မင်္ဂလာပါ။ ယနေ့ကတော့ လွန်ခဲ့သော ဒီဇင်ဘာလတလလုံး Hive Platform မှ ရရှိထားသော ဝင်ငွေများ အားလုံးအား တွက်ကြည့် ခဲ့ပါသည်။ ဤသို့ တွက်ကြည့်ရာတွင် မျက်မြင် ( ချက်ချင်း ဈေးကွက်သို့ ပို့နိုင်သော ပမာဏ ) အားသာ တွက်ချက်ခဲ့ပါသည်။ ဤ သို့ တွက်ချက် ကြည့်ရာတွင် Hive Platform တွင် စာရေး ခြင်းကြောင့် Hive နှင့် HBD သီးသန့် ရခြင်း မှာ 66$ ခန့်ရရှိခဲ့ပါသည်။
ဤသည် မှာ HBD Saving အတိုး $2.8 အပါအဝင် တွက်ချက်ထားပြီး ဖြစ်ပါသည်။ ကျွန်တော် post တင်ရာတွင် ရရှိသော reward အား 50/50 သာ ထားသည်ဖြစ်ရာ Power အတွင်သို့ မည်မျှ ရောက်သွားသည်အား မမှတ်ထားမိသော ကြောင့် မသိတော့ပါ။ ကိစ္စမရှိပါ။
ကျွန်တော် လိုချင်သည်ကလည်း လကုန်သည်နှင့် Power Down စရာမလိုပဲ ဈေးကွက်သို့ မည်မျှ တင်ပို့ ရောင်းချနိုင်သနည်း ပျမ်းမျှ တလလျင် မြန်မာငွေ မည်မျှ ရနိုင်သနည်းအား သိလိုခြင်း ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း Hive Wallet မှ 66$ ရရှိခဲ့ပါသည်။
Hive Engine wallet မှ $238 ရရှိခဲ့ပါသည်။ အများဆုံး ရခဲ့သည်မှာ Leo 1026 ခု နှင့် CCC 1100 ကျော် ဖြစ်ပါသည်။ ကျန်သည်ကတော့ ကွိစိကွစ Hive ပြား ဂဏန်းမျှသာ ရှိပါသည်။ ယခင်က ကျွန်တော့ အနေဖြင့် ဘာရယ်မဟုတ် Hive Engine Wallet အား အပို ဝင်ငွေစီးကြောင်း အနေဖြင့်သာ သမှတ်ထားရာ ယခု တကယ်ပင် ဝင်ငွေစီးကြောင်း တခု ဖြစ်လာနေပြီ ဖြစ်ပါသည်။
ထို Hive Engine token များအားလည်း ယနေ့ Hive ပေါက်ဈေး $1.5 ဖြင့်သာ တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ဆိုတော့ Hive wallet နှင့် Hive Engine wallet နှစ်ခုပေါင်း $304 ရရှိပါသည်။ ယနေ့ ဒေါ်လာပေါက်ဈေး ၁၇၀၀ ဖြင့် တွက်ချက်လိုက်သော် ၅၁၆၈၀၀ ကျပ်ရရှိပါသည်။
အနည်းငယ် အကျယ်ချဲ့ကြည့်လျင် ကျွန်တော့ Hive Platform မှ လစဉ် ထုတ်ယူနိုင်သော ပမာဏသည် ၅ သိန်း ဆိုကြပါစို့။ ကျွန်တော်၏ တရက် Passive income မှာ ၁၆၆၆၇ ကျပ်ဖြစ်ပါသည်။ ၁၆၆၆၇ အား ၂၄ ဖြင့်စားလိုက်လျင် ကျွန်တော်၏ တနာရီ ဝင်ငွေ ၆၉၅ ကျပ်ရရှိမည် ဖြစ်ပါသည်။
ထပ်မံ၍ တနာရီ ဝင်ငွေအား မိနစ်၆၀ ဖြင့် စားလိုက်လျင် တမိနစ် ဝင်ငွေ ၁၂ ကျပ်ရရှိမည် ဖြစ်ပါသည်။ တမိနစ်ဝင်ငွေ ၁၂ကျပ်အား စက္ကန့် ၆၀ ဖြင့် စားလိုက်လျင် တစက္ကန့် ဝင်ငွေ မြန်မာငွေ ၁ ကျပ်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် စက္ကန့် လက်တံ တကြိမ်ရွှေ့သွားတိုင်း ကျွန်တော့ ပိုက်ဆံအိတ်ထဲသို့ မြန်မာငွေ တကျပ် ဝင်လာနေသည့် သဘော ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် လုပ်စရာလိုသည်မှာ နေ့စဉ် Hive Platform သို့ post ပုံမှန် တင်ရန် သာ ဖြစ်ပါသည်။ ကျွန်တော်၏ တွက်ချက်ထားမှုသည် အနည်းနှင့် အများ ကွာခြားချက် ရှိမည် ဖြစ်သော်လည်း သေချာသည်ကတော့ ကျွန်တော့ အနေဖြင့် Hive Platform ဖြင့် Passive Income ဝင်ငွေ စီးကြောင်းတခု ဖွင့်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ မိမိကိုယ်တိုင် မိုတီရရန် အတွက် တွက်ချက်ကြည့် ခြင်းသာ ဖြစ်ပါသည်။ မိတ်ဆွေတို့လည်း တွက်ချက်ကြည့်နိုင်ပါသည်။
မဆိုးဘူးဟု ဆိုရပါမည်။ ဤသည်မှာ Hive $1.5 ဈေးတွင် ဖြစ်၍ အကယ်၍ Hive ဈေးတက်လာသည်နှင့် အမျှ ဝင်ငွေပို၍ တိုးလာမည်ဟု မျှော်လင့်ရပါသည်။ ကျွန်တော့ အတွက်ကတော့ လွန်ခဲ့ သော ၅ နှစ်ခန့်က ကြိုးစား စိုက်ပျိုးခဲ့သည့် အပင်မှ အသီးအပွင့် ခူးဆွတ် ရပြီ ဖြစ်သဖြင့် ပျော်ရွှင်ရပါသည်။
Passive income ဟုဆိုသော်လည်း ယခုအချိန် ခက်ခဲသော ကာလတွင် ရရှိသော ငွေကြေးဖြစ်သဖြင့် ပို၍လည်း မက်မောမိပါသည်။ မိတ်ဆွေတို့ အနေဖြင့်လည်း ယခုအချိန်မှ စ၍ စိုက်ပျိုးထားလျင် နှောင် ၅ နှစ်ခန့်ဆိုလျင် အသင့် ခူးဆွတ်နိုင်ပါလိမ့်မည်။
ဤ Hive Platform ပေါ်တွင် Passive Income ရှာဖွေရာတွင် အရေးကြီးဆုံးမှာ ဝရိယသာ ဖြစ်ပါသည်။ ကျွန်တော်လည်း ဤခရီးတွင် မိတ်ဆွေများနည်းတူ Hive Power သုံည ဟူသော အနေအထားမှ စတင်ခဲ့ရခြင်း ဖြစ်ပါသည်။မေးပါများ စကားရ သွားပါများ ခရီးရောက် ဟူသော စကားမှာ Hive Platform ဖြင့် အသင့်လျော်ဆုံးသာ ဖြစ်ပါသည်။
Henry Aung ( Kachin )
01/01/2022 - Saturday - 18;28 Pm
အဟဲ ကိုဟင်က တစ်လ ငါးသိန်းဆိုတော့ကာ ကိုယ်တွေ တလ ငါးသောင်း
တော့ ရလောက်မယ်ထင်ပ။ ဒီဇင်ဘာလ အတွက်ဝင်ငွေကို သေချာ
မတွက်ကြည့်လိုက်ရဘူး။
!LOL
!PIZZA
lolztoken.com
I told him that's the last thing I need.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/8)@kachinhenry, I sent you an on behalf of @htwegyi
ငါးသောင်း လည်း နည်းသလား.... တနေ့ စာတပုဒ် ရေးနေရုံပဲ။ !PIZZA. !LOL
lolztoken.com
Nothing. It just let out a little wine.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/8)@htwegyi, I sent you an on behalf of @kachinhenry
Do you mind supporting the Hive Authentication Services proposal? That would be much appreciated!
