မင်္ဂလာပါ။ ကျွန်တော်တို့ Hive ကတော့ $2 အောက်မရောက်စေရန် အတော်လေး ရုန်းကန်နေရသည်ကို တွေ့နေရပါသည်။ Hive ဈေးအတက်နှင့် အတူ Power Down ထားသူတို့ ၏ Hive များ ဈေးကွက်အတွင်းသို့ ရောက်လာကြပြီ ဆိုတော့လည်း ဈေးကွက် တွင် အကျဘက်သို့ ဦးတည်နေသည်မှာ အဆန်းတော့မဟုတ်ပါ။
ဒီဇင်ဘာလ တလလုံး 2$ ဈေးတွင် တောင့်ခံထားနိုင်လျင်တော့ ၂၀၂၂ အတွက် Hive အဖွင့်ကတော့ အတော်လေး လှပသွားမည် ဖြစ်ပါသည်။ Hive ဈေးအတက်တွင် ထိုးချထားခဲ့ကြသော Hive Engine token များသည်လည်း ယခုတော့ တဖြည်းဖြည်း နှင့် ပုံမှန် အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်ပါသည်။
Hive အနေဖြင့် Coinmarketcap ၏ ထိပ်တန်း အဆင့် ၁၀၀ သို့ရောက်ရန် အတော်လေးတော့ ရုန်းကန်ရအုံးမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Coinmarketcap ထိပ်တန်း အဆင့် ၁၀၀ Coin များသည် Total marketcap ၁ ဘီလီယံ အထက်ရှိသော Coin များသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း Hive အတွက်တော့ မကြာမှီ အဆင့် ၁၀၀ အထက်သို့ ရောက်လာနိုင်မည်ဟု ယုံကြည်ပါသည်။ ၂၀၂၂ ခုနှစ်အတွက် Hive မှ ထွက်ပေါ်လာသော Project တခုခုသည် Hive အားလက်ရှိ အခြေအနေထက် ထိုးတက်သွားရန် လောင်စာပေးပါလိမ့်မည်။
ကျွန်တော့ အနေဖြင့် Hive အား သဘောကျသည် မှာ စကားအများကြီး မပြောခြင်းပင် ဖြစ်ပါသည်။ စကားအများကြီး မပြောခြင်း ဆိုသည်မှာ အခြားသော Coin / token များကဲ့သို့ လမ်းပြမြေပုံများ ကြီးကြီးကျယ်ကျယ်ချပြ / ဘယ်အချိန်ရောက်လျင် ဘယ်သို့ ဘယ်ဝါ ကြီးကျယ်နေမည် အောင်မြင်နေမည် အစရှိသော လိမ့်လုံးများ / မက်လုံးများ ပေးမထားခြင်းဖြစ်ပါသည်။
Community များက Proposal တင်ကြ၍ project အတွက် Fund တောင်းမည်။ Hive platform ရှိ Member များက ထို project အားကြိုက်လျင် Vote ပေးမည်။ မကြိုက်လျင် မ Vote ယုံသာ။ အကယ်၍ Voting ပြည့်သွားလျင် Project လည်ပတ်ရန် အတွက် Fund ရရှိမည်။ မိမိ Project အား အောင်မြင် အောင် ဆောင်ရွက်နိုင်ရန်သာလိုပါသည်။
ကျွန်တော် Hive နှင့်ပတ်သက်၍ စဉ်းစားမိသည်မှာ Hive Power မည်မျှ ရှိလျင် အဆင်ပြေနိုင်ပါသနည်းဟူသော မေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းအားဖြေရန် အချက်နှစ်ချက်ရှိပါသည်။ ပထမအချက်မှာ Hive ဈေးပေါ်တွင်မူတည်နေပါသည်။
Hive ဈေးပြား ၂၀ ဆိုလျင် မိမိ Reward HP များ ပိုရ၍ Hive ဈေးတက်လာသည်နှင့် အမျှ HP စုရသည်မှာ ပို၍ ခက်လာပါသည်။ ဆိုတော့ အမြဲတမ်း အသစ် အနေဖြင့် ဝင်ရောက်လာသူတို့မှာ Hive ဈေးနည်းစေရန် လိုလားကြမည် ဖြစ်သလို HP အတန်အသင့် ရှိသူများကတော့ အလိုက်သင့်စီးမျှောရန် Hive ဈေးတက်သည်ကို လိုလားကြပါလိမ့်မည်။
ဤ တွင်အားလုံးအား ခြုံငုံရလျင် ကျွန်တော့ အမြင်တွင် HP 2000 ခန့်ရှိလျင် အလိုက်သင့်စီးမျောရန် အဆင်ပြေပြီဟုဆိုချင်ပါသည်။ HP 2000 ခန့်သည် Hive ဈေးနည်းလျင်လည်း အများကြီးစိုးရိမ်စရာမရှိပဲ မိမိ HP တိုးတထက်တိုးလာစေရန် ဆောင်ရွက်နိုင်သလို Hive ဈေးတက်လာလျင်လည်း အရှိန်မပျက် အလိုက်သင့် စီးမျောသွားနိုင်ပါသည်။
