Hive Platform မှ သိမှတ်စရာများ - အပိုင်း - ( ၂ ) ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ Hive platform သို့ ဝင်ရောက်လာကြမည် ဖြစ်သော လူသစ်များအတွက် သိမှတ်စရာ အချို့အား ဖေါ်ပြပေးစေချင်ပါသည်။ Hive Platform တွင် မိမိတို့ တူရာတူရာ ဝါသနာပါရာ အဖွဲ့အစည်း များစွာရှိပါသည်။

မိမိရေးသားထားသော အကြောင်းအရာများအား မိမိနှင့် ဝါသနာတူရာ အဖွဲ့သား များ သိစေနိုင်ရန် အတွင် Tag ဟူ သော အမည်နာမများ ချိတ်ဆွဲပေးရပါသည်။ ဥပမာ အနေဖြင့် မိမိမိတ်ဆက်စာအား Hive platform တွင်ရှိနေသော အကောင့်အားလုံး မြင်ရစေရန် Introducingmyself ဟူသော tag တွဲပေးရပါသည်။

ထို့အတူ မိမိရေးသားထားသော အကြောင်းအရာများသည် ဗဟုသုတ ရစရာ ဖြစ်လျင် Knowledge / sharing ဟူသော tag တွဲပေးရန် လိုမည် ဖြစ်သလို Cryptocurrency အကြောင်း ရေးသားမည် ဆိုပါက Cryptocurrency ဟူသော Tag တွဲပေးရမည် ဖြစ်ပါသည်။

ဤ Tag များတွဲရာတွင် ၂ မျိုးရှိပါသည်။ ပထမတမျိုးမှာ သာမန် Community tag ဖြစ်ပြီး အခြားတခုမှာ Social Media tag ဖြစ်ပါသည်။ သာမန် community tag ဟူသည်မှာ ဥပမာပြရလျင် ကျွန်တော့ အနေဖြင့် Hive platform တွင် မြန်မာ့နိုင်ငံရေး နှင့်ပတ်သက်သော ဆောင်းပါးတပုဒ်ရေးသည် ဆိုကြပါစို့။

ကျွန်တော်တွဲသင့်သော Tag များမှာ Myanmar / Political / knowledge / sharing ဤ မျှ လောက် tag တွဲလျင် ပြည့်စုံပြီ ဖြစ်ပါသည်။ အချို့က Hive platform တွင် ဤ Tag တွဲခြင်းအား သာမန်မျှသာ သဘောထားကြပါသည်။ မဟုတ်ပါ။ Tag တွဲမှားလျင် ပြသနာ အများကြီး ရှိလာနိုင်ပါသည်။

ဥပမာ မိမိသည် မြန်မာ့နိုင်ငံရေး အကြောင်း ရေးထားသည် ဖြစ်သော်လည်း လူအများ ပို၍ မြင်သာစေရန် ဟူ၍ tag တွင် Introducingmyself / Hive / cryptocurrency / Myanmar/ political / sharing အစရှိသဖြင့် tag တွဲထားလျင် သေချာပေါက် သတိပေးချက်ရောက်လာမည် ဖြစ်ပါသည်။

မိမိရေးသားထားသော အကြောင်းအရာများတွင် Cryptocurrency အကြောင်းတလုံးမျှ မပါပဲ အဘယ့်ကြောင့် Cryptocurrency tag တွဲထားပါသနည်း ...? Hive platform အကြောင်း တလုံးမျှ မပါပဲ အဘယ့်ကြောင့် Hive tag တွဲထားရပါသနည်း စသည်ဖြင့် Comment များတွင် သတိပေးချက်များ ရောက်လာတတ်ပါသည်။