You can do it on Peakd, ecency, or using HiveSigner.
I wish you all the best for 2022! Have a Happy New Year!Dear @kachinhenry,
Supporting proposal #194 . voting has been done. Proof with attach image .
ဒီလိုတွက်ကြည့်တော့ တကယ်မိုတီတက်ရတယ်၊ ကျနော်တို့ကတော့ အခုမှ အစဆိုတော့ သိန်းဂဏာန်းမရတောင် သောင်းဂဏာန်းတော့ ရလောက်ပါပီ။ !PIZZA
အချိန်တော့ ပေးရလိမ့်မယ် ... ဒါပေမယ့် ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်ရှိတယ်။ !PIZZA. !LOL
lolztoken.com
A taxidermist takes only your skin.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/8)@nyinyiwin, I sent you an on behalf of @kachinhenry
Yes Right !PIZZA
token တွေများတော့ hive-engine ကတောင်သာနေတယ် အကို
!PIZZA
!LOLZ
!LUV
(3/3) gave you LUV. H-E tools | connect | <><
@naythan
lolztoken.com
An a-mews-ment park
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/8)@kachinhenry, I sent you an on behalf of @naythan
ဟုတ်တယ်ညီရေ...အရင်ကတော့ token တွေ ရလာလိုက် တခြားဟာတွေ ဝယ်စုလိုက်လုပ်နေတာ... အခုမှ သေချာ တွက်ကြည့်ရတာ။ !PIZZA. !LOL
lolztoken.com
They spend all day checking people out.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/8)@naythan, I sent you an on behalf of @kachinhenry
အားကျလိုက်တာ။ အားကျမိပါရဲ့။ ရေးပြီလေ တစ်နေ့တစ်ပုဒ်။
ရေးလက်စရှိရင် ... ရေးစရာတွေထွက် လာပါလိမ့်မယ်။ တခါတလေ ကိုယ့်ကိုကိုယ် အံ့ဩမိလာလိမ့်မယ်။ ငါစာတွေဒီလောက်အများကြီးရေးခဲ့တယ်ဆိုပြီးတော့။ !PIZZA. !LOL
lolztoken.com
They both measure wait.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)@nweoomon, I sent you an on behalf of @kachinhenry
Motivation ရပါတယ် အကို
ဆက်ပြီးကြိုးစားနေပါတယ်
အချိန်တော့ ပေးရလိမ့်မယ် ... ဒါပေမယ့် ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်ရှိတယ်။ !PIZZA. !LOL
lolztoken.com
So they could learn to draw blood.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)@johndieo, I sent you an on behalf of @kachinhenry
ရတော့ ရချင်သား မရနိုင်သေးတာ ခက်သဗျာ 😁
ရလာပါလိမ့်မယ်.... စိတ်မပျက်နဲ့။ !LOL. !PIZZA
lolztoken.com
Hey, that's false advertising!
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/8)@ansoe, I sent you an on behalf of @kachinhenry
Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz:
Thanks you... i have been trying to get this badge every month... !PIZZA. !LOL
lolztoken.com
Because he hated capitalism.
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (8/8)@hivebuzz, I sent you an on behalf of @kachinhenry
The HiveBuzz team wishes you all the best for 2022! Have a Happy New Year ✨🥂✨
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped naythan (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped ansoe (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped uthantzin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped hivebuzz (x1)
(5/5)
uthantzin tipped kachinhenry (x1)
kachinhenry tipped johndieo (x1) @nyinyiwin tipped @kachinhenry (x2)
Please vote for pizza.witness!
ဒါဆို ပင်တိုင် အလုပ်အကိုင် ကနေ ထွက်လို့တောင် ရနေပြီပေါ့ အားကျတယ်