ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၅ - ၆ ) ( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် စာစု အတော်များများ ရေးသားရန် ကျန်ရှိနေသေးသော်လည်း လက်ရှိ အခြေအနေ တွင် ယခင်က ရေးသားခဲ့သော စာစု များအားသာ ဆက်လက် တင်ပေးပါအုံးမည်။ ယခင်က ရေးသားခဲ့သော စာစုများ ပြီးသွားလျင် ယခု ကျွန်တော် ရေးသားနေသော " ကျိန်စာသင့်မြေ " ဟူသော ခန်းဆက် ဆောင်းပါးအား ဖေါ်ပြပေးပါမည်။

ဤ "ကျိန်စာသင့်မြေ" စာစုတွင် ဝမ်းနည်းစရာ ၊ ပျော်ရွှင်စရာ ၊ စိတ်အားတက်စရာ ၊ စိတ်ပျက်စရာ ၊ ကြေကွဲစရာ စသည့် ရသ မျိုးစုံပါဝင် သည်ဆိုသည့် အကြောင်း အသိပေးလိုပါသည်။ ကျွန်တော့ အနေဖြင့် စိတ်ကူးယျဉ် ဝတ္ထု များထက် ဖြစ်ရပ်မှန် များ ရေးသားရန် ပိုမို အားသန်သည့် အလျောက် ထို "ကျိန်စာသင့်မြေ" ဟူသော စာစုမှာလည်း ဖြစ်ရပ်မှန် အပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ ကြေညာ ဝင်ထားခြင်း သာ ဖြစ်၍ ယခုတော့ Freemason များဖြင့် ခရီးဆက်လိုက်ကြပါအုံးစို့။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၅ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤ Freemason တို့ အကြောင်းရေးရာတွင် သမိုင်းဆိုင်ရာ အထောက်အထားများ ၊ documentary များ ၊ အခြားသူငှာများ ရေးသားထားသော Freemason အကြောင်းအရာများအားရှာ ဖွေ ဖတ်ရှု၍ သင့်တော်သလို မိမိအမြင်ဖြင့် ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်။

ဤသို့ ဝေမျှရာတွင် အပေါ်ယံရှပ်၍ အကြမ်း ဖျင်းသာ မိမိအမြင် အတိုင်း ဝေမျှသွားခြင်း ဖြစ်ပါသည်။ အသေးစိတ် လေ့လာ၍ အကိုးအကားများ ၊ သမိုင်း ဆိုင်ရာ အချက်အလက်များ ခုနှစ် သက္ကရဇ်များ ဖြင့် သေသေချာ ချာ စာတမ်း ပြုစုသကဲ့သို့ ရေးသားရလျင် အချိန်ပေးရမည် ဖြစ်သလို Freemason နှင့် ပါတ်သက်နေသော အခြား အကြောင်းအရာများ ( ဥပမာ Luciferian , Satanic , အလယ်ခေတ် ခရစ်ယန်သာသနာ ၊ ဂျူးလူမျိုးတို့၏ ပါဝင်ပါတ်သက်မှုများ ) စသည်ဖြင့် ပြည့် ပြည့် စုံစုံ ဖေါ်ပြရမည် ဖြစ်သောကြောင့် စာလေး မည် ဖြစ်သော အကြောင်းအရာများအား အတတ်နိုင်ဆုံး ချုံ့၍ ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။

မိမိအနေဖြင့် Freemason အဖွဲ့ဝင် တယောက် မဟုတ်သလို တတ်ကျွမ်းနားလည်သော သမိုင်းပညာရှင် တယောက် လည်း မဟုတ်သောကြောင့် မိမိရေးသားထားသော ဆောင်းပါးသည် ယုံကြည် ထိုက်သည် မယုံကြည်ထိုက်သည်ကတော့ စာရှုသူ မိတ်ဆွေသာ စဉ်းစား ဆုံးဖြတ်စေချင်ပါသည်။

Freemason အကြောင်းပြောရလျင် ခေတ်အဆက်ဆက် ပညာရှင်များ ၊ ရှင်ဘုရင်များ ၊ ပုပ်ရဟန်း မင်းကြီး မှ အစ အာဏာပါဝါရှိသူများ နှင့် ပါတ်သက်နေသည့် အပြင် သမိုင်းဆိုင်ရာ အထောက်အထားများပါ ဆွဲသွင်းရသဖြင့် အားလုံးခြုံငုံ နားလည်း စေရန် အတော်ပင်ကြိုးစားလေ့လာရပါသည်။

