ဖိနပ်ကောက်ကြမယ် ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ခေါင်းစဉ်ကြည့်လိုက်သည်နှင့် ကိုဟင်တယောက်တော့ ရေသန့်ဘူးခွံ / ဖိနပ်စုတ် များ လိုက်ကောက်သည့် ဘဝရောက်နေပြီ ဟု ထင်ကောင်းထင်ကြပါလိမ့်မည်။ ကြင်စိုး နောက် ၃ နှစ်လောက် သက်ဆိုးရှည် နေလျင်တော့ မပြောတတ်ပါ။ ယခု ကျွန်တော်ပြောလိုသော ဖိနပ်ကတော့ Nike ဖိနပ်များ Application ထဲတွင် လိုက်ကောက်ရခြင်း ဖြစ်ပါသည်။

ယခုတလော စာရေးရသည်မှာ လက်မသွက်လှပါ။ စာရေးတော့မည်ဆိုလျင် ဦးနှောက်က ဟာလာဟင်းလင်း ဖြစ်သွားလေ့ရှိပါသည်။ ဘာအကြောင်း ရေးလျင် ကောင်းမည်လဲ ဟူ၍ ထိုင်စဉ်စားနေရသည်ကပင် နာရီဝက် တနာရီ။ တခါတလေတော့လည်း မနက်ဖြန်မှ ရေးတော့မည်ဟူ၍ ဖုန်းချထားလိုက်ပါသည်။

သို့သော် တရက် တပုဒ်မဟုတ်တောင် ၂ ရက် တပုဒ်ကတော့ ရေးမှ ဖြစ်မည်။ သို့မှ Ecency ဖြင့် Boost ရလျင် အဆင်ပြေမည်ဟူ၍ အားတင်းရပါသည်။ နေ့တိုင်းPost တင်၍ Ecency ဖြင့် Boost လျင်လည်း တရက်ခြားတခါသာ လာ၍ Vote ပေးသောကြောင့် ၂ ရက်တခါ post တင်နေရခြင်း ဖြစ်ပါသည်။

သည့်အပြင် လွန်ခဲ့သော ရက်ကတင်ခဲ့သည့် Post တွင် Ecency က အပြည့် လာ၍ Vote မပေးပါ။ Point 500 ဖြင့် Vote ပေးလျင် 3.3$ ရရမည် ဖြစ်သော်လည်း 2.3$ လောက်သာ ရခဲ့ပါသည်။ သူ့အားလည်း သွားမပြောရဲ။ တော်ကြာ ဂဂျီဂဂျောင် များသည်ဟူ၍ vote မပေးတော့လျင် ဒုက္ခများ ရအုံးမည်။ မတတ်နိုင်။ လုပ်ပေါ့ ရှင်တို့ကရဲတွေကိုး။

ခုတလော သူများက ဖိနပ်စုနေကြသည်ဟူ၍ ကိုယ်လည်း ဘာရယ်မဟုတ် လမ်းလည်းလျှောက်စေ ဝိတ်လည်းကျစေ ဖိနပ်လည်းရစေဟူ၍ Applications လေးသွင်းကာ လမ်းလျှောက်ရန် မြေပုံကြည့်လိုက်ပါသည်။ ကိုယ့် အနီးနားတဝိုက်တွင် လမ်းများပေါများလှသော်လည်း ပေးထားသည့် သေတ္တာများက တောင်တလုံး မြောက်တလုံး။

အနီးနားပတ်လည် ကျွန်းတောလမ်း ဗဟိုလမ်း လောက်ဆိုတော်သေး။ ပထမဆုံးနှင့် အနီးဆုံး သွားယူရမည့် သေတ္တာက ကြည့်မြင်တိုင် ညဈေးအနီး။ Taxi ဖြင့် သွားလျင်တောင် အနည်းဆုံး ၃၀၀၀ လောက်တော့ ပေးရမည်။ အသွားအပြန်၆၀၀၀ ကျပ်။ ၆၀၀၀ ဆိုလျင် မိုးတွင်းစီး ကြက်ပေါင် ဖိနပ် တရံကတော့ ရနိုင်ပါပြီ။ Application တွင်ယူမနေတော့ပါ။

ကျွန်တော့ အိမ်မှ ကြည့်မြင်တိုင်ညဈေး အထိ အသွားအပြန် လမ်းလျှောက်ရလျင်တော့ သေချာပါသည် ညရောက်လျင် လင်ဇီးဒါဏ်ကြေးဆေး ၂ ဘူးလောက်ကုန်မည် ဖြစ်ပါသည်။ နောက်ထပ် ဖိနပ်သေတ္တာ ဘယ်မှာ များရနိုင်သေးသနည်းရှာကြည့်တော့ ပြည်လမ်းပေါ်ရှိ Mytel ရုံးချုပ်ဘေးတွင် ချထားပေးပါသည်။

