PSYBER X အကြောင်း တစေ့တစောင်း ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ update အသစ်တက်လာသည့် PSYBER X အကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။ PSYBER X နှင့်ပတ်သက်၍ LVL token အကြောင်း ကျွန်တော် ရေးသားထားသမျှ သည် ကျွန်တော့ အာဘော် ကျွန်တော့ အတွေးအမြင် သာ ဖြစ်၍ မိတ်ဆွေတို့ အနေဖြင့် PSYBER X ၏ LVL token တွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သင့်သည် မသင့်သည်ကတော့ မိတ်ဆွေတို့ ကိုယ်တိုင်သာ ဆုံးဖြတ်စေချင်ပါသည်။

PSYBER X နှင့် ပတ်သက်၍ လွန်ခဲ့သော ဖေဖော်ဝါရီ ၃ ရက်နေ့က ကျွန်တော့ Post တင်ခဲ့ပါသေးသည်။ PSYBER X မှ NFT Airdrop ရရန် LVL token ၂ သိန်းရှိထားရမည့် အကြောင်း ။ ယနေ့ PSYBER X မှ ၃ မိနစ်စာ Video File လေးတခုတက်လာပါသည်။ ဤ Game အား Live ကစားထားသည့် Video File ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် Gamer တယောက် မဟုတ်သော်လည်း ဤ Video Clip အားကြည့်လိုက်သည်နှင့် PSYBER X သည် Blockchain Gaming တွင် Trend တခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤသို့ ခန့်မှန်း ရသနည်းဆိုသော် Play to Earn ( P2E ) Gaming များသည် NFT များဖြင့်သာ ကစားကြသည် ဖြစ်ရာ အများအားဖြင့် Card Game များသာ ဖြစ်ပါသည်။

သို့သော် PSYBER X ကတော့ Live Video Game တွင် NFT များ ထည့်သွင်းထားသည် ဖြစ်ရာ Blockchain Game ၏ အလှည့် အပြောင်း တခုသို့ ဦးတည် နေပြီ ဖြစ်ပါသည်။ မိတ်ဆွေတို့ သိကြသည့် အတိုင်း Gaming Industry တွင် Blockchain Gaming ဘက်သို့ ကူးပြောင်းလာနေသော ကုမ္ပဏီ အတော်များများ ရှိနေကြပါသည်။

xxx1.png

Image Source ( PSYBER X )

လက်ရှိခေတ်စား နေသော Mobile Legend / PUBG / Dota 2 / WarCraft အစရှိသော Live Game များသည် Fantasy Game များသာ ဖြစ်ရာ မိမိအတွက် ဝင်ငွေရလမ်းနှင့် နာမည်ကြီးရန် အတွက် Live Streaming လုပ်ခြင်းနည်းသာ ရှိပါသည်။ ( အခြားနည်း များလည်း ရှိကောင်း ရှိပါလိမ့်မည်။ ကျွန်တော်၏ Gaming ဗဟုသုတ နည်းခြင်း ကြောင့်သာ မသိခြင်း ဖြစ်ပါလိမ့်မည်။ )

ဤကဲ့သို့သော Live Game များတွင် ဝင်ငွေရလမ်းတခု ဖြစ်သည့် NFT များ ထည့်သွင်းလိုသည့် Game အများအပြားရှိပါသည်။ သို့သော် NFT ဟူသော အရာသည် Blockchain တွင်သာ ဖန်တီးနိုင်သည် ဖြစ်ရာ Blockchain Gaming အတွင်းသို့ Gaming ကုမ္ပဏီများ မျက်စိကျလာသည်မှာ မဆန်းပါ။

PSYBER X အကြောင်း ဆက်ရလျင် ယခု အသစ်ထွက်လာသော Video Clip တွင် မြို့တွင်း တိုက်ပွဲ / တောတွင်း တိုက်ပွဲ များကို တွေ့ရမည် ဖြစ်ပါသည်။ အသုံးပြုထားသော လက်နက်မှာ နှစ်မျိုးတည်းသာ ရှိပါသေးသည်။ လေဆာ သေနတ်နှင့် လက်ပစ်ဗုံး ဖြစ်ပါသည်။

တိုက်ပွဲ နေရာ အပြောင်း အလည်းအား Loop Hole များဖြင့် ချိတ်ဆက်ထားသော အိုင်ဒီယာ မှာ အလွန်ကောင်းမွန်ပါသည်။ PSYBER X မှ ယနေ့တင်ထားသော Post အား ဖတ်ကြည့်ရလျင် PSYBER X အား လွှင်တင်နိုင်မည့် ရက်အား မကြေညာ သေးသော်လည်း Hive Platform အနေဖြင့် SKP Network ( Web3 Protocol ) သို့ ပြောင်းလည်း အသုံးပြုပြီးနောက်တွင် သာ ဖြစ်ဖို့များပါသည်။

