ကပ်ရောဂါဆိုသည်မှာ ( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ နေ့စဉ်နှင့်အမျှ Facebook ပေါ်မှ သတင်းများအား ကြည့်ရှုရင်း ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရသော ဤကပ်ရောဂါဆိုးအကြောင်း တွေးမိနေပါတော့သည်။ ဤကပ်ရောဂါသည် လူလုပ်သော ဗိုင်းရပ်စ် ဖြစ်စေ ၊ တိရိစ္ဆာန် မှ ကူးစက်သည် ဖြစ်စေ လက်ရှိအချိန်တွင်တော့ ကာကွယ်ဆေး မထုတ်နိုင်သေးသော ကမ္ဘာ့ ကူးစက်ရောဂါအသွင် ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါသည်။

ကမ္ဘာ့ နိုင်ငံကြီးများမှ ခေါင်းဆောင်များကလည်း မျှားဒါဏ်ရာ ကုသနေရသဖြင့် မျှားပစ်သူ မည်သူ ဆိုသည်ကို အရေးမထားနိုင်သေးပါ။ သို့သော် မျှားဒါဏ်ရာပျောက်လျင်တော့ မျှားပစ်သူသည် လည်း သေဖို့သာပြင်ထားဟူ၍ ကြုံးဝါးနေကြပါသည်။

ဤကပ်ရောဂါသည် အနောက်နိုင်ငံကြီးများတွင် ကူးစက်နှုန်းနှင့် တရက်တရက် သေဆုံးနှုန်းများမှာ ကြောက်ခမန်းလိလိပင် ဖြစ်ပါသည်။ မိမိဆွေမျိုးသားခြင်း၊ မိမိခင်ပွန်း ၊ ဇနီးမယား ၊ သားသမီးဟူ၍ ကိုယ်တိုင်ပြုစု ယုယ နိုင်ခြင်းမရှိ ။ ဤရောဂါ ဖြစ်လာလျင် လူသူများနှင့် ဝေးရာသို့ ဖယ်ကျဉ်းရတော့သည်။

မတော်တဆ ဆုံးပါးသွားလျင်လည်း မိမိဆွေမျိုးသားခြင်း ဟူ၍တခမ်းတနား အသုဘ အခမ်းအနားများ ဖြင့် ပြင်ဆင်လိုက်ပါပို့ဆောင်နှိုင်ခြင်းမရှိ ၊ နေ့စဉ်လူပေါင်း ရာချီ၍ မြုပ်နှံသင်ဂြိုဟ် နေရသော အချိန်အခါဖြစ်သဖြင့် သရနဂုံ တင်ချိန်မျှပင်မရှိ ဖြစ်နေရသော အချိန်အခါ ဖြစ်ပါသည်။

မည်မျှ ချစ်ရသောသူပင်ဖြစ်စေ ဤရောဂါပိုးက မသေခင်ကပင် မိအိတို့အား ခွဲခွာစေမည် ဖြစ်ပါသည်။ ထိုအရာများနှင့်စပ်လျဉ်း၍ တွေးတောကြည့်သော အခါမှ ကပ်ရောဂါဟူသော အဓိပ္ပာယ် ကို အကျယ်ချုပ်သိရပါတော့သည်။ လျင်မြန်စွာ ကူးစက်တတ်သော ရောဂါလည်း ဖြစ်မည် ၊ ရောဂါဖြစ်လာလျင်လည်း ကုသဆေးမရှိ ၊ သေဆုံးသွားလျင်လည်း တိရိစ္ဆာန် တကောင်ကဲ့သို သာမြေမြှုပ်ခံရမည်။

ယခင်က ဖြစ်ပွားခဲ့သော ကပ်ရောဂါများတွင် ပုလိပ်ရောဂါ ၊ ကျောက်ရောဂါ ၊ ကာလဝမ်းရောဂါ စသည် တို့အကြောင်း စာပေများတွင် ဖတ်ရှုရ၍ ထိုကဲ့သို့သော ကပ်ရောဂါများသည် ဆိုးဝါးလှပါတကားဟူ၍ အတွေးရှိခဲ့မိပါသည်။