ကျွန်တော့ ယခင် ဆောင်းပါး တွင် Freemason တို့ အမေရိကန် ပြည်ထောင်စု တည်ထောင်ခြင်း နှင့် ပထမဦးဆုံး သော အမေရိကန် သမ္မတ Gorge Washington မှာ Freemason ဂိုဏ်းဝင် တဦး ဖြစ်ကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိ ယနေ့ အမေရိကန် သမ္မတ Dornal Thrump အထိ သမ္မတ ၄၅ ယောက်ရှိ ရာ Freemason ဂိုဏ်းဝင် သမ္မတ ၁၄ ယောက်ပါဝင်ပါသည်။

နာမည် အပြည့် အစုံ မဖေါ်ပြတော့ပါ။ Google တွင် အသေးစိတ်ရှာဖွေ ဖတ်ရှုနိုင်ပါသည်။ ဆိုခဲ့သည့် အတိုင်း Freemason တို့ အမေရိကန် နိုင်ငံအား တည် ထောင်ရာ တွင် မြို့ပြ ပုံ စံ များ ၊ အဆောက် အဦး များအား Freemason တို့၏ အငွေ့အသက် အများအပြား ထည့် သွင်းတည်ဆောက်ခဲ့ကြပါသည်။

ယခင် ခေတ်ဟောင်း Freemason တို့ ဆောက်လုပ်ခဲ့သော အဆောက်အဦးများ အား အသာထား လက်ရှိ ၂၁ ရာစု Freemason တို့ ဆောက်လုပ်သော အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် ၊ Denver ( ဒင်ဗာ ) မြို့ ရှိ Denver Airport အကြောင်း အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ Denver Airport မှာ ၁၉၉၅ ခုနှစ် February 28 ရက်နေ့တွင် ဖွင့်လစ်ခဲ့ပါသည်။

ထူးခြားချက်မှာ လေယျဉ်ကွင်း မြေ အကျယ် ဧက ၃၅၀၀၀ ယူထား ခြင်း ၊ လေဆိပ် ကုန်ကျ ငွေပမာဏ ဒေါ်လာ ၄ ဘီလီယံကျော် အသုံးပြုထား ခြင်း ၊ လေဆိပ်အား Denver မြို့နှင့် ဝေးကွာသော နေရာတွင် တည် ဆောက်ထား ခြင်း ၊ လေဆိပ်အား မြေအောက် ထပ် အလွာ ၅ လွှာ ပါအောင် တည် ဆောက်ထား သော်လည်း မြေအောက်ထပ်များ အား အသုံး မပြုခြင်း ၊ ထို့ အပြင် လေဆိပ်အတွင်းတွင် နတ်ဆိုး ရုပ်တုများ ထား ရှိထား ခြင်း ၊ လေဆိပ် နံရံ ပန်းချီကား များ မှာ နှစ်လိုဖွယ်ကောင်းသော ပန်းချီကားများ မဟုတ်ပဲ New World Order အား ပုံဖေါ်ထားသော ပန်းချီများ ဖြစ်နေခြင်း စသည် စသည် ဖြင့် ပဟေဋ္ဋိ အများ အပြား ရှိနေပါသည်။

ထိုထက် ပို ထူးခြား သော အချက်မှာ Denver လေဆိပ် အထိမ်း အမှတ် ကျောက်စာတွင် Freemason တို့၏ အမှတ်အသား ( ကွန်ပါ နှင့် ကျင်တွယ် ) ထည့်သွင်းထား သလို ထိုလေဆိပ်အား New World Airport Commission မှ တာဝန်ယူ ဆောက်လုပ်ကြောင်း အတိအလင် ရေးထိုး ထားပါသည်။ထိုထက် ပိုထူးခြားသည်မှာ အမေရိကန် နိုင်ငံတွင် New World Airport Commission ဟူသော တရားဝင် အဖွဲ့ အစည်း မရှိခြင်း ပင်ဖြစ်ပါသည်။