အချို့ အမြင်မကြည်လင်သူများက သတိပေးချက်များ ပေးပို့ခြင်းထက် ထိုကဲ့သို့သော Post များအား Down Vote ပေးတတ်ကြသည်ကို သတိပြုစေလိုပါသည်။ Hive power အားကြီးသူတို့၏ Down vote မိလျင် မိမိရထားသော rewards များ ပျောက်သွားတတ်သည်ကို သတိထားစေလိုပါသည်။

အမှန်ဆိုရလျင် Computer / Smart phone / Social Media များ သုံးတတ်နေသူများအဖို့ ဤမျှ အသေးစိတ်ရေးပြနေရန်မလိုဟုထင်ပါသည်။ Facebook သုံးတတ်သည် / tweeter သုံးတတ်သည် ဆိုလျင် Hive platform အားလည်း မသုံးတတ်စရာ အကြောင်း မရှိပါ။

သို့သော် စည်းမျဉ်းစည်းကမ်း များကိုတော့ အနည်းငယ် လေ့လာထားရန် လိုအပ်ပါသည်။ ဤ နေရာတွင် အချို့က Hive platform အား Facebook သုံးသလို လွယ်ကူလိမ့်မည်ဟု ထင်ကြပါလိမ့်မည်။

ဟုတ်ကဲ့ တတ်ကျွမ်းနားလည်သွားလျင် အလွန်လွယ်ကူသလို Facebook ထက်ပင်ပို၍ သဘောကျလာပါလိမ့်မည်။ Community tag မှ ချောတောငေါ့သွားသည်အား တောင်းပန်ပါသည်။ Tag များ အကြောင်း ပြန်ဆက်ကြပါစို့။

ကျွန်တော်တို့ ဤ platform ( Steemit) သို့ ရောကာစတွင် ပြသနာမျိုးစုံကြုံတွေ့ရပါသည်။ ကသောင်းကနင်း အိုးနင်းခွက်နင်း ဖြင့် ရှေ့ဆက်ခဲ့ရပါသည်။ ယခုကဲ့သို့ ချက်နှင့်လက်နှင့် သေချာရှင်းပြမည့်သူမရှိခဲ့ပါ။

စမ်းတဝါးဝါးဖြင့် ကြုံသလို ရှေ့ဆက်ခဲ့ကြရပါသည်။ ရှိစေတော့။ Hive platform တွင် Post တင်ရာ၌ tag သည် အရေးကြီးကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ နောက်တခု အရေးကြီးသည်မှာ မိမိ တင်လိုက်သည့် Post ဖြစ်ပါသည်။

အချို့က မိမိ Post အား ဓါတ်ပုံများ ဖြင့် ဝေဝေဆာဆာ ဖေါ်ပြပြီး Post တင်ကြပါသည်။ ဤကဲ့သို့ ဓါတ်ပုံ များဖြင့် ဝေဝေဆာဆာ Post တင်ခြင်းအား ကျွန်တော်လည်း အားပေးပါသည်။

သို့သော် မိမိ ရေးသားထားသော အကြောင်းအရာ အလိုက် မိမိ ကိုယ်တိုင် ရိုက်ကူးထားသော ဓါတ်ပုံများ ဖြစ်လျင် ကိစ္စမရှိပါ။ မိမိရေးထားသော ဆောင်းပါးနှင့် ကိုက်ညီစေရန် Google image မှ ပုံများ ယူသုံးထားလျင် ပြသနာ အကြီးကြီး တက်လာစရာရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် Hive platform သည် Copyright နှင့်ပတ်သက်၍ တင်းကျပ်သော ဥပဒေရှိသည်ကို သတိထားစေလိုပါသည်။ မိမိ၏ စာ / ဆောင်းပါး ဝေဝေဆာဆာ ဖြစ်ရန် အတွက် Google မှ ပုံ သုံးခွင့်မရှိမဟုတ်ပါ ။

သို့သော် မိမိသုံးလိုက်သော ပုံအား Credit ပေးရန်နှင့် မည်သည့်နေရာမှ ယူသုံးထားကြောင်း အသိပေး ရန်လိုအပ်ပါလိမ့်မည်။နောက်ဆောင်းပါးတွင် Social Media tag အကြောင်း အသေးစိတ်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

01/09/2021 - Wednesday - 18:20 Pm

Sort:  

အသစ်ရောက်လာသူတွေအတွက် ကိုဟင် post တွေက တကယ် ကောင်းလှပါတယ်
!LUV

<><

<><

LUV

Connect

Trade


@kachinhenry, you've been given LUV from @naythan.