သို့သော် ထိုကပ်ရောဂါတို့အား မိမိတို့ ကြုံတွေ့ဖူးခဲ့ခြင်း မရှိရကာ ကြောက်ရကောင်းမှန်းမသိ။ သို့သော် ယနေ့ ကျွန်တော်တို့ ခေတ်တွင် ကြောက်စရာကောင်းသော ကပ်ရောဂါဆိုးတခုအား လက်တွေ့ကြုံတွေ့နေရပြီ ဖြစ်ပါသည်။ ခေတ်မှီလှပါသည် ဟူသော ကျွန်တော်တို့ ခေတ်တွင် ထွက်ပေါ်လာသော ရောဂါသည်လည်း ခေတ်မှီကပ်ရောဂါပင် ဖြစ်မည်ဟုထင်ပါသည်။

ကျွန်တော်သိသလောက် လက်ရှိ ခေတ်မှီသော သိပ္ပံဆေးပညာ တွင် အဖြေရှာနေသော ဆေး နှစ်မျိုးရှိပါသည်။ တမျိုးမှာ ကင်ဆာကုသဆေး ဖြစ်၍ အခြားတမျိုးမှာ HIV ဟုခေါ်သော AIDS ကုသဆေး ဖြစ်ပါသည်။ ယခု Covid-19 ဟူသော ကူးစက်ရောဂါအတွက် ကာကွယ်ကုသဆေးများ အသည်းအသန် ကြိုးစားထုတ်လုပ်ရတော့မည် ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုကာကွယ်ဆေး တရက် နောက်ကျလျင် လူ ရာပေါင်းများ စွာ ထောင်ပေါင်းများစွာ၏ အသက်သည် တရက်ထက်တရက် သေဆုံးမှုပို၍များပြားလာမည်ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဤကပ်မှ မလွတ်နိုင်ရာ။ တရက်ထက်တရက် ကူးစက်သူ များပြားလာနေပါသည်။

မကြာခင်ကာလတွင် ရုံးများ လုပ်ငန်းခွင်များ ပြန်လည် ဖွင့်လစ်ကြတော့မည်။ မဖွင့်လို့ကလည်း မဖြစ် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ဒီနေ့လုပ် ဒီနေ့စားနေရသော အခြေအနေဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကျွန်တော်တို့လုပ်နိုင်သော အကောင်းဆုံး အလုပ်မှာ တတ်နိုင်သလောက် အိမ်တွင်းနေရင်း မိမိတို့ကိုးကွယ်သော ဘုရားအား ဆုတောင်းနေရုံသာ ဖြစ်ပါသည်။ ဤကပ်ရောဂါသည် ဆင်းရဲချမ်းသာ အယုတ်အမြတ်မရွေး ပါ။

Henry Aung (Kachin)

H1.jpeg

Sort:  

‌ေမတ္တာတရားသာ အောင်မြင်ရာပါ။
မြှားဒဏ်ရာသက်သာလာပြီး မြှားပစ်သူကို လက်တုန့်ပြန်ကြပါမူ
မဆုံးသော လက်တုန့်ပြန်မှုများသာ။

ဟုတ်ပါ့။ သူက လက်တုန့်ပြန် တဖက်က လက်တုန့်ပြန်... မပြီးနိုင်မစီးနိုင် ​ဖြစ်မှာလဲ စိုးရိမ်မိပါရဲ့။

အခြေနေမဆိုးအောင် ကြပ်ကြပ်မက်မက် ဆောင်ရွက်ပြီး
ပြည်သူတွေလည်း လိုက်နာကြပါမှ ဒီရောဂါဆိုးကြီးကို
ကျော်လွားနိုင်မှာပါ

အမြန်ကျော်လွားနိုင်ပါစေကြောင်း ဆုတောင်းလျက်ပါ။

တကယ်တော့ တရုတ်နှင့်who တို့၏ ပေါ့ဆမှုမှတဆင့် ပေါ့ဆသောနိုင်ငံများ
ပိုအထိနာကြပေသည်။
မြန်မာလည်း ဒိထက် ပေါ့ဆရင် ဒီထက် ဆိုးဖို့သာမြင်

WHO အကြောင်းရေးရလျင်တော့ ဆောင်းပါး တပုဒ် ကောင်းကောင်းရလောက်တယ်။