ထို့အပြင် Denver လေဆိပ် တည်ဆောက်ပြီးစီးခြင်း အမှတ်တရ စိုက်ထူထားသော ကျောက်စာပါ ရေးသားချက်မှာ ( ဤကျောက်စာမှတ်တိုင်အောက်တွင် မြုပ်နံှထားသော Time Capsule { time capsule အားတိုက်ရိုက်ဘာသာပြန်ရလျင် အာကာသ ယျဉ်ရှိအခန်း ဟု အဓိပ္ပါယ်ရပါသည် } တွင် ၂၀၉၄ ခုနှစ်တွင် နေထိုင်ကြမည် ဖြစ်သော ကော်လိုရာဒို ပြည်နယ်သားများအတွက် အမှတ်တရ ပစ္စည်း နှင့် မှာကြားချက်များ ပါရှိသည်။) ၂၀၉၄ ခုနှစ် တွင် Freemason တို့ အဘယ်အရာကို ကြံစည်နေကြပါသနည်း ။

ထို့အပြင် လေဆိပ် အပြင်ဘက်တွင် သေခြင်းကို ယူဆောင်လာသော မျက်လုံးနီနှင့် အပြာရောင် ဖျော့ သောမြင်းရုပ်တု တခုထား ရှိပါသည်။ ( ခရစ်ယာန် သမ္မာကျမ်းစာလာ ဟောပြောထားချက် စတုတ္ထမြင်း စီးသူ ( pale horse rider ) မှာ စစ်ပွဲ ၊ ရောဂါဘယ ၊ ကပ်ဘေးကြီးများနှင့် သေခြင်း ကို ယူဆောင်လာသူ ) စသည်ဖြင့် ပဟေဋ္ဋိ များ ဖြင့် ပြည့် နှက်နေသော Denver လေဆိပ်မှာ အချို့လေ့လာသူများက New World Order အကောင်ထည် ဖေါ်ရာ ဌာန ချုပ်ဖြစ်သည်ဟု ထင်ကြေးပေးကြပါသည်။

ဤ Denver လေဆိပ်တခုတည်းကပင် Freemason တို့ ၏လျို့ဝှက်ချက်များ ဖြင့် ပြည့်နေပါသည်။ Denver Airport နှင့်ပါတ်သက်၍ အခြား ကျွန်တော် ချန်လှပ်ထားခဲ့သော ပဟေဋ္ဋိ အတော်များများ ကျန်နေပါသေးသည်။

ကျွန်တော့ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့်အတိုင်း New World Order ဟူသည်မှာ လောကတခု ၊ အစိုးရတခု ၊ ငွေကြေးတခု ၊ ကိုးကွယ်ရာတခု စသည်တို့ ဖြစ်ပေါ်လာအောင် အကောင်အထည် ဖေါ်နေကြသော Freemason တို့၏ စီမံကိန်းများတွင် နတ်ဆိုး၏ အငွေ့အသက်များ ပါဝင် ခြင်းသည် ဌင်းတို့ ပုံဖေါ်နေသော ကိုးကွယ်ရာ တခုအတွက် အများကြီး စဉ်းစားစရာ ကောင်းနေပါသည်။

ဤ Freemason တို့ အကောင်အထည် ဖေါ်နေသော New World Order ဖြစ်ပေါ်လာပုံ အား နှောင် အလျင်သင့်လျင် အသေးစိတ်ဖေါ်ပြပေးပါမည်။ ယခု Freemason တို့ အမေရိကန် ပြည်ထောင်စု တည်ထောင်ခြင်းနှင့် အသုံး ပြုရန် အမေရိကန် ဒေါ်လာ ရိုက်နှိပ်ခြင်း တို့ တွင် Freemason တို့ ပါဝင်ပါတ်သက် ပုံ အကြောင်း ဖေါ်ပြပေးပါမည်။

Freemason တို့သည် ငွေကြေး ၊ အာဏာ ပါဝါ နှင့် စစ်ပွဲများ တွင် ပါဝင် ပါတ်သက်ပုံ အကြောင်း ပြောရလျင် သပွတ်အူ နိုက်ရသည်နှင့် တူပါလိမ့်မည်။ အမေရိကန် ဒေါ်လာတွင် Freemason တို့ ပါဝင်ပါတ်သက်ပုံ အကြောင်း ရေးရလျင် Illuminati ( အလင်း ဆောင်သူ ၊ အလင်းပြသူ ) ဟူသော လျို့ ဝှက် အသင်း အကြောင်း အလျင် ဖေါ်ပြရန် လိုအပ်ပေလိမ့်မည်။