လောလော ဆယ် အနေဖြင့် Marketing ဆင်းမည့် အစီအစဉ်များ စနေပြီ ဖြစ်ပါသည်။ အထူးသဖြင့် YouTuber များ နှင့် Blogging Content creator များအား LVL token ဆုပေး စနစ်ဖြင့် Marketing ဆင်းတော့မည် ဖြစ်ပါသည်။

xxx2.png
Image Source ( PSYBER X )

LVL token အကြောင်းပြောရလျင် PSYBER X မှ LVL token အား Hive Engine တွင် စတင် ရောင်းချသည့် ဈေးမှာ 0.0005 Hive ဖြစ်ပါသည်။ ယနေ့ Hive ပေါက်ဈေး မြန်မာငွေကျပ်ဖြင့် တွက်လျင် ၂ ကျပ်သာ ရှိခဲ့ပါသည်။

သို့သော် မိတ်ဆွေအနေဖြင့် ယနေ့ LVL token အား ဝယ်စုချင်လျင် 0.007 Hive ပေးရတော့မည် ဖြစ်သလို ယနေ့ Hive ပေါက်ဈေး မြန်မာငွေဖြင့် တွက်လျင် ၁၅ ကျပ် ပေးရတော့မည် ဖြစ်ပါသည်။

ထို့အတူ မိတ်ဆွေ အနေဖြင့် PSYBER X မှ NFT Airdrop လိုချင်သော ကြောင့် LVL token ၂ သိန်းအား လွန်ခဲ့သော တလ ခန့်တွင် ဝယ်ယူလျင် Hive 200 ကျော်သာ ပေးရမည် ဖြစ်ပါသည်။ လွန်ခဲ့သော တပတ် တွင် ဝယ်ယူလျင် Hive 900 ကျော်သာ ပေးရမည် ဖြစ်သော်လည်း ယခု ဝယ်ယူမည် ဆိုလျင်တော့ Hive 1400 ကျော် ပေးရတော့မည် ဖြစ်ပါသည်။

ကျွန်တော်ပြောလိုသည်မှာ PSYBER X ရေပန်းစားလာခြင်း နှင့်အတူ တန်ဖိုး တက်လာသော LVL token အကြောင်း ဖြစ်ပါသည်။ တကယ်တမ်း ဆို
လျင် မြန်မာငွေ ၁၅ ကျပ်ဟူသော ဈေးသည် ဘာမျှ မရှိသေးပါ။ မိတ်ဆွေအနေဖြင့် တတ်နိုင်လျင် ဤ LVL token အား အနည်းဆုံး 1000 LVL လောက်တော့ စုထားသင့်သည်ဟု ထင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဤ LVL token သည် အခြားသော Game Token များကဲ့သို့ ဘီလီယံနှင့် ချီ၍ ထုတ်ထား Token မဟုတ်ပါ။ ဥပမာ ပြရလျင် Dcity ၏ Sim token သည် ဘီလီယံ တထောင် ( ၁ အနောက်တွင် သုံညကိုးလုံး ဆယ်ကြိမ် ) ထုတ်ထားသလို Risingstar ၏ Starbits သည်လည်း အတူတူသာ ဖြစ်ပါသည်။

တချိန်က Hive အား ကျော်တက်ခဲ့သော Leofinance ၏ Leo သည်ပင်လျင် တစ်ဘီလီယံ ထုတ်လုပ်ထားပါသည်။ PSYBER X ၏ LVL token သည် သန်း ၅၀၀ သာ ထုတ်လုပ်ထားသည့် အပြင် ယခုကာလသည် ဤ Game ၏ အစောပိုင်းကာလ ဖြစ်သော ကြောင့် Hive 0.007 ဟူသော ဈေး ဖြင့် ရနေခြင်း ဖြစ်ပါသည်။

အကယ်၍ မိတ်ဆွေသည် Gamer မဟုတ်သည့် တိုင် ရင်းနှီးမြုပ်နှံမှု အနေဖြင့် LVL ဝယ်ထားသင့်သည်ဟု အကြံပေးလိုပါသည်။ ဤ LVL token ဝယ်စုသင့်သည် မစုသင့်သည်အား ဆုံးဖြတ်ရန် အောက်တွင် ဖေါ်ပြပေးထားသော PSYBER X video Clip အားကြည့်၍ ဆုံးဖြတ်စေချင်ပါသည်။

