မိမိတို့ Steem အားမဆုံးရှုံးစေချင်ပါ ( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ အားလုံးသိကြသည့် အတိုင်း လွန်ခဲ့သော ရက်အနည်းငယ်က ဂယက်ကြောင့် Steem အနေဖြင့် Exchanges site အတော်များများတွင် ပြသနာနှင့် ရင်ဆိုင်နေရပါသည်။ Exchange Site များ ၏ Wallet များတွင် Deposit / Withdrawal မလုပ်ရခြင်းမှာ ပြသနာမရှိပါ။

အချိန်တန်လျင် Steemit blockchain က ညှိနှိုင်းပြီး အဆင်ပြေအောင်လုပ်ဆောင်သွားပါလိမ့်မည်။ မလုပ်၍လည်း မဖြစ်ပါ။ မိမိတို့၏ Coin / token များ Exchange site များမှ delist လုပ်ခံရသည်ဆိုလျင် ထို Blockchain အတွက် အလွန်ပင် သိက္ခာကျဖွယ် ဖြစ်ပါသည်။

ထိုထက်ပို၍ ဆိုးဝါးသွားသည်မှာ Steemit အနေဖြင့် Social media Blockchain ဟု အမည်ခံထားသော်လည်း မိမိတို့၏ Wallet များအား အချိန်မရွေး ထိန်းချုပ်နိုင်ကြောင်း ပြသလိုက်သလို ဖြစ်သည့် အတွက် Decentralised Blockchain လောကတွင် Steemit အားလုံးဝအယုံအကြည်ပျက်သွားကြပြီ ဖြစ်ပါသည်။

Steemhunt ကဲ့သို့သော User အားကောင်းသည့် Community အား ဆုံးရှုံးရခြင်း မှာ Steemit အတွက် အထိနာလှပါသည်။ ထို့အပြင် ယခင်က သို့လောသို့လော အနေနှင့် Power Down မလုပ်ခဲ့ကြသူများလည်း ယခု Power Down ကုန်ကြပြီ ဖြစ်ရာ စျေးကွက် အတွင်းသို့ မကြာခင် စုပြုံတွန်းပို့ကြတော့မည် ဖြစ်ပါသည်။

အချို့ကလည်း ပါဝါဒေါင်းကာ Exchange site များတွင်ထည့်ထားကာ Justin နောက်တချိန် စျေးကစားမည့် အချိန်ကို စောင့်မျှော်နေကြပါသည်။ ကျွန်တော့ အမြင်အား ဆိုရလျင် Steem အနေဖြင့် စျေးတက်လာလျင်တောင် စျေးကွက် အတွင်းသို့ စုပြုံ တွန်းထည့်မည့်သူများ အသင့်စောင့်နေကြခြင်း ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့်လည်း Steem အချို့အား Exchange site တွင် ထည့်ထားကာ စောင့်ကြည့်နေမည် ဖြစ်ပါသည်။ လက်ရှိပြသနာ ဖြစ်နေသော အကောင့်ပေါင်း ၆၀ ကျော်တို့၏ ခိုးယူခံရသော Steem ၂၃ သန်းကျော်သည် Bittrex Exchange ကောင်းမှုကြောင့် ပိုင်ရှင် အသီးသီးထံသို့ ပြန်ရောက်သွားသည် ရှိခဲ့သော် Steemit တွင် Power up မည့်သူ တယောက်မှ မရှိပါ။

ရသမျှစျေးဖြင့် ချရောင်းကြမည့်သူများသာ ရှိပါလိမ့်မည်။ ကျွန်တော့အနေဖြင့် နောက်ဆုံးမျှော်လင့်ချက် တခုထား ထားပါသည်။ Steemit အနေဖြင့် Decentralised အဖြစ်ရှိရန် Justin အားမခံချက် ပေးလာမည့် အချိန် အားမျှော်လင့်ပါသည်။

Steemit အနေဖြင့် မိမိတို့ Wallet အား ယခုကဲ့သို့ ထိန်းချုပ်ခြင်း မရှိတော့ပါ အာမခံပါသည်ဟု ဆိုလျင် Steemit သို့ ခြေဦးလှည့်ရန် စောင့်နေသူတို့ရှိပါသေးသည်။ သို့ မဟုတ်လျင်တော့ Justin အနေဖြင့် Steem အား နောက်တကြိမ် ဆွဲတင်ပြီး သူ့ သန်း၇၀ သော Steem များအား အရည်မဖျော်မှီ ကျွန်တော်တို့ ဦးအောင် လက်ဦးမှုရယူထားရန် လိုပါလိမ့်မည်။

လက်ရှိအခြေအနေအထိ Justin အနေဖြင့် Steemit အကြောင်း ဖြေရှင်းချက်များ ပြောကြားချက်များ မရှိသေးပါ။ သူ့အနေဖြင့် Tweeter တွင် Tron platform မည်သို့တိုးတက်လာကြောင်းသာ တင်နေသည်ကို တွေ့မြင်ရပါသည်။

ကျွန်တော် Steemit ကို တကယ်ချစ်ခဲ့ပါသည်။ သို့သော် Steemit သည် ယခုလောလောဆယ် လုံးဝလမ်းပျောက်နေသော Platform တခုအဖြစ်သို့ ရောက်သွားပြီ ဖြစ်ပါသည်။ လက်ရှိ အခြေအနေအရ ကျွန်တော် Power down ထားသော Steem များအား Exchange site များသို့ ပို့မရခဲ့ပါ။

