မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Hive platform အကြောင်း မရေးဖြစ်သည်မှာ အတော်ကြာလာခဲ့ပြီ ဖြစ်ပါသည်။ Hive platform ။ Steemit platform သုံးစွဲသူတို့ ၏ လွတ်မြောက်ရာ Platform ။ February 2020 မှ စတင်ခဲ့သော Hive platform သည် Cryptocurrency လောကသားတို့ အတွက် အတော်လေးထူးခြားခဲ့ပါသည်။
Steemit တွင် Justin Sun နှင့် Steemit အသုံးပြုသူများ တင်းမာမှုစလာပြီးနောက် Steemit ၏ အခြေအနေကို Cryptocurrency လောကတွင် ကျင်လည် နေသူ အတော်များများ စောင့်ကြည့်နေခဲ့ကြပါသည်။
Justin Sun ၏ မျက်နှာဖုံးကွာကျသွားပြီးနောက် Steemit မှ Developers များက Hive platform အဖြစ်ဖန်တီးကာ လွတ်လပ်သော ၊ တစုံတဦး ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသော ၊ မိမိ အကောင့်အား မိမိပိုင်ဆိုင်နိုင်သော Social Media Blockchain တခုအဖြစ် ထွက်ပေါ်လာစေခဲ့ပါတော့သည်။
ကျွန်တော့အထင် Steemit တွင် ကျင်လည် ခဲ့ကြသူ အားလုံးနီးပါး Hive platform ပေါ်သို့ ရောက်ရှိလာခဲ့သည်ဟု ထင်ပါသည်။ Justin Sun အား ထောက်ခံအားပေးသော အကောင့် အချို့သာ Steemit တွင်ကျန်ခဲ့ကြပါလိမ့်မည်။ ယမန်နေ့က ကျွန်တော် Steemit Witness စာရင်းအား ဝင်ကြည့်ဖြစ်ပါသည်။
Justin ခန့်ထားသော ထိပ်တန်း Witness အယောက် 20 အပြင် အခြားသော Witness 10 ယောက်ခန့်သာ ကျန်ရှိနေပါတော့သည်။ ဆိုလိုသည်မှာ Blockchain တခုလုံးအား ကောင်းမွန်စွာ လည်ပတ်ရန် ထိန်းသိမ်း လုပ်ဆောင်ပေးသော Witness အယောက် ၁၀၀ တွင် အယောက် ၇၀ နှုတ်ထွက်သွားသည် ဆိုခြင်းမှာ ထို Blockchain သည် မရပ်တန့်ရုံတမယ် လည်ပတ်နေသော blockchain တခုအဖြစ်သို့ ရောက်သွားပြီကို သိနိုင်ပါသည်။
Justin သည် ချမ်းသာသူဖြစ်ပါသည်။ သူ၏ Tron အား Bitcoin ကဲ့သို့သော နေရာသို့ ရောက်ရန် ကြိုးစားနေသူဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်နားလည် ထားသလောက် Justin ၏ နောက်ကွယ်တွင် သူ့အား လမ်းညွန်ပေးမည့် ပညာရှင်များ မရှိပဲ သူကြိုးဆွဲရာ ကကြမည့် ပညာရှင်များ သာ သူ့အား ဝန်းရံနေကြခြင်း ဖြစ်ပါသည်။
Steemit သည် သူ့အတွက် အကောင်းဆုံး ဥပမာ ဖြစ်သလို Cryptocurrency လောကတွင် ကုမ္ပဏီသာ ဝယ်၍ ရမည်။ အသုံးပြုသူ လူတန်းစားအား ဝယ်ယူ၍ မရနိုင်သည်ကို Justin ကောင်းကောင်းကြီးသဘောပေါက် နိုင်ပါလိမ့်မည်။
ထို့အတူ Decentralisation ( ထိန်းချုပ်မှုမဲ့ ) ဟုခေါ်သော Blockchain နည်းပညာများတွင် တစုံတယောက် က အားလုံးစုံ ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်းကို Communities ဟု ခေါ်သော Steemit အဖွဲ့သားများက Hive platform အား တည်ဆောက်ခြင်း ဖြင့် Justin Sun ၏ ထိန်းချုပ်မှုအား အတိအလင် ဆန့်ကျင်ခဲ့ကြပါသည်။