ထို့ နောက် Illuminati များနှင့် Freemason တို့ ပါတ်သက်ပုံ ကို ဖေါ်ပြပေးရန် လိုအပ်ပါသေးသည်။ ဤ Illuminati လျို့ဝှက်အသင်း ဖြစ်ပေါ်လာပုံကို ဖေါ်ပြရန် ၁၇ ရာစုတွင် ဖြစ်ပေါ်ခဲ့သော ပြင်သစ်တော်လှန်ရေး အကြောင်းသိရန် လိုအပ်ပါလိမ့်မည်။ ထို ပြင်သစ် တော်လှန်ရေး အကြောင်း သိရန် ၁၇ ရာစု၏ ပြင်သစ် ဘုရင်များ ဖြစ်သော လူဝီ ၁၄ ၊ လူဝီ ၁၅ ၊ လူဝီ ၁၆ တို့ ၏ နန်းတွင်းရေး နှင့် ထိုခေတ်ထိုအခါက ပြင်သစ်ပြည်သူတို့ ၏ နိုင်ငံရေး ၊ စီးပွားရေး တို့ကို နားလည် ထားရန် လိုအပ်ပါသေးသည်။

ထို့ ကြောင့် Freemason တို့ ကြောင်း အစ ဖေါ်လိုက်သည်နှင့် ခေတ်အဆက် ဆက် တွင် ထို လျို့ဝှက် အသင်းသားတို့ ပါဝင်ပါတ်သက်နေခဲ့ရာ အကြောင်းအရာတခုပြီး ပြီးတခု လိုက်မဆုံး နိုင်အောင် ဖြစ်နေရပါသည်။ထို့ အပြင် Freemason တို့အကြောင်း သာမက ထိုခေတ်ထိုအခါ က နိုင်ငံရေး စစ်ရေး များတွင် Freemason တို့ ပါဝင်ပါတ်သက်၍ သမိုင်းအား မိမိတို့ လိုသလို ပုံဖေါ်ယူခဲ့ကြသော အခြေအနေများအား တခုပြီး တခု ဆက်စပ်လိုက်လျင် ယနေ့ မျက်မှောက်ခေတ် ကာလ စစ်ပွဲများ ၊ စီးပွား ပျက်ကပ်များ ၊ လုပ်ကြံ သတ်ဖြတ်မှုများ စသည်တို့မှာ လူတစု၏ လိုအပ်သလို ပုံဖေါ်နေသော သမိုင်းကြောင်း အဖြစ် သိရှိလာရသည်မှာ အံ့သြစရာ အလွန်ကောင်းပါသည်။

နောက်ဆောင်းပါးတွင် ပြင်သစ် လူဝီ ဘုရင် များ နှင့် ဥရောပ ခေတ်တခေတ်ကို လုံးဝပြောင်းလည်း ပေးလိုက်သော ပြင်သစ်တော်လှန်ရေး တွင် Freemason တို့ ပါဝင်ပါတ်သက်နေပုံကို ဖေါ်ပြပေးပါမည်။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၆ ) ( Henry Aung )

မင်္ဂလာပါ။ Freemason လျို့ဝှက် အသင်း နှင့် Illuminati ဟူသော အခြားသော လျို့ဝှက် အသင်း အား ဖေါ်ပြရန် ပြင်သစ် တော်လှန်ရေး အကြောင်း ဦးစွာနားလည်ထားရန် လိုအပ်ကြောင်း ယခင်ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် နားလည် သလောက် အကျဉ်း ချုံ့၍ ဖေါ်ပြရလျင် ပြင်သစ်တော်လှန်ရေး မဖြစ်ပေါ်မှီကာလမှာ မြန်မာ နိုင်ငံမှ သီပေါမင်း ပါတော် မမူမှီကာလနှင့် အတော်လေး ဆင်တူပါသည်။

