစေတော့။
BTC ဈေးတက်လာခြင်းနှင့် အတူ အခြားသော Coin / token များကလည်း တအိအိ လိုက်တက်လာနေပါသည်။ ကျွန်တော်တို့ Hive သည်ပင်လျင် 0.33$ တို့ မသိမသာ ကပ်လာသည်ကို တွေ့နေရပါသည်။ Hive ကတော့ အထနှေးပါသည်။ အခြားသော Cryptocurrency များလို ဝုန်းဒိုင်း ခုန်တက်သွားသည့် အမျိုးအစားထဲတွင် မပါဝင်ပါ။
ဝုန်းဒိုင်းသာ ခုန်မတက်တတ်သည် အခြားသူငှာ cryptocurrency များ ဒလိမ့်ထိုး ကျဆင်းလာလျင်တော့ သူလည်း ဂျွမ်းထိုး လိမ့်ဆင်းလာတတ်ပါသည်။ ယခုလည်း အတက်နည်းနည်းပြကာ ဘယ်အချိန် အသည်းခွဲအုံးမည် မသိသေး။ ရှိစေတော့။
ကျွန်တော့ အနေဖြင့် Cryptocurrency အားအပိုဝင်ငွေ ရလမ်း တခုအနေဖြင့်သာ သဘောထားနေခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ မိမိပိုင်ဆိုင်ထားသော Cryptocurrency သည် အားကိုးရာ တခုဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိရိုးအမှန်ပင် ဖြစ်ပါသည်။
အချိန်ကာလ ၊ အဖြစ်အပျက် များ၏ စကားပြောခြင်းသည် မိမိ ဘဝရှေ့ရေး ၊ အနာဂတ်ကာလ အတွက် များစွာ ဂယက်ရိုက် နိုင်ကြောင်းကို ယခုလက်တွေ့ကြုံရမှ ထဲထဲဝင်ဝင် နားလည်လာပါတော့သည်။
အခြားနိုင်ငံသားများက မိမိတို့ရှေ့ရေးအတွက် နိုင်ငံအားကိုး အစိုးရအားကိုးဖြင့် ရှေ့ဆက်သွားနေချိန်တွင် ကျွန်တော်တို့က ယနေ့ မိမိ အသက်မသေဖို့ ပို၍ အရေးကြီးနေပါသည်။ ရပ်ဝေးမှ ဆွေမျိုးသားခြင်း မိတ်ဆွေသူငယ်ချင်း များဖြင့် ဖုန်းပြောဖြစ်လျင် မည်သူမှ အလိုက်တသိ စီးပွားရေး အကြောင်း မမေးကြသလို မပြောကြတော့ပါ။
အားလုံး သိပြီးသားမို့ လူတိုင်း မိမိထက်ပို၍ ခက်ခဲနေသည်သာ ဖြစ်ပါသည်။ အထူးတလည်ပြောကြသော စကားမှာ ကျန်းမာစွာနေရန် နှင့် နေ့စဉ် အသက်ရှင်သန် နေရန်သာ သတိပေးဖြစ်ကြပါသည်။ မှန်ပါသည် ။ ဥစ္စာပစ္စည်းဟူသည်မှာ အသက်ရှင်နေသေးသ၍ ရှာဖွေနေကြရအုံးမည် ဖြစ်ပါသည်။
အရေးကြီးသည်မှာ မိမိကျန်းကျန်းမာမာဖြင့် အသက်ရှင် နေရန်သာ ဖြစ်ပါသည်။ ယခု အချိန်ကဲ့သို့သော ကာလမျိုးတွင် ခေတ်ပျက်သူဌေး ဖြစ်ရန်အတွက် မသမာ စီးပွားရှာနေသူများအားလည်း အလွန်အံ့ဩမိပါသည်။ အောက်စီဂျင် အိုးများ လိမ်ရောင်းကြသည့်အကြောင်း ၊ ဆေးဝါးများ ဈေးမတရား တင်ရောင်းကြသည့် အကြောင်း ။
အထူးသဖြင့် မိမိလောဘအတွက် လူသားတို့၏ အသက်အားချနင်း ဝံ့သူများမှာ အလွန်ပင် လူမဆန်ကြသူများ ဖြစ်ပါသည်။ ရှိစေတော့ ။ Cryptocurrency အကြောင်းမှ ချောတောငေါ့သွားသည်မှာ Cryptocurrency အကြောင်း ပြန်ဆက်ကြပါအုံးစို့။
