Hive Platform မှ သိမှတ်စရာများ - အပိုင်း - ( ၅ ) ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ လူသစ်များ အတွက် သိသင့်သိထိုက်သော Voting အကြောင်း ဖေါ်ပြပေးလိုပါသည်။ Hive platform တွင် အခြားသူငှာများအား Voting / comment ပေးရာတွင် Facebook တွင် Like / comment ပေးသကဲ့သို့ ပေးချင်တိုင်းပေး၍ မရပါ။

Facebook တွင် Like မည်မျှ ပေးသည် ဖြစ်စေမိမိတွင် လျော့ပါးသွားသည် မရှိပါ။ သို့သော် Hive platform တွင်ခြားနားချက် ရှိပါသည်။ Hive platform သည် သူ၏ လုပ်ငန်းဆောင်တာ အားလုံး Hive Power ဖြင့် ချိတ်ဆက်ထားသည် ဖြစ်ရာ လုပ်ဆောင်မှု တိုင်း အတွက် Hive Power အား အသုံးချရပါသည်။

မိမိ အနေဖြင့် Voting တချက် ပေးလိုက်လျင် Hive Power 2% ကျသွားပါသည်။ ထို 2% ကျသွားသော Voting power ပြန်ပြည့်ရန် ၂ နာရီ စောင့်ရပါသည်။ ထို့ကြောင့် မိမိ Voting အား တကြိမ်တည်ဖြင့် Post ၄ ခု ၅ ခု ဆက်တိုက်ပေးခြင်းထက် ၂ နာရီခြား တခါ ၊ ၃ နာရီခြားတာခါ Vote ပေးခြင်းက ပို၍ သင့်လျော်ပါသည်။

လူသစ်များ အနေဖြင့် မိမိတို့ Hive power မရှိသေးသည်ဖြစ်ရာ Hive platform တွင် စိတ်ရှည်ဖို့ရန် အထူးလိုအပ်လှပါသည်။ မိမိတို့ post များအား လူအများ သတိပြုမိစေရန် ၊ အထူးသဖြင့် Voting ရကြစေရန် သတိပြုစေလိုပါသည်။

အထူးသဖြင့် မိမိတင်လိုက်သော Post များတွင် Comment များအား တလေးတစား ပြန်ကြားပေးခြင်း / အခြားသူများ၏ post များအား Comment ပေး၍ မိမိသိလို သော အကြောင်းအရာများအား မေးမြန်းနိုင်ပါသည်။

Hive platform သည် Facebook နှင့် များစွာကွာခြားပါသည်။ Facebook တွင်မိမိသိကျွမ်းသူများအား အပြင်တွင် community အလိုက်တွေ့ရန် ခဲယျဉ်းသော်လည်း ကျွန်တော်တို့ Blockchain community ကတော့ ထိုသို့ မဟုတ်ပါ။

ယခုအချိန်ထိ MSC ပုဂံ တွေ့ဆုံပွဲဟူ၍ ပြောလိုက်လျင် သိမှီလိုက်သူတို့ အကုန်လုံး ရောက်လာပါလိမ့်မည်။ ဆိုလိုသည်မှာ Hive platform တွင် ရှိနေသော မိတ်ဆွေများသည် မိသားစုသဖွယ် ခင်မင်သွားကြသူများ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် လူသစ် အနေဖြင့် ဝင်ရောက်လာသော မိတ်ဆွေများ အား သတိပေးလိုသည်မှာ Hive Myanmar community တွင် ကွယ်ဝှက်ထားသည်များ မရှိသလို လူမျိုးရေး ခွဲခြားဆက်ဆံခြင်းလည်း မရှိပါ။

မိမိကသာ Hive platform တွင် ရေရှည် ရင်းနှီးမြုပ်နှံလိုသူဖြစ်ပါလျင် မြန်မာနိုင်ငံသား တိုင်းအား ဖိတ်ခေါ်ပါသည်။ Hive platform သည် အစပိုင်းတွင် အလွန်စိတ်ပျက် ဖွယ်ကောင်းပါသည်။

မိမိတွင် Hive power မရှိ။ မိမိတင်သမျှ post အား မည်သူမျှ အရေး မလုပ်ကြ ။ စသည်ဖြင့် စိတ်ပျက်သွားတတ်ကြပါသည်။ ကျွန်တော့ အနေဖြင့် အားပေးလိုသည်မှာ ဤ Hive platform ပေါ်သို့ ရောက်နှင့်ကြပြီးသော သူတိုင်းသည် Hive power 1000 / 5000 ဟူ၍ ရောက်လာကြသူ တယောက်မျှမရှိပါ။

Hive power သုံည ဟူသော နေရာမှ စခဲ့ကြရသူများ ဖြစ်ပါသည်။ ဤ နေရာတွင် လူသစ်များ အတွက် ကျွန်တော့လက်သုံးစကားဖြင့် အားပေးလိုပါသည်။ ကံမပါလျင်တောင် ဝရိယ အကျိုး ခံစားခွင့် ရှိသည်ဟူသော ဥပမာမှာ Hive platform ကို ဆိုလိုရင်း ဖြစ်ပါသည်။ မယုံလျင် အခြားသော Hive Myanmar စီနီယာများအား မေးကြည့်နိုင်ပါသည်။

Henry Aung ( Kachin )

04/09/2021 - Saturday - 19;51 Pm

Sort:  

ကျွန်တော်ကတော့ ဝီရိယ အကျိုဗျို့
သုည ကစခဲ့သူ တစ်ယောက်ပါ။
!PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @htwegyi.