Mytel ရုံးချုပ်အနီးနားသွား ကာ ဖုန်းလေးတကိုင်ကိုင် ဖြင့် ဆိုလျင်တော့ ငါးပိကြော်နံ့ ရနေပါတော့သည်။ ဖိနပ် App ကတော့ မြွေဖမ်းနေပါပြီ။နောက်တနေရာ ဘယ်နေရာများ ဖိနပ်သေတ္တာရနိုင်ပါသေးသနည်း မြေပုံကြည့်တော့ ပြည်လမ်းပေါ်မှာ။ ကျွန်းတောလမ်း ဘုန်းကြီးကျောင်းမှ ပြည်လမ်းဘက် ဖြတ်ထွက်လျင် ၁၀ မိနစ်သာသာ လမ်းလျှောက်ရပါသည်။

ဒီတလုံးတော့ ရအောင်ယူမည်ဟူ၍ မြေပုံအား အကျယ်ချဲ့ကြည့်သော အခါ ဖိနပ်သေတ္တာ ချထားပေးသည့် နေရာက Hotel Liberty ဟူလို။ Hotel ထဲဝင်ပြီး သေးပေါက်ပါရစေ ခွင့်တောင်းကာ ဖိနပ်သေတ္တာ လိုက်ရှာရမည်ပုံ။ လောလောဆယ်အထိတော့ ဖိနပ် သေတ္တာ တလုံးမှ မကောက်ရသေးပါ။

ကျွန်တော့ မိတ်ဆွေများအား မေးလိုသည် သည်ဖိနပ် သေတ္တာချထားပေးသည့် location သည် အမြဲတမ်းပြောင်းနေသည်လား သို့မဟုတ် Fix လုပ်ထားသည်လား ဆိုသည်ကို သိချင်ပါသည်။ အခြားသူငှာများ ဖိနပ် တရံပြီး တရံ ရနေချိန် ကိုဟင်တို့ကတော့ ခြေဗလာဖြစ်နေဆဲ။ ကိုဟင် လုပ်ပြီဆိုလျင် အထစ်အငေါ့ကလေး ဖြစ်ရမှ။

Henry Aung ( Kachin )

30/05/2022 - Monday - 17;54 Pm

Sort:  

ကိုယ်တွေတော့ အဲ့ အက်ပလီ မထဲ့ရသေးဘူး။
ဘယ်မှာလည်းမသွားဖြစ်။ ဖုန်း စတိုးကလည်း
ပြည့်နေတော့ သုများလုပ်တာ ကြည့်နေရတယ်။
!LOL

I asked my Mom why ADHD runs in our family.
She said because it won't sit still.

Credit: minopoly
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)@kachinhenry, I sent you an on behalf of @htwegyi

ကျွန်တော့ အတွက်တော့ သိပ်အဆင်မပြေဘူး။သေတ္တာတွေက အဝေးကြီးရယ်။ !PIZZA

ကောင်နေတုန်းပါပဲ

ရသလာက်ယူသာယူထား။ !PIZZA

ကျုပ်မလည်း တစ်ခုမှ မဖွင့်ရသေးပါ။
ခြေလှမ်းရေကြောင့်သာ ဖိနပ်တွေ ရနေတာ။
!LOL
!PIZZA

What's the difference between a rain gutter and a clumsy outfielder?
One catches drops, the other drops catches.

Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/8)@kachinhenry, I sent you an on behalf of @tin.aung.soe

ကျွန်တော်ကတော့ ဈေးသွား ဟိုဒီ သွားရင် ဖုန်းအိမ်မှာ ထားခဲ့တော့ အဆင်မပြေဘူး။!PIZZA

လောလောဆယ်ထိတော့ location က fixed ပါ ကိုဟင်။ app ကို နှစ်ယောက်သွင်းထားရင်လဲ မြေပုံကတူနေတာကိုတွေ့ရတယ်။
!LUV

အဲသလို ဆိုရင် အဲဒီသေတ္တာတွေက ဦးတဲ့သူ ရမှာပေါ့။ အဲသလိုလား..? !PIZZA

😁 အဲလိုတော့မစမ်းဖူးသေးဘူး။
!PIZZA

​ကောက်​နေပါပြီ
!PGM

!LUV

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.01 MOTA - 0.05 DEC - 15 SBT tokens to @kachinhenry

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-0.00000001 BTC (SWWAP.BTC)

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


ရသလာက်ယူသာယူထား။ !PIZZA

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 800 posts.
Your next target is to reach 850 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Day - June 1st 2022

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped princekham (x1)
kachinhenry tipped tin.aung.soe (x1)
kachinhenry tipped kaunglay2 (x1)
(3/5)
kachinhenry tipped uthantzin (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped suhlaing (x1) @princekham tipped @kachinhenry (x1)

Please vote for pizza.witness!

Move to earn ဂယက်က အတော်ရိုက်ခက်ပြင်းတယ်ဗျို့ ကျနောါတို့အဖွဲ့တွေလည်း မနေသာတော့ဘူး😅