ရှင်ဘုရင်က အုပ်ချုပ်ရေးအား စိတ်မဝင် စား ၊ တိုင်းရေး ပြည်ရေး တွင် မှူးမှတ်များကချယ်လှယ်၊ ပြည်သူများက ငတ်မွတ်ခေါင်းပါး နေစဉ် ရှင်ဘုရင်နှင့် အထက်တန်းလွာများက စည်းစိမ်ကြီးစွာ ခံစားနေကြသည်။ ပြင်ပတွင် ပြည်သူတို့က စားစရာမရှိချိန် ဘုရင့်နန်းတော်တွင် ကပွဲများ ဧည့်ခံပွဲများ ပြတ်လပ်သည်ဟူ၍ မရှိ။ ထို အချိန်တုန်းက ပြင်သစ် နိုင်ငံရေး တွင် လူတန်းစား သုံးရပ်ရှိပါသည်။

ပထမလူတန်းစားမှာ ပုပ်ရဟန်းမင်းကြီး ၊ ခရစ်ယာန်ဘုန်းတော်ကြီးများ ရှင်ဘုရင်နှင့် မူးမတ်အသိုင်းအဝိုင်းများ ။ ဒုတိယမှာ မင်ညီမင်းသားများ ၊ သူဌေးသူကြွယ်များ နှင့် တတိယလူတန်းစား မှာ အုပ်ချုပ်ခံ ပြည်သူတို့ ဖြစ်ပါသည်။ ဤလူတန်းစား သုံးရပ်တွင် အုပ်ချုပ်ခံ အခြေခံလူတန်းစားမှာ အခွန်ကြီးလေစွာ ထမ်းဆောင်ရသည့် အပြင် ဘုရင်နှင့် ခရစ်ယန် ဘုန်းတော်ကြီးများအတွက် အလုပ်လုပ်ပေးရသော ကျွန်သက်သက် အဆင့်သာ ရှိနေပါသည်။

ထို အချိန်တုန်းက ခရစ်ယာန် ပုပ်ရဟန်းမင်းကြီးမှာ ရှင်ဘုရင်အား ခန့်အပ်ခွင့် အာဏာအပြည့်အဝရရှိထားရာ ခရစ်ယန် ဘုန်းတော်ကြီးများ ကြွယ်ဝချမ်းသာကာ သာမန်အုပ်ချုပ်ခံလူတန်းစား တို့မှာ ထိုအထက်တန်းလွာ လူတန်းစားများ အတွက် အလုပ်လုပ်ပေးရန် သက်သက် အဖြစ်သာရှိနေပါတော့သည်။

ထို အချိန်တုန်းက ပြင်သစ်ဘုရင် လူဝီ ၁၅ မှာ မိမိတိုင်းပြည် မငြိမ်မသက် မှုများ အား လစ်လျူရှု ၍ ပြည်သူတို့အား အားရုံလွဲရန် အမေရိကန် နှင့် အင်္ဂလန် စစ်ပွဲ တွင် အမေရိကန် ဘက်မှ စစ်လက်နက် ၊ လူသူအင်အား ၊ စစ်ဝစ်စုံများ အထိ အပြည့် အဝထောက်ပံ့ပေးကာ အင်္ဂလန် ၊ အမေရိကန် စစ်အား ဝင်ရောက်ပါတ်သက်ပါတော့သည်။

ထိုအချိန်က အမေရိကန် နိုင်ငံမှာ အင်္ဂလန်တို့ နှင့် ရေကြောင်း ကုန်သွယ်မှု ဖြင့် စစ်ဖြစ်နေကြခြင်း ဖြစ်ပါသည်။ ပြင်သစ်နှင့် အင်္ဂလန်မှာ ကိုလိုနီ နယ်ချဲ့ ခြင်း ပြိုင်ဘက် ဖြစ်ရကာ လူဝီ ဘုရင် ၁၅ မှာ အမေရိကန်ဘက်မှ အပြည့်အဝ ဝင်ရောက်ကူညီပေးခြင်း ဖြစ်ပါသည်။

