မင်္ဂလာပါ။ လက်ရှိ အခြေအနေကတော့ အစိုးရအနေဖြင့် ယခု လူနေမှုပုံစံအား ထပ်မံ တင်းကျပ်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ စားသောက်ဆိုင်များ အား COVID-19 စည်းကမ်း နှင့် အညီ ဖွင့်ရန် ထပ်မံညွန်ကြား ထားပြီဟု သိရပါသည်။ လွန်ခဲ့သော ၃ / ၄ ရက်ခန့်ကတော့ လူအများ ကြောက်လိုက်ကြသည်မှာ Mask ပါမက Face Shield များပါ ဝတ်ဆင် ထားကြပါသည်။ လူကြီး များသာမက ကလေး များလည်း PPE အပြည့်။ Covid-19 ကူးစက်ရောဂါအား အစကနေ ပြန်ကြောက်နေခဲ့ကြပါသည်။
ယခု တပတ်ခန့်ကြာသော အခါ အရာရာ ပုံမှန် အတိုင်း ပြန်ဖြစ်လာပါတော့သည်။ သတင်းစကား အဆန်းများလည်း ကြားလာပါတော့သည်။ ယခု COVID-19 ဒုတိရလှိုင်း ကူးစက်ရောဂါ သည် ကူးစက်မြန်သလောက် ရောဂါခံစားရမှု အခြေအနေအား ထိန်းချုပ်နိုင်ကြောင်း။ ဆိုလိုသည်မှာ ယခင် Covid-19 ရောဂါသည် ကူးစက်သည်နှင့် ကိုယ်တွင်း အင်္ဂါများအား ဆိုးရွားစွာ ပျက်စီး စေသည်ဟု သိရပါသည်။
ယခု Covid-19 ဒုတိယ ရောဂါကတော့ သာမန် အကိုက်အခဲ ပျောက်ဆေးဖြင့် ထိန်းထား နိုင်ကြောင်း ။ ဟုတ်ကဲ့။ အထက်ပါ အကြောင်း အရာများမှာ နိုင်ငံတော်မှ ထုတ်ပြန်ထားသော သတင်းများမဟုတ်ပါ။ ရပ်ကွက် အသုပ်ဆိုင် BBC သတင်းများသာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ကျွန်တော့ အမြင်တွင် လူအများက လဖက်ရည်ဆိုင် BBC နှင့် ရပ်ကွက် အသုပ်ဆိုင် BBC တိုအား နိုင်ငံတကာ သတင်းဌာနများထက် ပို၍ ယုံကြည်ကြပါသည်။
ဥပမာ ပြပါမည်။ လက်ရှိ Covid-19 ကူးစက်ရောဂါအား Cevit စားလျင်သက်သာ ကြောင်း မည်သူ သတင်းဖြန့်လိုက်မှန်း မသိ။ Cevit ... ဆေးဝါးများ ရောင်း ကောင်းပါလေတော့သည်။ ဤ Covid-19 ကူးစက်ရောဂါသည် မည်မျှရှည်ကြာမီ မသိသေးပါ။ သို့သော်... Mask ရောင်း ကောင်းလိုက်.... Cevit ရောင်းကောင်းလိုက်။ ဆေးကုန်သည်ပွဲစားတို့ကာ Covid အမြစ်ပြတ်သွားမည်ကိုပင် စိုးရိမ် နေသယောင် ဖြစ်နေပါတော့သည်။
