Hive Platform မှ သိမှတ်စရာများ - အပိုင်း - ( ၄ ) ( Henry Aung )

in HIVE-MYANMAR3 years ago (edited)

111.jpeg

မင်္ဂလာပါ။ မပြီးပြတ်သေးသော Hive Platform မှ သိမှတ်စရာများအကြောင်း ဆက်ကြပါအုံးစို့။ယခင် ဆောင်းပါးတွင် Tag များ အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ရာ ယနေ့တွင် Post တင်ခြင်း အကြောင်း အနည်းငယ်ရှင်းပြပေးပါမည်။

Hive platform ပေါ်သို့ ရောက်ရှိနေကြသော မြန်မာလူမျိုး အများစုမှာ Ecency မှ post တင်ကြပါသည်။ Ecency မှ post တင်ခြင်းသည် အကျိုးကျေးဇူးအတော်များများ ရှိပါသည်။

မိမိ၏ လုပ်ဆောင်မှု တိုင်းအတွက် Ecency points များ အား Reward အဖြစ်ရရှိနိုင်သလို ထို Point များအား မိမိ Post Voting ပိုမိုရရှိနိုင်ရန် အတွက် Boosting လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ အနီးစပ်ဆုံး ဥပမာပေးရလျင် Facebook page များတွင် မိမိ Page လူကြည့်ပိုများလာအောင် ပိုက်ဆံပေး၍ Boost လုပ်သည်နှင့် ဆင်တူပါသည်။

သို့သော် Ecency ၏ အားနည်းချက်တခုမှာ post တင်လျင် tag ဆယ်ခုသာ တွဲခွင့်ရှိပါသည်။ အခြားသော Post အတင်များ သည့်Platform တခုမှာ PeakD ဖြစ်ပါသည်။ PeakD အား သုံးပြုရသည်မှာ လွယ်ကူသလောက် အခြားသော Function အတော်များများလည်း ပါဝင်ပါသည်။

PeakD မှ post တင်လျင် Tag အတော်များများ တွဲခွင့် ရှိသော်လည်း PeakD တွင် Ecency ကဲ့သို့ Point Rewards System မရှိပါ။ Tag အတော်များများ တွဲခွင့်ရှိသည့် အတွက် Post တခါတင်လျင် အခြားသော Social Media platform များသို့ ပို၍ ရောက်နိုင်ခွင့်ရှိပါသည်။

သို့သော် PeakD ၏ အားနည်းချက်တခုမှာ Function အတော်များသည့် အတွက် Page လေးပါသည်။ Internet အားနည်းလျင် page ပေါ်ရန် အတော်လေး စောင့်ရပါသည်။

စိတ်ဝင်စားဖွယ်ရာ မိမိကိုယ်တိုင်ရိုက် ဓါတ်ပုံများ တင်ရန် အတွက် အကောင်းဆုံး Platform မှာ D.Buzz ဖြစ်ပါသည်။ Hive -Myanmar မှ အကောင့် အတော်များများ D.Buzz အား အသုံးပြုနေကြပါသည်။ အချို့ကလည်း rewards အနေဖြင့် 1$ / 2$ ရရှိနေကြသည်ကို တွေ့ရပါသည်။

D.Buzz နှင့်ပတ်သက်၍ ကောင်းကွက် ဆိုးကွက်များအား ကျွန်တော်အများကြီး မရှင်းပြနိုင်ပါ။ အဘယ့် ကြောင့်ဆိုသော် ကျွန်တော့ အနေဖြင့် D.Buzz မှ တခါမျှ post မတင်ဘူးသော ကြောင့် ဖြစ်ပါသည်။

အချုပ်အနေဖြင့် ဆိုရလျင် မိတ်ဆွေအနေဖြင့် Hive platform တွင် မြန်မာစာဖြင့် Post တင်မည်ဆိုလျင် Myanmar tag အား မဖြစ်မနေထည့်ရန် တိုက်တွန်းလိုပါသည်။

အတင်းအကျပ် မဖြစ်မနေထည့်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ Myanmar tag ထည့်ထားခြင်းကြောင့် ဤ Hive Blockchain တွင် မြန်မာတို့ တနေရာစာ ဝင်ရောက်နေရာယူထာကြောင်း ကို အခြားသူများအား သိစေလိုရင်း ဖြစ်ပါသည်။ ယခင် Steemit platform တွင် မြန်မာ Tag သည် ကမ္ဘာ့နိုင်ငံအသီးသီး၏ tag များကြားတွင် ထိပ်တန်း အဆင့် ၄၅ နှင့် ၅၀ နေရာတွင်ရှိခဲ့ဘူးပါသည်။

မိတ်ဆွေအနေဖြင့် Post တင်ရာတွင် မိမိ၏ ကိုယ်ပိုင် Post ဖြစ်ကြောင်း သိသာစေရန် အတွက် စာ / ဆောင်း ပါးများ၏ အဆုံးတွင် မိမိ လက်မှတ် ( အမည်နာမ ) post တင်သည့် ရက်စွဲ / အချိန်များအား ထည့်သွင်း စေလိုပါသည်။

မိမိသည် Hive platform အား သာမန်အပျော်တမ်း သုံးစွဲသူ ဖြစ်လျင် ကိစ္စမရှိပါ။ သို့သော် မိမိက Professional ဓါတ်ပုံ ဆရာ သို့မဟုတ် မိမိက ဗဟုသုတဆောင်းပါးများအား ကိုယ်တိုင်ရေးကာ အသိပညာ ဝေမျှနေသူ ဖြစ်ပါက အထက်တွင် ကျွန်တော် ဖေါ်ပြထားသော ကိုယ်ပိုင် Post ဖြစ်ကြောင်း မှတ်တမ်းတင်ထားခြင်း သည် နှောင် တချိန်တွင် မိမိစာ / ဆောင်းပါး / အနုပညာများအား အခြားသူများ ခိုးယူခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။