သို့သော် Steem Engine အသုံးချကာ Steem မှ Hive သို့ အားလုံး ပြောင်းယူနိုင်ခဲ့ပါသည်။ မိတ်ဆွေတို့ အနေဖြင့် စိတ်ဝင်စားလျင် စမ်းကြည့် နိုင်ပါသည်။ Steem Engine သည် ကျွန်တော်တို့ဖြင့် မစိမ်းလှပါ။ Steem Deposit လုပ် ပြီး Hive များ ဝယ်ယူကာ မိမိလိုချင်သော Hive ရလာလျင် Withdraw မှ တဆင့် မိမိ Hive အကောင့်သို့ လွဲယူ၍ ရပါသည်။

ကျွန်တော့ အထင် Blocktrade မှ ဤကဲ့သို​့ Steem - Hive ပြောင်းလည်းသော စနစ်အား ပိတ်ပြစ်ပြီးနောက်တွင် Steem Engine သည် Hive ပြောင်းလည်းရန် အကောင်း ဆုံး ဖြစ်နေပါသေးသည်။ တခုသတိထားရန် လိုသည်မှာ လက်ရှိ အချိန်တွင် Steem Engine အနေဖြင့် Steem deposit လက်ခံ နေသေးသော်လည်း သန်းနှင့် ချီသော Steem များ အတွက် Hive ပြောင်းလည်းပေးရန် အခက်အခဲရှိလာပါလိမ့်မည်။

Steem Engine တွင် Steem မှ Hive သို့ ပြောင်းလည်းနိုင်ကြောင်း အသိပေးလိုရင်းသာ ဖြစ်၍ ထိုသို့ပြုလုပ်ရန် တိုက်တွန်းလိုခြင်း မဟုတ်ပါ။မိမိတို့ Steem သည် မိမိတို့၏ ကြိုးစားမှုရလဒ်ဖြစ်သည့် အလျောက် မိမိတို့ စိတ်တိုင်းကျ စီမံနိုင်ပါသည်။ Hive သည်လည်းကောင်း Steem သည်လည်းကောင်း ပိုက်ဆံရစေသော အရာဖြစ်၍ မိမိစိတ်တိုင်းကျစီမံစေလိုပါသည်။

Henry Aung(Kachin)
H1.jpeg

Sort:  

Steem ထွက်လာအောင် စောင့်ရဦးမည်ဗျာ။
Steem-engine Login ပြဿနာတတ်တာနဲ့ မသုံးဖြစ်တာတောင်
ကြာနေပြီ။ Token တွေတော့ များစွာ ကျန်နေသေးတာပေါ့။
Hive-engine ထဲတော့ ဝင်တန်သလောက် ဝင်နေပါပြီ။
သတင်းဦး ရသမျှ ဖောက်သည်ချပါဦးဗျ။
ကျေးဇူးတင်ပါတယ်။

ကောင်းပါပြီ ကိုဟိန်း ၊ ကျွန်တော်လည်း လုပ်ငန်းပြန်စဖို့ လုပ်နေတော့ အလုပ်နည်းနည်းများနေလို့

အကို့စာတွေ့လို့ အကိုရေးတဲ့နည်းအတိုင်း hive မြန်မြန်ချိန်းလို့ ရသွားတယ်။တော်သေးတာပေါ့။အစက steemတွေ ဘာလုပ်ရမှန်းမသိဖြစ်နေတာ။ခု hive ချိန်းထားတော့ နည်းနည်းစိတ်အေးသွားရပြီ။ကျေးဇူးပါ အကို။

အဆင်ပြေသွားပြီကြားရလို့ ဝမ်းသာပါတယ်။

Justin ကြောင့် ဝမ်းနည်းစရာတွေ ဖြစ်လာသလို
Hive ပေါ်ထွက်လာလို့လည်း ဝမ်းသာရပါတယ်ဗျာ

အဆိုးထဲက အကောင်းထွက်လာတော့လည်း ကိုယ်တွေ နှစ်သီးစားလိုက်ရတာပေါ့။

Steemit ခရီးလမ်းကတော့ ဘယ်လို ဇာတ်သိမ်းမလဲ
ရင်ခုန်စွာနဲ့စောင့်မျှော်နေရတယ်ဗျာ...

Steemit ကိုတော့ မျှော်လင့်ချက်မထားတော့တာမို့ အဲဒီplatform ကနေ အပြီးထွက်လာခဲ့ပြီ။

ပါဝါဒေါင်းထားသမျှလေးထုတ်ထားလိုက်ပါပြီ...ရှိစုမဲ့စုကြိုးစားထားတာလေးတွေတစ်ခုခုဖြစ်ရင်နှမြောလို့ပါ...

အခုလို လက်ဦးမှုယူထားတော့လည်း စိတ်ချရတာပေါ့။

ဘာရေးရမှန်းတောင် မသိတော့ပါဘူး ကိုဟင်ရာ။

ကိုမဟော် ရေးလက်စတွေသာ ဆက်ရေးပါ။ Steemit က သူ့သမိုင်းသူ ရေးသွားသလိုHive ကလည်း ကိုယ်ရေးမှ ကိုယ်ရမှာ မို့ ရေးစရာရှိတာသာ ရေးပါ။

steem တွေအမြန်ရွေ့တာမှန်သွားတယ်။

အို လက်သွက်လိုက်ကြတာ ဝမ်းသာပါတယ်။
ကိုယ့်လက်ထဲရောက်ထားတော့ စိတ်ချရတာပ။
ကျွန်တော်တော့ steem 400 ကျော်တော့
ပါဝါဒေါင်းဖို့ကျန်သေးတယ်။ ionomy ကသာပြောင်းတတ်တာ
တခြားက မပြောင်းတတ်ဘူး။
Ionomy တောင် ကုိဟိန်း သင်ပြထားလို့။

Steem Engine သုံးကြည့် ၊ လွယ်တယ် ၊မြန်တယ်