အမှန်ဆိုရလျင် ယခုလို အချိန်ဖြစ်သော အပြင်လည်း ထွက်မရ ၊ စီးပွားရေး လည်းလုပ်မရ ဟူသော အချိန်တွင် ကျွန်တော်တို့ လက်အတွင်း၌ Hive platform တခုရှိနေသည်မှာ ကျွန်တော်တို့ အတွက် အားဆေးတခွက်ပင် ဖြစ်ပါသည်။ ကျွန်တော့တွင် လုံလောက်သော HP မရှိထားခြင်းအတွက်လည်း အားမလိုအားမရ ဖြစ်မိပါသည်။
ဟိုတချိန် Steemit ခေတ်ကောင်းခဲ့ စဉ်က ကဲ့သို့ တရက်လျင် 5$ လောက်စာရေးခြင်းမှ ရှာဖွေနိုင်လျင် ဤအချိန်တွင် အလွန်အကျိုးများမည် ဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် ဟုသာဆိုရပါလိမ့်မည်။ ကျွန်တော်တို့ ယခုအချိန်တွင် အရနည်းကြသော်လည်း လုံဝ မရသည်ထက်စာလျင် အနည်းငယ် ခံသာပါသေးသည်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့်လည်း ဤ စိတ်ပျက် အားလျော့ ဝမ်းနည်းဖွယ်ရာ ကာလအား အကျိုးရှိရှိ လွန်မြောက်နိုင်စေရန် အတွက် Hive platform အား အသုံးချကာ Cryptocurrency များ အရယူကြပါမည့် အကြောင်း နှိုးဆော်လိုက်ရပါသည်။
Henry Aung ( Kachin )
26/07/2021 - Monday - 15;24 Pm
နောင်တချိန်မှာ Cryptocurrenciesကို အားကိုးအားထားပြုနိုင်လောက်သည်ဟု မျှော်လင့်နေမိပါသည်။
အစ်ကိုလည်း မျှော်လင့်မိပါတယ်။ လုံးဝအားကိုးရာမဟုတ်တောင် တစိတ်တဒေသ အားကိုးစရာ ဖြစ်ရင်ပဲ ကျေနပ်ပါတယ်။
Now growing fast. But the rest of the price is still not increasing. I love steam. But Hive is my guide. But here it still depends on my flag. No one is listening here. I make great use of mine. I get to learn a lot from Hive. This is great for me Hive. thanks for sharing
Have no worry , try your best to introduce Hive to some of your friends and built your own community with your friend... Try to be friend with Hive User from around India... it will help you a lot.
မြန်မာနိုင်ငံသားဖြစ်ရတာလဲတော်ယုံအကုသိုလ်နဲ့တော့မဖြစ်လောက်ဘူးနော် အကို
အဟုတ်ပါပဲ။ တော်ယုံ အကုသိုလ်နဲ့တော့ မြန်မာပြည်မှာ လူဖြစ်ဖို့ မလွယ်ဘူး။ ယူတတ်ရင်တော့ တရားရစရာကြီးပဲ ဆိုပေသိ တသက်လုံး တရားယူစရာကြီးတွေနဲ့ပဲ ကုန်ဆုံးသွားရမလားတောင် စိုးရိမ်မိတယ်။
ကျနော်တို့လဲ ကြိုးစားနေပေမယ့်အရာမရောက်ဘူး ခုဆို အလုပ်တေပါပျက်တော့အဆင်မပြေ ကိုယ်တင်မဟုတ်ဘဲ အတော်များများကြုံနေကြတာပါ အကိုပြောသလိုစိတ်ပူစရာကြီးဖြစ်နေပါပီဗျာ။ ကျနော်ဆိုအရင်က ကျန်းမာရေးလမ်းလျောက် တယ်ပြေးတယ် ခုဆို အလုပ်
တေပျက်တော့ အဟာရမမှီဝဲနိုင်တော့တိုင်ပါတ်နေရော တချို့ ဆို လိုင်းပေါ်မှာ အဆင်မပြေ
ကြတော့အကူညီတောင်းနေကြတယ် ရင်လေးပါတယ်ဗျာ။မြန်မာနိုင်ငံအနာဂါတ်???
