မင်္ဂလာပါ။ ယနေ့တော့ Hive platform အကြောင်း ပြောကြပါအုံးစို့။ ကျွန်တော် Hive အား စောင့်ကြည့် နေခဲ့သည်မှာ တပတ်ခန့် ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ Hive သည် USD 0.40 ခန့်တွင် တည်ငြိမ်နေရန် ကြိုးစားနေပုံရပါသည်။ ယခု အချိန်အထိတော့ Hive Platform မှ ထွေထွေထူးထူး ကြေညာ ထားချက်များ မတွေ့ရသေးပါ။
Hive နှင့်ပတ်သက်၍ Pizza နှင့် CCC တို့ကတော့ ခြေလှမ်း သွက်နေကြပါသည်။ CCC က သိပ်မသိသာလှ သော်လည်း Pizza ကတော့ အတော်လေး ခြေလှမ်း သွက်နေပါသည်။ pizza အား stack လုပ်နိုင်ပြီ ဖြစ်သလို Stacking rewards များလည်း ရရှိနိုင်ပြီ ဖြစ်ပါသည်။
Hive platform မှ ထွက်ရှိလာသော Project များတွင် ခြေလှမ်း သွက်နေသော အခြား token တခုမှာ CBM ပင် ဖြစ်ပါသည်။ CBM သည်လည်း မိမိအလကား ယူထားသော Card များ ချရောင်း နိုင်ရန် အတွက် နိုင်ငံသား Passport လုပ်ယူရမည် ဖြစ်ပါသည်။ Passport မှာ အလကားလုပ်ယူ၍ မရပါ။ ဒေါ်လာ ၂၀ ခန့်ကုန်ကျမည် ဖြစ်ပါသည်။
ကျွန်တော်ကတော့ Game စိတ်ဝင်စားသူ မဟုတ်၍ Passport မလုပ်ထားတော့ပါ။ CBM token များသာ စုထားပါတော့သည်။ Hive token သည် ဈေးကွက် အတွင်း၌ နေ့စဉ် ဒေါ်လာ သန်း ရာကျော်ဖြင့် ဝယ်ရောင်း လည်ပတ်နေသော်လည်း Coinmarketcap ၏ အဆင့် ၂၀၀ အောက်သို့ ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေ HBD saving project အောင်မြင်နေသ၍ Hive သည် တည်ငြိမ်သော ဈေးကွက်တခု ကို ထိန်းထားနိုင်မည်ဟု မျှော်လင့် ရပါသည်။ ဆိုလိုသည်မှာ ယခု Hive တွင်ရှိနေသော Project များကြောင့် hive သည် ဈေးကွက် အတွင်းသို့ စုပြုံ ရောင်းချကြမည့်အစား အထက်တွင် ဖေါ်ပြထားသော Project များတွင် ရောက်သွားသဖြင့် ဈေးထိုးကျမည့် အန္တရာယ် မှ အနည်းငယ် ကင်းဝေးသွားသည်ဟု ယူဆရပါသည်။ အချိန် ကြာလာသည်နှင့်အမျှ Hive သည် အောင်မြင်လာပါလိမ့်မည်။
ကျွန်တော့ အထင်သာ ဖြစ်၍ မုချအောင်မြင်လာလိမ့်မည် ဟု ကျွန်တော်လည်း အတတ်မပြောဝံ့ပါ။ ယခုအချိန်ထိတော့ Hive platform သည် သူလုပ်စရာရှိသည်ကို လုပ်နေရင်း သူ့လမ်း သူဖေါက်လျက်ရှိပါသည်။ ကျွန်တော်တို့ကတော့ သူဖေါက်သည့် လမ်းအတိုင်း လျှောက်ရုံသာ ရှိပါတော့သည်။
Henry Aung ( Kachin )
05/08/2021 - Thursday - 19;16 Pm
ဖြည်းဖြည်းမှန်မှန်လေးနဲ့ သွားတာကောင်းပါတယ်လေ
ဝုန်းကနဲ့ ထိုးတက် ဝုန်းကနဲ့ ပြုတ်ကျရင် နှလုံးတွေ က
သိပ်မခံနိုင်မှာစိုးရသပ 😁😆
လောလောဆယ်အထိတော့ Hive က USD$40 ဝန်းကျင်ကို ထိန်းထားနေတယ်။ ထပ်မကျဖို့ပဲ ဆုတောင်းရတာပါ့။
အသိတွေ တိုးပွားရပါတယ်
နည်းနည်းချင်းပေါ့။ Hive နဲ့သာအဆက်မပြတ်စေနဲ့။
Hive Platform နဲ့ပက်သတ်တာ ဆိုရင်တော့ အကိုနဲ့ ကိုဟိန်း ပို့စ်တွေပဲ ဖတ် ပြီး ဗဟုသုတ ရပါတယ်။
Hive platform ကလည်း ရေးစရာမကုန်နိုင်ဘူးကိုး...
HIVE လမ်းကြောင်းတွေကိုတော့ မျက်စိလျှင်ထားဖို့ လိုမယ် ထင်တယ်။
!PIZZA
$PIZZA@kachinhenry! I sent you a slice of on behalf of @tin.aung.soe.
Learn more about $PIZZA Token at hive.pizza (7/10)
ဟုတ်တယ်။ မပြတ်လေ့လာနေဖို့တော့လိုတယ်။ ကိုယ်တွေကလည်း အားလုံး လိုက်ပြီး မဖတ်နိုင်ဘူး။ အများအားဖြင့်တော့ အကြမ်းဖျင်းပဲ လေ့လာမိတာရယ်။
Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :
Your next target is to reach 24000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Check out the last post from @hivebuzz:
ကျွန်တော်လည်း ခုတလော Hive စျေးကို လေ့လာနေမိတယ်။
0.4 ဝန်းကျင်မှာ ထိန်းထားတာတွေ့ရတယ်။
အရင်တုန်းက လက်ယားစရာလေး မရှိတော့ ဂရုမစိုက်မိခဲ့ဘူးပေါ့။
ခုတော့ USDT အနည်းငယ်ရှိတာနဲ့ Hive ကိုကစားကြည့်နေတယ်။
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more, by @kachinhenry.
You are right. The price has reached 0.41$. I like hive.
@kachinhenry