အကယ်၍ မိမိပုံ / စာ / အနုပညာအား ခိုးယူထားသူ တစုံတယောက်တွေ့လျင် မိမိကိုယ်ပိုင် ဖြစ်ကြောင်း Post link ချပြယုံမျှဖြင့် ကိစ္စပြီးစေနိုင်မည် ဖြစ်ပါသည်။

အဘယ်ကြောင့် ဆိုသော် Hive platform မှ Post များသည် ၇ ရက်ပြည့်ပြီး post reward ရပြီးသည်နှင့် ပြန်လည် ပြင်ဆင်ခွင့် မရှိတော့ပါ။ ထို့အတူ Delete လုပ်ခွင့်လည်း မရှိတော့ပါ။ ထို့ကြောင့် Hive platform သည် မိမိ၏ ကိုယ်ပိုင်အနုပညာ များအတွက် အကောင်းဆုံး မှတ်ပုံတင်ရာနေရာ ဖြစ်ကြောင်း သိစေအပ်ပါသည်။

ထိုသို့မဟုတ် မိမိ အနေဖြင့် Cryptocurrency ရလျင်ပြီးရော ဆို၍ မိမိကြိုက်ရာများ Copy Post တင်နေလျင် တကြိမ်မဟုတ် တကြိမ်တွင် မိမိအမှားကြောင့် Permanent Downvote မိလိုက်လျင် မိမိ အကောင့်မှာ အလွန် နှမျောစရာကောင်းပါသည်။ အရာရာအား အစမှ ပြန်စရပါလိမ့်မည်။

ထို့ကြောင့် မိမိ Hive အကောင့်အား တန်ဖိုးထား ပါရန်နှင့် ဤ Cryptocurrency လမ်းကြောင်းတွင် လျှောက်နေရသော ခရီးသည် တရက် / တလ / တနှစ် မဟုတ်ပါ။ နှစ်ရှည် သွားရမည့် ခရီးဖြစ်သောကြောင့် Cryptocurrency ရထားကြီး ကြာကြာစီးနိုင်ရန် မိမိ Hive လက်မှတ်များအား တန်ဖိုးထားကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Henry Aung ( Kachin )

03/09/2021 - Friday - 2021 ( 18;20 Pm )

Sort:  

ရထားလက်မှက်ကလေး မပျောက်ရလေအောင်
တန်ဖိုးထား ထိန်းသိမ်းနေပါတယ် ဆာဟင်။
လူသစ်လေးများ အကို့ပိုစ်ကို ဖတ်မိကြကောင်းပါရဲ့

!PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @myanmarkoko.

Did you know Pizzabot in Discord has a bunch of useful commands? (2/10)

သူရို့အတွက်ရေးထားတာဆိုတော့ တခုခု ရသွားရင်ကိုပဲ ရေးရကျိုးနပ်ပါပြီ။ !PIZZA

$PIZZA@myanmarkoko! I sent you a slice of on behalf of @kachinhenry.

Did you know PIZZA team has a curation trail with 29 followers? (1/20)

သတိထားစရာလေးတွေပ
Ecency က tag တွဲရတာတော့ အားမရဘူးဗျို့။
!PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @htwegyi.

Did you know PIZZA has a very active community Discord? (4/10)

ဟုတ်တယ်။ Ecency နဲ့ post တင်တာ တခါတလေ tag ကို ရွေးနေရသေးတာရယ်။ !PIZZA

$PIZZA@htwegyi! I sent you a slice of on behalf of @kachinhenry.

Did you know Pizzabot in Discord has a bunch of useful commands? (2/20)

ကျမတို့လိုလေ့လာနေဆဲသူများအတွက် အလွန်အဖိုးတန်ပါတယ်ရှင်။ မှတ်သားထားပါ့မယ်ရှင့်။

​တခုခု ရသွားတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။ !PIZZA

$PIZZA@nweoomon! I sent you a slice of on behalf of @kachinhenry.

Did you know you can trade $PIZZA on Hive-Engine, Tribaldex, or LeoDex? (3/20)

ကိုဟင်ရေ မပြေလည်တဲ့ အကြောင်းများကြောင့် နောက်ကျကျန်ခဲ့ရပါတယ်။ အခုလို ချိန် စာဆက်ရေးချင်ပါသော်လည်း ၀မ်းရေးအတွက် မနည်းရပ်တည်နေရတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် စာဆက်ရေးအုန်းမယ်။

ကိုရွှေဘို။ Cryptocurrency မှာ နောက်ကျတယ်ဆိုတာမရှိဘူး။ အချိန်မရွေး ပြန်လာခဲ့ပါ။ လက်တွဲခေါ်ပါ့မယ်။ အရင်လူ ဟောင်းတွေ အတော်များများလည်း Hive platform ကို ပြန်ရောက်နေကြပါပြီ။ !PIZZA

$PIZZA@nyinyiwin! I sent you a slice of on behalf of @kachinhenry.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (5/20)

နောက်နေ့တွေ post မှာ date လေးတွေထည့်တော့မယ်
!PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @naythan.

Did you know Pizzabot in Discord has a bunch of useful commands? (1/10)

အကောင်းဆုံးပါ။ ကိုယ့် Post တွေကို မှတ်ပုံ တင်ထားတာပေါ့။ !PIZZA

$PIZZA@naythan! I sent you a slice of on behalf of @kachinhenry.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (6/20)

I have been working on ecency.com for a long time. I have posted many posts till now. I get the award within 15 days. This is a great platform for me. @kachinhenry

Good job, keep it up bro

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more, by @kachinhenry.

ကျေးဇူးပါရှင့်