ဤ လွတ်လပ်သော Hive platform ဖွဲ့စည်းခြင်း အပေါ် ကြိုဆိုကြသူအများအပြားရှိပါသည်။ Hive token အား မိမိတို့ Exchange တွင် ICO ခေါ်စရာမလိုပဲ နေရာပေးကြခြင်း မှာ Cryptocurrency လောက တွင် Hive token တခုတည်းသာ ရှိပါသေးသည်။
Justin နှင့် ရင်းနှီးသော Binance ကလည်း အစပိုင်းတွင် Hive အား လက်မခံနိုင်သယောင် တင်းခံနေပါသေးသည်။ သို့သော် Bittrex ,Houbi နှင့် အခြားသော Exchanges များက Hive token စျေးအား ဆွဲတင်ကြသော အခါ Binance အနေဖြင့် တင်းမခံနိုင်တော့ပါ။
ဤကဲ့သို့ coin , token များအား စျေးဆွဲတင်သော အခွင့်အရေးမျိုးသည် Exchange site များအား အမြတ်အကြီးကြီးရစေသောကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် Coin / token တို့အားဆွဲတင်ရာတွင် USD $ သန်းနှင့်ချီ အသုံးပြုကြသောကြောင့် Trading Commission ရသော Exchanges တို့ လက်မလွတ်နိုင်သော အခွင့်အရေး ဖြစ်ပါသည်။
ကျွန်တော်ပြောနိုင်သည်တခုက လက်ရှိ အချိန်တွင် Justin အနေဖြင့် သူ့လက်အောက်မှ ခွဲထွက်သွားသော Hive platform သည် Steemit ထက်သာလွန်နေသည်ကို တွေ့နေရသောကြောင့် နေမထိထိုင်မသာ ဖြစ်နေပါလိမ့်မည်။ ထို့အတူ Steemit လူဟောင်းများကလည်း အားလုံးနီးပါး Power down နေကြသဖြင့် သူ့အနေဖြင့် Steemit အားဝယ်ယူခြင်းသည် ဂျင်းအကြီးကြီး မိပြီ ဖြစ်ကြောင်း သဘောပေါက်ပါလိမ့်မည်။
လက်ရှိ အချိန်တွင် သူ့လက်ဝယ် Steem သန်း ၇၀ ခန့် ပိုက်ဘောမိနေပါသည်။ သူ့အနေဖြင့် ဤသန်း ၇၀ သော Steem များအား အမြတ်ရစေရန် အတွက် လုပ်နိုင်သည့် နည်း ၂ မျိုးရှိပါသည်။ ပထမအနေဖြင့် Steemit အား နောက်ထပ်ရင်းနှီးမြုပ်နှံမှုပြုကာ လူရိုသေ ရှင်ရိုသေ ဖြစ်သော Social media blockchain တခုဖြစ်လာစေရန် ဖန်တီးရမည် ဖြစ်ပါသည်။
သို့မဟုတ်ပါက ဒုတိယအနေဖြင့် ဤသူပိုင်ဆိုင်သော Steem သန်း၇၀ အား အမြတ်ထွက်စေရန် Exchanges များတွင် Pump & Dump ပြုလုပ်ရပါလိမ့်မည်။ Steemit မည်မျှကောင်းလာပြီ ၊ မည်သည့် ကုမ္ပဏီနှင့် ချိတ်ဆက်မိပြီ ၊ ဝယ်လိုအား တက်လာပြီ စသည်သတင်းများလွင့်ကာ Steem အား Pump & Dump ပြုလုပ်နိုင်ပါသည်။
ဤ အချက် ၂ ချက်တွင် မည်သည်က ပို၍ ဖြစ်နိုင်သည် ကို မိတ်ဆွေသာ စဉ်းစားဆုံးဖြတ်စေချင်ပါသည်။ Justin တွင် သူ၏ ကိုယ်ပိုင် Trade Mark ဖြစ်သော Tron ( TRX) ရှိနေပါသည်။ ထို့အတူ BitTorrent ကိုလည်းဝယ်ယူထားပါသည်။
ထို့ နောက် Steemit ။ ယခင်က Steem ၏ ထိပ်တန်း Exchange site ဖြစ်သော Poloniexသည် နာမည် အလွန်ကြီးပါသည်။ ၂၀၁၆ trading ကာလအား မှီလိုက်သူတို့ သိကြပါလိမ့်မည်။ Poloniex Exchange site အား Justin ဝယ်ယူပြီးနောက် လက်ရှိအချိန်တွင် Exchanges site များ၏ အဆင့် ၁၆၀ သို့ ရောက်သွားပါလေတော့သည်။