သို့သော်လည်း ယခုကဲ့သို့သော အချိန်တွင် Hive 2000 ဝယ်ထည့်ရန်ဟူသည်မှာ အတော်လေး အရင်းအနှီးကြီးမားပါသည်။ လက်ရှိ Hive ဈေးအား 2$ ဖြင့်တွက်၍ ဒေါ်လာပေါက်ဈေး ၁၈၀၀ ကျပ်ဖြင့် တွက်လျင်ပင် သိန်း ၇၀ ကျော်ခန့်ရှိပါသည်။ ဤ သိန်း ၇၀ ဟူသော ပမာဏသည် ပိုလျှံနေသူများ အတွက် ကိစ္စမရှိသော်လည်း သာမန်လူများ အတွက်တော့ အိမ်ဆိုင်လေး တဆိုင် ကောင်းကောင်း တည်ထောင်နိုင်သော ပမာဏဖြစ်ပါသည်။
Hive Power ဘယ်လောက်ရှိလျင် အဆင်ပြေပြီလဲဟူသော မေးခွန်းအား ဒုတိယအချက် အနေဖြင့် ဖြေရလျင် ပိုက်ဆံ ဘယ်လောက်ရှိလျင် ချမ်းသာပြီလဲ ဟူသော အဖြေနှင့် ခပ်ဆင်ဆင်တူပါလိမ့်မည်။
သာမန်လက်လုပ်လက်စားများအတွက် ငွေ ၁၀ သိန်းသည် အတော်များသည်ဟု ဆိုနိုင်သော်လည်း သူဌေး သူကြွယ်များ အတွက်တော့ တခါ ဈေးဝယ်ထွက်စာပင်မရှိပါ။
Hive Power ၁၀၀ ရှိသူက ၅၀၀ ရှိလာစေရန်ကြိုးစားသလို Hive Power ၁၀၀၀ ရှိသူကလည်း ၅၀၀၀ ရှိလာစေရန် ကြိုးစားနေသ၍ မိမိ Hive Power ဖြင့် ချမ်းသာသူများဟု ဆိုနိုင်ပါသည်။
ကျွန်တော့ အနေဖြင့် ဤ Hive Power အကြောင်းအား အဘယ့်ကြောင့် တစိုက်မတ်မတ် သတိပေးနေရသနည်းဆိုသော် Hive Power သည်သာမန်မဟုတ်ပါ။ မိမိ Hive Power ဖြင့် မဂ္ဂင်လမ်းသို့ ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။
ဤသို့ ဆိုလိုက်သဖြင့် " ဟာ ကိုဟင် အဲတာတော့ များသွားပြီ " ဟုဆိုပါလိမ့်မည်။ သေချာ တွေးကြည့်ပါ။ မိမိ Vote တချက်ကြောင့် အခြားသူသည် 0.1$ 0.3$ စသည်ဖြင့်ရသွားကြပါသည်။ ဤနေရာတွင် Vote မပေခင် " ငါပေးလိုက်သော Vote ကြောင့်ထိုသူ စိတ်ချမ်းသာပါစေ ဟူသော စေတနာ စိတ်လေး ထားတတ်ရန်သာလိုပါသည်။
ဤသို့ စေတနာ ထားတတ်လျင် မိမိ Vote Click တချက်သည် တာဝန် ကြောင့် မဟုတ်ပဲ စေတနာကြောင့် ဖြစ်သော ကြောင့် လှူတန်းရာ ရောက်ပါသည်။ မိမိ Vote ပေးလိုက်ခြင်းကြောင့် မိမိထံမှလည်း လျော့ပါးသွားခြင်း မရှိသလို အခြားသူများအတွက်လည်း ပျော်ရွှင်သွားစေသောကြောင့် Win Win သဘောတရားသာဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် Hive Platform နှင့်ပတ်သက်၍ ဆောင်းပါးပေါင်းများစွာရေးသားပြီး ဖြစ်ပါသည်။ ဘိုးဘိုးအောင်၏ ဝလုံး တန်းခိုးဖြင့် နှစ်ဆတိုးသည် ဆိုသည်မှာ Hive Platform ဆိုလိုခြင်း ဖြစ်တန်ရာ။
အဘယ့်ကြောင့်ဆိုသော် မြန်မာစာလုံးများသည် ဝလုံး အား အခြေခံထားသည်ဖြစ်ရာ ဤသို့ မြန်မာစာ ရေးသားရင်း ၂ ဆတိုးပွားလာမည့် သဘောဖြစ်ပါသည်။ Hive Power များလာလေလေ ဤ Platform ၏ လုပ်နိုင်စွမ်းအားသည် ဆတိုးကိန်းဖြင့် တိုးပွားလာလေလေသာ ဖြစ်ပါသည်။
Henry Aung ( Kachin )
02/12/2021 - Thursday - 18;49 Pm
ဟုတ်ကဲ့အကို hp တွေ တိုးပွားအောင် အမြဲကြိုးစားနေပါတယ်
!PIZZA
!LOLZ
lolztoken.com