Did you know PIZZA team has a curation trail with 29 followers? (6/10)

အားပေးတယ်ဗျို့... ရပ်မသွားဖို့ အရေးကြီးတယ်။ !PIZZA

$PIZZA@htwegyi! I sent you a slice of on behalf of @kachinhenry.

Did you know you can spend $PIZZA on games in the $Pizza Store? (6/20)

ကျွန်တော်တို့က mining နဲ့ မဟုတ်ပဲ ဒီလို ပိုဒ့်တင်တာက နေ mint လုပ်နေတာလား။ ဒါမှမဟုတ် mining coin တွေကို ဒီထဲ inject လုပ်ပေးနေတာလား တစ်ခု မရှင်း သေးတာပါ။

ဟုတ်ကဲ့ ။ ကျွန်တော်တို့ post တင်တာ တွေ comment ပေးတာတွေ Vote ပေးတာတွေ စတဲ့ Block Activities တွေကနေ Mint လုပ်နေတာပါ။ အသေးစိတ်ကို Hive ရဲ့ WhitePaper မှာ ဖတ်နိုင်သလို သိချင်တဲ့ အကြောင်း အရာအတွက်တော့ screenshot နဲ့ ပြထားပေးပါတယ်။
screen_shot_2021_09_05_at_12.51.06.png

ဟုတ်ဆာဟင်။ ဝရိယအကျိုးခံစားရတာတော့ လက်တွေ့ပဲ။
နေ့စဥ်ပိုစ်တင်မပျက်အောင်ပဲ ကြိုးစားခဲ့ရင်းက မသိစိတ်က Hive ကို
ခင်တွယ်သွားစေတာ။ နောက်ပိုင်း ပိုစ်မတင်ပဲ မနေနိုင်အောင်ဖြစ်သွားတာ။

ဟုတ်ကဲ့ ။ ကျွန်တော်တို့ post တင်တာ တွေ comment ပေးတာတွေ Vote ပေးတာတွေ စတဲ့ Block Activities တွေကနေ Mint လုပ်နေတာပါ။ အသေးစိတ်ကို Hive ရဲ့ WhitePaper မှာ ဖတ်နိုင်သလို သိချင်တဲ့ အကြောင်း အရာအတွက်တော့ screenshot နဲ့ ပြထားပေးပါတယ်။ !PIZZA

$PIZZA@myanmarkoko! I sent you a slice of on behalf of @kachinhenry.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (1/20)

ကျနော်လည်း လီရိုကိုခဏပစ်ထားပီး hive ဘက်မှာ ပိုစ်တွေတင်တော့မယ် အကိုရေ..
တခြားတော့မဟုတ်ပါဘူး..ကျနော့သမီးငယ်လေးရဲ့ everyday activities လေးတွေကို မှတ်တမ်းရေးလာခဲ့တာ ၂နှစ်နီးနီးရှိတော့မယ်..hiveမှာသာရေးမတင်ဖြစ်ခဲ့တာပါ အပြင်မှာတော့ ရေးမှတ်နေဆဲပါအကိုဟင်။!PIZZA

Post ကောင်းလေး တွေဖတ်ရတော့မှာပေါ့။ အားပေးနေပါတယ်။ !PIZZA

$PIZZA@sheinthu! I sent you a slice of on behalf of @kachinhenry.

Did you know Pizzabot in Discord has a bunch of useful commands? (3/20)

ကြိုးစားနေပါပီ😁

Posted Using LeoFinance Beta

@sheinthu, sorry! You need more $PIZZA to use this command.

The minimum requirement is 20.0 PIZZA liquid, and 0.0 PIZZA staked.

More $PIZZA is available from Hive-Engine or Tribaldex

ကျွန်တော်လဲ သုညကလာတာပါ
အကို့ post ဖတ်တိုင်း အားအင်တွေ ပိုပိုတိုးလာတယ်
ကျေးဇူးပါအကို
!PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @naythan.

Have you voted for Pizza teams Hive witness (pizza.witness)? (8/10)

အခုလို အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ !PIZZA

$PIZZA@naythan! I sent you a slice of on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (4/20)

ဘယ်အရာမဆို ဇွဲလုံ့လဝီရိယက အခရာကျပါတယ်။ ဉာဏ်ပညာ ထည့်လိုက်ရင်တော့ ဆထက်တိုးပေါ့။ !PIZZA

$PIZZA@kachinhenry! I sent you a slice of on behalf of @tin.aung.soe.

Did you know you can now buy Rising Star packs with $PIZZA? (9/10)

ဇွဲလုံးလ မှာ ညဏ်ပညာ ထည့်ပေါင်းလိုက်ရင် တန်းခိုး ရှိသလို ဖြစ်သွားတယ်တဲ့။ !PIZZA

$PIZZA@tin.aung.soe! I sent you a slice of on behalf of @kachinhenry.

Did you know you can spend $PIZZA on games in the $Pizza Store? (5/20)

ခုမှ စလေ့လာနေသူမို့ Post တွေအကုန် လိုက်ဖတ်နေပါတယ် အခက်အခဲတွေလည်းရှိနေတုန်းပါ ကျေးဇူး တင်ပါတယ်ရှင့်