ကျနော်တို့လဲ ကြိုးစားနေပေမယ့်အရာမရောက်ဘူး ခုဆို အလုပ်တေပါပျက်တော့အဆင်မပြေ ကိုယ်တင်မဟုတ်ဘဲ အတော်များများကြုံနေကြတာပါ အကိုပြောသလိုစိတ်ပူစရာကြီးဖြစ်နေပါပီဗျာ။ ကျနော်ဆိုအရင်က ကျန်းမာရေးလမ်းလျောက် တယ်ပြေးတယ် ခုဆို အလုပ်
တေပျက်တော့ အဟာရမမှီဝဲနိုင်တော့တိုင်ပါတ်နေရော တချို့ ဆို လိုင်းပေါ်မှာ အဆင်မပြေ
ကြတော့အကူညီတောင်းနေကြတယ် ရင်လေးပါတယ်ဗျာ။မြန်မာနိုင်ငံအနာဂါတ်???
ကျွန်တော်ကတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားကို သတိရမိ။
"မိအေးနှစ်ခါနာ" ဆိုသလို...
ကျွန်တော်တို့ပြည်သူတွေ နိုင်ငံရေးကြောင့်
ဒုက္ခရောက်နေပါတယ်ဆိုမှ
ကိုဗစ်ကပါ ထပ်ပြီး နှိပ်စက်ခြင်းခံရတော့
ညက်ညက်ကို ကြေနေကြရတယ်။
နေ့တိုင်း မက်ဆင်ဂျာမှာ ပြောနေမိတာက ကျန်းမာရေး
ဂရုစိုက်ဖို့ပါပဲဗျာ။
Cryptos. အကြောင်း ရသလောက် ရှင်းပြပေမဲ့
လက်တွေ့ ချက်ချင်းမှ ယုံတက်တဲ့ ကျွန်တော်တို့လူမျိုးက
ပါမလာကြတာ ဝမ်းနည်းရပါတယ်။
!PIZZA
$PIZZA@kachinhenry! I sent you a slice of on behalf of @myanmarkoko.
Learn more about $PIZZA Token at hive.pizza (4/20)
ညီလေးရယ်... ပါလာသလောက်ပေါ့။ Hive platform ပေါ်ရောက်လာဖို့ ဆိုတာရယ် Hive platform မှာ မိတ်ဆွေဖြစ်ဖို့ဆိုတာရယ်က ရေစက်လိုသေးတယ်။
Good
thanks You
ကျွန်တော့် အတွက်တော့ HIVE ကိုသာ မတွေ့ရှိခဲ့ရရင် ဒီအချိန် ဘယ်လို ဖြတ်သန်း ရမလဲ မသိပါ။ Facebook ပေါ်ပဲ အချိန်ကုန်နေလိမ့်မယ် ထင်ရဲ့။
!PIZZA
အတူတူပါပဲအကိုရေ။ ကိုဒွန်သာ Hive ကို လမ်းမပြခဲ့ရင် ဒီချိန်ထိ Facebook ပေါ်မှာ ဟီးဟီးဟားဟား နဲ့ ဖုန်းဘေတွေကုန် အချိန်တွေကုန်နေတော့မှာ ။ ။
Social Media ချင်းတူပေမယ့် ရတဲ့ Reward ကတော့ကွာတယ်။ ခုနောက်ပိုင်း Facebook သုံးရတာ Depression ဝင်တယ်... သတင်းကောင်းထက် သတင်းဆိုးတွေကြီးပဲ.... စိတ်ဆင်းရဲချင် Facebook ကြည့်လို့ ဆိုရမလားပဲ
$PIZZA@kachinhenry! I sent you a slice of on behalf of @tin.aung.soe.
Learn more about $PIZZA Token at hive.pizza (5/10)
အဲသဟာတွေကြောင့် Hive ကို လက်မလွတ်နိုင်ဖြစ်နေရတာရယ်။
တက်လာဖို့မျှော်လင့်ပါတယ်ခင်ဗျ
Hive ကိုဟင်ကို အရွဲ့တိုက်ပါစေ
များများအရွဲ့တိုက်တော့ များမျာဈေးတက်
ကောင်းသပ။
ဟုတ်ပါ့ဗျာ။ Hive တင်မက CCC / Pizza / Archon / airdrop token တွေလည်း အရွဲ့တိုက်ပြီး ဈေးတက်သွားရင် ကောင်းမယ်။
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more, by @kachinhenry.