Check the LUV in your H-E wallet. LUV changes soon. (1/1)

သူရို့ ဖတ်မိလျင်ဖြင့် ဝမ်းသာစရာပါ့။ !PIZZA

$PIZZA@naythan! I sent you a slice of on behalf of @kachinhenry.

Did you know Pizzabot in Discord has a bunch of useful commands? (1/20)

ယခုမှ hive သို့ရောက်ရှိလာသူများ သတိထားသင့်ပါသည်။
ကျွန်တော်တို့ စ ပြီး steemit မှာ ပိုစ့်တင်သည့် အချိန်တွင်လည်း
ကိုဟင်၏ ပြောကြားချက်များဖြင့် စတင်ခဲ့ရသည်။
!PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @htwegyi.

Did you know you can spend $PIZZA on games in the $Pizza Store? (1/10)

ကိုထွေးရေ ... ကျွန်တော်ရေးတဲ့ စာတွေ ဖတ်မိရင်ဖြင့် ... ကျေးဇူးတင်ရတာပါ့။ ...!PIZZA

$PIZZA@htwegyi! I sent you a slice of on behalf of @kachinhenry.

Did you know PIZZA has a very active community Discord? (2/20)

မြန်မာ့လူငယ်လေးတွေဟာ Facebook နဲ့ Ticktok မှာ သာယာနေကြတာ
များတယ်။ ပြီးရင် Mbbl ကို ရူးမူးကစားနေကြတာ။ ကျွန်တော်လည်း အဲ့သည့်ဂိမ်းကို
ရူးမူးကစားခဲ့ပါတယ်။ ခုနောက်ပိုင်းတော့ အပျင်းပြေလောက်ပဲ ကစားတော့တယ်။
ပြီးတော့ Cryptos အကြောင်းသိတဲ့ လူတွေအများစုကလည်း Airdrop နောက်ကို
လိုက်ကြတာများတယ်လို့ မြင်မိတယ်။
အယ်... မဆီမဆိုင် မန့်မိကုန်ပြီ။😀
လူသစ်တွေကတော့ တွဲခေါ်ဖို့ အတော်လေးခက်တယ်။ နဲနဲရှိန်တာလား။ဘာလားတော့မသိဘူး။ မန့်ကို တလေးတစား Reply မပြန်တာ တွေ့ရတယ်။
မအားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ။ ရင်းနှီးမှုက Reply ကစတာပါ။
မြန်မာလူမျိုးတွေ ထုံးစံအတိုင်း အားနာတက်တာ၊ ရှက်တက်တာ၊ မသိနားမလည်တာကို
မမေးရဲကြဘူး။ ပြီးတော့ လွယ်လွယ်နဲ့ လက်လျော့သွားကြတာ။
လူသစ်တွေကို Hive နဲ့ မိတ်ဆက်ပေးဖို့ကလည်း ကိုယ့်မှာ ပါဝါမရှိတော့
သူတို့ကို ဆွဲဆောင်ဖို့ခက်နေတယ်။ အနီးနားက အပေါင်းသင်းတွေကိုတော့
တက်နိုင်သလောက် ဆွဲခေါ်ဖြစ်ပါတယ်။
!PIZZA

ကိုဟင်ရေ အရင်လို စာပြန်ရေးချင်ပါတယ် ။ အဆင်ပြေပါ့မလား ခင်ဗျာ။

ကျေးဇူးပါအကို