ကျွန်တော့ အနေဖြင့် Justin အား ချစ်ခြင်း မုန်းခြင်း မရှိပါ။ သူဘယ်အကွက်ရွှေ့မည်ကို သာ စောင့်ကြည့်နေခြင်း ဖြစ်ပါသည်။ သူ့တွင် TRX ရှိသည် ၊ Bittorent ရှိသည် ၊ Steem ရှိသည်။ သုံခုလုံးအား ဆွဲတင်၍မရပါ။ Steem အနေဖြင့် Hive ထက်ကျော်လွန်သော စျေးတခုသို့ ရောက်လာပါလိမ့်မည်ဟုထင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် Justin အနေဖြင့် သူ့အား အာခံထွက်သွားသော Hive အား တကြိမ်တော့ ပြန်ပြီး လက်စားချေလိမ့်မည်ဟုထင်ပါသည်။ Steem အား pump & Dump ဟူသော အနေအထားကိုဖန်တီးလိမ့်မည်ဟုယုံကြည်ပါသည်။ ဤသည်မှာ ကျွန်တော့ အထင်သာ ဖြစ်၍ အမှန်ဟု မယူဆစေလိုပါ။
Justin အနေဖြင့် Cryptocurrency လောကတွင် နာမည်တလုံးဖြင့် နေခဲ့ရာမှ Ned ၏ Steemit ကြောင့် နာမည်ပျက်ခဲ့ရသည်ကို တနည်းနည်းဖြင့် အဖတ်ဆယ်ပါလိမ့်မည်ဟုယုံကြည်ပါသည်။
Henry Aung (Kachin)
အသိွေ တိုးစေပါတယ်။ ျေးဇူးပါ ကိုဟင်၊ ဘာပဲပြောပြော steemit ဆိုသော စကားလုံးက ျွန်တော့်ရင်ထဲ စွဲနေတုန်းဘဲ။ အဆင်ပြေစေချင်ပါတယ် steemitရေ.....
အမှန်ပဲ ကိုမဟော်.... Steemit ဟာ ကျွန်တော်တို့ရင်ထဲ အတော်လေး နေရာယူခဲ့တာ။ ပြသနာ ဖြစ်လာကာစက အဆင်ပြေကြပါစေ မျှော်လင့်ပေမယ့် Justin က အလျှော့ပေးမဲ့ပုံ မပေါ်တော့ ခွဲထွက်သွားကြတာ။
အဖက်ဆယ်နိုင်စေဖို့ မျှော်လင့်ချင်ပါသော်လည်း Steem တောင် ကုန်ခါနီးတော့မယ်။
ဘာပဲဖြစ်ဖြစ် အမြတ်ထွက်အောင် စောင့်ကည့်နေရဦးမယ်။
ကျွန်တော်လည်း Exchange မှာ Steem တချို့ ချန်ထာဖို့ စဉ်းစားထားတယ်။
ဆင်ဆာထိန်းချုပ်မှု အပြည့်အဝလိုချင်သော China ရဲ့ Blockchain social media နဲ့ကိုက်ညီအောင် ဇွတ်အတင်း ရွှေ့နေခြင်းများလား အစ်ကိုဟင် ခင်ဗျ။
Justin ကလည်း တရုတ်လူမျိုးဆိုတော့လျှောက်တွေးကြည့်တာပါ 😁
သိရသလောက်တော့ သူSteemit ကိုဝယ်တာ Community အားကို လိုချင်လို့ပါ။ Steemit community တွေ သူ့ရဲ့ Tron ကို Support ပေးဖို့ဝယ်ယူခဲ့တာလို့သိရပါတယ်။
Hi brother
သတိရပါတယ်နော်
Bro ရော sis ရော နှစ်ယောက်လုံးနော် 😁
ဟာ... ပြည့်စုံ.... အကောင့်ရှိသေးတယ်ပေါ့.... ကြိုဆိုပါတယ်... Hive platform အကြောင်း အများကြီးလေ့လာစရာမလိုဘူးလို့ထင်ပါတယ်။ တခုတော့ရှိတယ် မြန်မာစာ အားလုံး ယူနီကုဒ် အသုံးပြုနေကြပြီလို့....
ဟုတ် ယူနီသုံးဘို့ကျင့်မယ်ရှင့် thanks bro
အော် ပြသနာတွေ အမျိုးမျိုးပါလား ။ အဲ့တာကြောင့်ကိုး
ကော်မန့်တေဖတ်မရဘူး ဒိုမီ။ ယူနီကုဒ်ပါဟ။
unicode နဲ့ဘဲလေ အကို
အပေါ်က မန့်က မကုဒ်ဘူး။ ခုမန့်က ကုဒ်သွားပြီ။ မြင်ရတယ်။
သူ အဖတ်ဆယ်တဲ့နေ့ တို့ steem တွေ ထုတ်ရောင်းရတာပလေ။