They can't see the red flags.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)@kachinhenry, I sent you an on behalf of @naythan
အဆင်ပြေပါစေ ညီရေ... !PIZZA. !LOL. !LUV
lolztoken.com
Which is why I still live with my parents.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)@naythan, I sent you an on behalf of @kachinhenry
(1/1) gave you LUV. | wallet | market | tools | connect | <><
@kachinhenry
SourceHere is your Proof of Brian. I think you meant #ProofOfBrain
Thanks You...Edited !PIZZA. !LOL
lolztoken.com
but the day before is a sadder day.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)@proofofbrian, I sent you an on behalf of @kachinhenry
ဟုတ်။ vote တဲ့အချိန် သူလဲ အဆင်ပြေ ကိုယ်လဲ HP ကျန်ဆိုတော့ ကုသိုလ်လဲရ ဝမ်းလဲ ဝ ပုံစံပါပဲ။ !LUV
Hive platform ကအတော်လေး ကောင်းမွန်တဲ့ Platform တခုပါ။ !PIZZA. !LOL
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
Voting ပေးချိန်မှာ စိတ်နေ စိတ်ထား ပေးတတ်သွားပီပေါ့ !PIZZA
ကုသိုလ် အလုပ်ကို အချိန်ပေးပြီးမလုပ်နိုင်တော့ ရတဲ့အချိန်လေး ကုသိုလ် လုပ်ရတာပေါ့။ !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
ခေတ်စကားနဲ့ပြောရရင်
Hive power ကြီးသူက အကောင်ပါပဲ။
ဆာဟင်တို့ရဲ့ လမ်းပြမှုတွေနဲ့ ခရီးဆက်လာတာ အခုဆိုရင်
အတော်လေးခရီးပေါက်နေပါပြီ။
ထပ်မံပြီး Hive Power များ စုသွားပါ့မယ်။
!PIZZA
အဆင်ပြေပါစေ ညီရေ...!PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
ဟုတ်တယ်ကိုဟင်ရေ ကျနော်လဲ ဘုတ်ပေးရင်း စေတနာစိတ်လေးရှေ့ထားပီး ပေးလိုက်တာပဲ။ Hive ပလက်ဖောင်းက ဒိထက်မက တိုးတက်လာအုန်းမှာပါ။
အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
ဝင်းဝင်းသည် နှစ်ဖက်လှ၊ နေ့လည်းလှ ညလည်းလှပါသည်။ မိမိကဲ့သို့ လူသစ်များအနေဖြင့် လိပ်ကလေးလို သွားနေရ၍ Hive power ကိုဝယ်စုရမည်လားပင် စဉ်းစားမိသော်လည်း မည်သူ့ထံ မည်သို့ ဝယ်ရမည်မသိ၍ ဒီအတိုင်း စာသာ ရေးနေပါသည်။ !LOLZ
lolztoken.com
He was resisting a rest.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)@kachinhenry, I sent you an on behalf of @sayalu
ခုချိန် ဝယ်ရင်တော့ ကိုယ့်လူထဲကနေ ရောင်းပေးမဲ့သူတွေ မရှိလောက်ဘူး။ ကိုဒွန်တို့ ကိုဟိန်းတို့ ကိုသန့်ဇင် တို့တော့ Hive ကို မြန်မာငွေနဲ့ တိုက်ရိုက် ဝယ်ရောင်းလုပ်တဲ့ internal market နဲ့ သိလောက်တယ်။ သူတို့ကို ဆက်သွယ်ကြည့်ပါ။. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
ကိုဟင် ကတော့ ဓမ္မကထိက ထက်တောင်
ရေးတတ် ပြောတတ်နေသေး။
!PIZZA
!LOLZ
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@htwegyi you can call @lolzbot a maximum of 6 times per day.