ပြည်သူများကတော့.... တမာရွက် ဆိုလည်းပြုတ်သောက်လိုက် ၊ Cevit ဆိုလည်း ဝယ်စားလိုက် ၊ ပါရာစီတော်မော့ ဆိုလည်း ဝယ်သောက်လိုက်။ သူ့အရပ်နှင့် သူ့ဇတ်ကတော့ အဆင်ပြေနေပါတော့သည်။ မြန်မာတို့ကာ ကမ္ဘာ့ အဆင်းရဲ ဆုံး နိုင်ငံအဖြစ် နေထိုင်ရသည့် အလျောက်... COVID-19 မကလို့.... COVID-19 အဖေလည်း ကြောက်ဟန် မတူတော့ပါ။ အဘယ့်ကြောင့် ဆိုသော်... ငတ်ခြင်းအား မြန်မာတို့ အတွေ့အကြုံ ရှိခဲ့ကြပါသည်။ သေခြင်းအား ကြံ့ကြံ့ ခံနိုင်လျင် မြန်မာတို့ သည် Covid-19 အား ကြောက်စရာတခုထက် စိတ်ဝင်စားစရာ အကြောင်းအရာအဖြစ်မြင်လာပါလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာတို့၏ ဘဝ များသည် အသစ်အဆန်းများက ပို၍ နေရာယူ နေကြသော ကြောင့် ဖြစ်ပါသည်။ Covid-19 ထက် သင်းသင်းနှင့် ဝေဋုကျော် တို့က ပို၍ စိတ်ဝင်စားစရာ ကောင်းပါသည်။ Covid-19 ထက် ဖြူဖြူထွေး၏ သတင်းက ပို၍ အရေးကြီးသလို ကူးစက်ရောဂါထက် မမသင်ဇာ ဝင့်ကျော်၏ HD က ပို၍ အရေးကြီးနေပါသည်။
ကျွန်တော် ဆိုခဲ့သည့် အတိုင်း " ကြာတော့လည်း ဤ Covid စကား သည် “ မေ့မေ့ ပျောက် ပျောက် ဖြစ်လျင် ဖြစ်.... မဖြစ်လျင် နောက်တကြိမ် Covid တတိယလှိုင်းက ထပ်မံ ရေပန်းစားလာပါလိမ့်မည်။ ဤ စာစုပါ အကြောင်း အရာများ သည် ကျွန်တော့ အတွေးသာ ဖြစ်၍ တစုံတခု အမှားအယွင်း ပါခဲ့လျင် ရေးသားသူ ကျွန်တော့ထံတွင်သာ တာဝန် ရှိကြောင်း ဝန်ခံပါသည်။
Henry Aung ( Kachin )
ငဗစ်နဲ့ နိုင်ငံရေး စိတ်ဝင်စားနေရ သည်ချိန်ခါ
မကြောက်လို့လည်း မရ ကြောက်နေလို့လည်း မရ
ဂွကျကျပါဗျာ
မကြောက်ပဲနဲ့ မနေနဲ့.... အရမ်းလည်း မကြောက်နဲ့...... ဆိုတော့.. ကြောက်လိုက် မကြောက်လိုက်ပေါ့ဗျာ။
ဒီည 77 နဲ့ စံချိန်ချိုးသွားပြန်ပေါ့ ငဗစ်က
ဒီထက်တောင်ထပ်တိုးလာလိမ့်အုံးမယ်။
ပထမဆုံးပြည်တော်ပြန်နှစ်ဦး positiveတွေ့ကာစ ေကြာက်လိုက်ကြသည့်ဖြစ်ခြင်းဗျာ
ခုများတော့ ပြည်တွင်းက တစ်ရက် နှစ်ဆယ်ကျော် သုံးဆယ်ကျော်တွေ့တာ လက်ဆေးဖို့ဆိုတာထား mask တပ်ဖို့တောင် ဒဏ်တပ်ပြောနေကြရတယ် အစ်ကိုရေ ...
ခုညဆို ၇၇ယောက်တဲ့ဗျာ
ဒါလည်း ဒီလိုနဲ့ပဲ ပြီးသွားမယ်ထင်ပါရဲ့။
Life style က ပြောင်းရတာ မလွယ်ဘဲကိုးဗျာ
ဟုတ်ပေ့ဗျို့ ဖြစ်စကတော့ အသဲအသန် ခုထိတော့ အသဲအသန်ပေါ့လေ
ကြာလာရင် ဒုံးရင်း ဒုံးရင်းပ။
ကြာတော့လည်း ဒီ COVID-19 အကြောက်တရား။
ကြောက်နေရုံနဲ့လည်း မပြီးဘူးလေဗျာ