ပြင်သစ် အနေဖြင့် ထို အမေရိကန် နှင့် အင်္ဂလန် စစ်ပွဲတွင် ဝင်ရောက် မပါတ်သက်မှီ ဂျာမနီ ပရပ်ရှား တို့ နှင့် ခုနှစ်နှစ် စစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါသည်။ ပရပ်ရှားဘက်မှ အင်္ဂလန် ဝင်ရောက်ကူညီ၍ ပြင်သစ်ဘက်မှ သြစတီးယီးယား နှင့် ဆွီဒင်တို့က ဝင်ရောက်ကူညီပါသည်။ ထိုစစ်ပွဲတွင် ပြင်သစ်တို့ စစ်ရှုံး၍ ပြင်သစ်ကိုလိုနီ အတော်များများ လက်လွတ်ခဲ့ရပါသည်။

ထို မကျေနပ်ချက်များ အား အရင်းခံ၍ အမေရိကန် အင်္ဂလန်စစ်ပွဲတွင် ပြင်သစ် အနေဖြင့် အမေရိကန်ဘက်မှ ကူညီခြင်းဖြင့် အင်္ဂလန်အား လက်စားချေ ခြင်း ဖြစ်ပါသည်။ အကျိုးဆက် အနေဖြင့် အမေရိကန်တို့ စစ်နိုင်၍ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းတွင် ပြင်သစ်တို့ ဝင်ရောက်လက်မှတ်ထိုးခြင်းဖြင့် လွတ်လပ်သော အမေရိကန်အား ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံဖြစ်လာပါသည်။

ထို အမေရိကန် အင်္ဂလန် စစ်ပွဲတွင် ပြင်သစ်တို့ ၏ ဆုံးရှုံးမှုမှာ အိမ်ရှင် ဖြစ်သော အမေရိကန်နိုင်ငံထက် ပိုမိုများပြားခဲ့ကြောင်း သိရပါသည်။ ဆိုခဲ့သည့် အတိုင်း ပြင်သစ်မှာ စစ်ပွဲတွင်ကြာရှည် စွာ ပါတ်သက်ခဲ့ရသဖြင့် တိုင်းပြည်မှာ အကြွေးကြီးမားစွာတင်နေပါတော့သည်။

စီးပွားရေး မတည်ငြိမ်ခြင်း ၊ ရာသီဥတု မကောင်း၍ စိုက်မျိုးမွေးမြူရေးများ ပျက်စီးခြင်း ၊ တိုင်းပြည် အကြွေးတင်နေ၍ ပြင်ပ မှ အစားအသောက်များ ဝယ်ယူ နိုင်ခြင်း မရှိခြင်းတို့ အပြင် တိုင်းပြည် ဝင်ငွေမရှိသောကြောင့် ဝင်ငွေ အတွက် အခွန်အခများ ထပ်မံတိုးကောက်လိုက်သောအခါ ၁၇၈၉ ခုနှစ်တွင် လုထုအုံကြွမှုဖြစ်ကာ ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်လာပါတော့သည်။

နောက်တက်လာသော လူဝီဘုရင် ၁၆ မှာပြည်သူတို့အား စောင့်ရှောက်ရန်ထက် နန်းစည်းစိမ် ခံစားရန် သာ ပိုမို အားသန်သည့် အပြင် နန်းတွင်းရှိ မူးမတ်များကလည်း ပြင်ပတွင် ဖြစ်ပျက်နေသော အခြေအနေများ တင်းပြရန်ထက် ဘုရင့် အလိုကျ လိုက်လျောညီထွေ ရှိရန်သာ ပိုမိုအားထုတ် နေခဲ့ကြပါသည်။

ထိုပြင်သစ် တော်လှန်ရေးကာလတွင် ရောဘတ်စပီးယား ခေါင်းဆောင်သော ဂျက်ဂိုဘင် ဂိုဏ်းသား များက ပြင်သစ် ဘာလ်စတီး အကျဉ်းထောင်ကို သိမ်းပိုက်လိုက်ခြင်း ၊ လူဝီ၁၆ နှင့် သူ၏ မိဘုရား မေရီအင်တွိင်းနက် တို့အား ခေါင်းဖြတ် သတ်လိုက်ခြင်း၊ ပြင်သစ် တော်လှန်ရေးအား မထောက်ခံသူတို့အား နေ့စဉ်ရက်ဆက် ( သံသယရှိသူပါ မချန် ) ခေါင်းဖြတ်သတ်ခြင်းဖြင့် တော်လှန်ရေးအား ပိုမို သွေးစွန်းစေခဲ့ပါသည်။