ဒီလိုပဲ ရှာကြံရေးရတာပေါ့။. !LOL. !PIZZA. !LUV
lolztoken.com
He was just going through a stage.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)@htwegyi, I sent you an on behalf of @kachinhenry
ဒီနေ့ကစ vote ပေးချိန်မှာ စိတ်ထားလေး ပြောင်းပြီလေ။
အဟေး..
ကျေးဇူး ကိုဟင်
!PIZZA
စိတ်ထားကောင်းရင် အိတ်ကြီးဖေါင်းလာလိမ့်မယ်။. !PIZZA. !LOL. !LUV
lolztoken.com
He wanted something *meteor*.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)@donjaun, I sent you an on behalf of @kachinhenry
ပါဝါစုနေပါတယ်လို့ ၊ ဆတိုးကိန်းလေးများကို မြင်ယောင်နေပါပီ။ !PIZZA
အကောင်းဆုံး ဖြစ်လာပါစေ။. !LOL. !PIZZA
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
ဟုတ်ပါတယ် ကျနော်တို့လည်း ကိုဟင်အတွေးနဲ့ အတူတူပါပဲခမျာ
ကျနော်တို့ group မှာရှိတဲ့ လူအများစုလည်း ဒီလိုပဲနေမှာပါလေ။
အင်မတန် မြင့်မြတ်ပါတယ် အကိုရေ။!PIZZA
စိတ်ထားတတ်ဖို့သာ လိုတာ။ ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက်ရပေါ့။. !PIZZA. !LOL. !LUV
lolztoken.com
Tell a women you love her.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)@sheinthu, I sent you an on behalf of @kachinhenry
Hive ရဲ့ vote အပေါ်ထားတဲ့သဘောတရားကိုလေးစားမိပါတယ်။
စေတနာ့အကျိုး ချက်ချင်းခံစားရပါစေ။
ကျေးဇူးအများကြီးတင်ပါတယ်။ !PIZZA. !LUV. !LOL
lolztoken.com
A Praystation 5
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)@nweoomon, I sent you an on behalf of @kachinhenry
ဟုပ်တယ်ဗျာ့ အဓိင ကတော့ hive power ဘဲ။
ပါဝါနည်းရင် ဝယ်ဖြည့်ရင်ဖြည့် မဖြည့်ရင် နလံထူဘို့မလွယ်ဘူး
ဈေးနည်းချိန်ဆိုရင်တော့တမျိုးပေါ့။ တက်ဈေးနဲ့ကလည်း ဝယ်ဖို့က အဆင်မပြေဘူး. !PIZZA. !LOL
lolztoken.com
You are out of jokes for the day!
Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 6 times per day.
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped myanmarkoko (x1)
myanmarkoko tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped ong.aye.myat.mon (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped proofofbrian (x1)
naythan tipped kachinhenry (x1)
kachinhenry tipped naythan (x1)
kachinhenry tipped sheinthu (x1)
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped yuzana (x1)
kachinhenry tipped princekham (x1)
sheinthu tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped sayalu (x1)
(3/9) @viviankay00 tipped @kachinhenry (x1)
Learn more at https://hive.pizza.
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more, by @kachinhenry.
HP ဘယ်လောက်ထိစုရမလဲ တွေးနေတာ အခုတော့ အတော်ပဲဖြစ်သွားပြီ ကျေးဇူးပါရှင့် !PIZZA