၁၇၉၀ တွင် နပိုလီယာန် ခေါင်းဆောင်၍ စစ်အုပ်ချုပ်ရေးဖြင့် အာဏာသိမ်း လိုက်မှ ပြင်သစ်တော်လှန်ရေး ပြီးဆုံးသွားခဲ့ပါသည်။ ပြင်သစ်တော်လှန်ရေးအား ဦးဆောင်ခဲ့သူ ဂျက်ဂိုဘင် ဂိုဏ်းခေါင်းဆောင် ရောဘတ်စပီးယား ကိုယ်တိုင်လည်း နောက်ဆုံးတွင် ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

ထို ပြင်သစ် တော်လှန်ရေးကာလတွင် ပြင်သစ် နိုင်ငံသား ၄၀၀၀၀ ကျော် အသတ်ခံခဲ့ရ၍ လူ ၃ သိန်းကျော် ဖမ်းဆီး ထိမ်းသိန်းခံခဲ့ရပါသည်။ ဤ ပြင်သစ် တော်လှန်ရေး ဆောင်းပါးများအား ရှာဖွေ ဖတ်ရှုချိန်တွင် ဆောင်းပါး တခုနှင့် တခု ခုနှစ် သက္ကရဇ်များ ကွဲပြားကြသည်ဖြစ်၍ ကျွန်တော့ အနေဖြင့် ခုနှစ် သက္ကရဇ်နှင့်တကွ မဖါ်ပြသည်ကို ခွင့်လွတ်စေချင်ပါသည်။

အဘယ့်ကြောင့် ဆိုသော် ကျွန်တော့ အနေဖြင့် သမိုင်းသုတေသီ မဟုတ်သောကြောင့် မည်သည့် ခုနှစ် အမှန်ဖြစ်သည်ကို မသိနိုင်၍ ုဖစ်သောကြောင့် ဖြစ်ပါသည်။ ဥပမာ ပြရလျင် အချို့ က ၁၇၉၀ တွင် နပိုလီယံ အာဏာသိမ်းခြင်း ဖြင့် တော်လှန်ရေး ပြီးဆုံးကြောင်း ရေးသားထားသလို အချို့ ဆောင်းပါးတွင် ၁၇၉၄ ခုနှစ်တွင် လူဝီ ဘုရင် ၁၆ နှင့် သူ၏ မိဖုရားတို့ အား ကွက်မျက်လိုက်ခြင်း ဖြင့် တော်လှန်ရေး ပြီးဆုံးကြောင်း ဖေါ်ပြထားကြပါသည်။

မည်သို့ ဆိုစေ ကျွန်တော့ ဆောင်းပါးမှာ Freemason နှင့် Illuminati တို့ အကြောင်း ဖေါ်ပြလိုသော ဆောင်းပါးဖြစ်၍ ဤ ပြင်သစ်တော်လှန်ရေး အကြောင်း သိထားရန် လိုသဖြင့် အကျဉ်းချုံ့ ဖေါ်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။ နောက်ဆောင်းပါးတွင် ဤ စစ်ပွဲများ တော်လှန်ရေး များတွင် Freemason တို့ ပါဝင်ပါတ်သက်ခဲ့ပုံနှင့် ပြင်သစ်တော်လှန်ရေး မဖြစ်မှီ ပေါ်ပေါက်လာသော Illuminati လျို့ဝှက် ဂိုဏ်းအကြောင်း ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

H1.jpeg

Sort:  

လေယာဉ်ကွင်းကို ဘယ်လိုစိတ်ကူးနဲ့များ ဆောက်ထားလဲမသိ။

ကျိန်စာသင့်နေတဲ့မြေ ကတော့ မြန်မာ့မြေ ပါပဲဗျာ။
လောလောဆယ်တော့ ဖားကန့်မှာ သံယံဇာတကျိန်စာသင့်ကြလေရဲ့ဗျာ။

ပြင်သစ်သမိုင်းကလည်း သိပ်မလှပါလားဗျာ။
အာဏာရှိတော့ နေချင်သလိုနေတော့ တိုင်းပြည်ဆင်းရဲတာပေါ့။

လျှို့ဝှက်နက်နဲလွန်းပါလား အစ်ကိုရေ
ဖတ်ရတာ‌ဘေးက ထိုင်ကြည့်နေရသလိုပဲဗျာ