PSYBER X Video ကြည့်ရန်

Henry Aung ( Kachin )

07/02/2022 - Monday - 18;32 Pm

Sort:  

Token​တွေကို စိတ်ဝင်စားလာပါပြီ 😄😄😄ဒါ​လေးလား ကိုဟင်Uploading 2022_02_07_19.06.00.jpg #23

Hive Engine မှာ LVL လို့ ရိုက်ရှာရင် တွေ့ပါလိမ့်မယ်။ မစုလှိုင် ရဲ့ ပုံက မပြင်ရဘူး !PIZZA

စုတော့ စုချင်သား ခက်ထာက ဘတ်ပြိုင် ဘကြိုင် ဘိုင်ပြတ် ဘိုင်ကျနေလေသောခါ 😁

ဖြည်းဖြည်းပေါ့.... Token တွေဆိုတာကလည်း လိုချင်စရာ တွေကြီးပဲ...!LOL

I could get in trouble for stealing from the kitchen supply store
But that’s a whisk I’m willing to take.

Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@ansoe, I sent you an on behalf of @kachinhenry

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
myothuzar tipped kachinhenry (x1)
tin.aung.soe tipped kachinhenry (x1)
(2/5)
nyimwa tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped tin.aung.soe (x1)
kachinhenry tipped myothuzar (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped suhlaing (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped johndieo (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped donjaun (x1) @myanmarkoko tipped @kachinhenry (x1)

Please vote for pizza.witness!

ဝယ်စုရမှာပေါ့ မည်သို့ပင်ဖြစ်စေ တစ်ထောင်ပြည်ဖို့ ကျွန်တော်ကြိုးစားမည်။
!LOL
!PIZZA

Why are ducks good at playing limbo?
Because they can get down.

Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)@kachinhenry, I sent you an on behalf of @htwegyi

တထောင် ဆိုရင် Hive 7 လောက်ဆိုရင် ရပါပြီ...မရှိထား မဖြစ်ရလေအောင်ပေါ့။ !PIZZA. !LOL

Why should you never brush your teeth with your left hand?
A toothbrush works much better.

Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)@htwegyi, I sent you an on behalf of @kachinhenry

HP သာ အဓိက စုနေရသေးတယ် အကိုရေ

HP သည်သာ အရေးကြီးဆုံးပါ။ Hive Platform က ရေရှည် သွားရမှာဆိုတော့ HP ရှိထားဖို့ လိုပါတယ်။ !PIZZA

အကို ပြောလို့ အရင်ကဝယ်ထားတာ ၁၈၀၀၀ lvl ရှိိတယ်။ အရင်က ၂၅၀၀၀ တောင်ရှိတာ ၇၀၀၀ လောက် ကရောင်းစားလိုက်တာ။ကျန်တာလေးကိုတော့ ရောင်းမစားရသေးဘူး။အခုတိုင်းဆိုရင်တော့ ကျန်တာလေးတွေ ဒီတိုင်းထားပြီး အခြေအနေ စောင့်ကြည့်တော့မယ်။

!PIZZA

Oh… အတော်လေး မြတ်သွားပြီပေါ့။ 0.001 HIVE လောက်မှာ ဝယ်တာဟုတ် ..? !PIZZA

အကို့ အရင်ကစာ မြင်ပြီး ကောက်ဝယ်ဖြစ်ခဲ့တာ ဘယ်စျေးလဲတော့ မမှတ်မိတော့ဘူး။မြတ်တာတော့ သေချာတယ်။

လယ်ဘယ် တိုကင်ကို စိတ်ဝင်စားနေတာကြာပီဗျ။ အရင်းနှီးမစိုက်နိုင်သေးတော့ စောင့်ကြည့်နေတာ။
!PIZZA

သူ့ Product ကို သဘောကျလို့ ကျွန်တော်လည်း ရင်းနှီးထားတယ်။ အခြေအနေကောင်းမဲ့ သဘောမှာရှိတယ်။!PIZZA

လက်ထဲ ရှိတာလေးနဲ့ ဝယ်ထားဦးမှ
!PIZZA

LOA နဲ့ အပြိုင် ထွက်လာမယ်ထင်တယ်။ ဒါပေသိ LOA က ML လိုမျိုး ဂိမ်း ဟုတ်..? ရမ်းပြောကြည့်တာ။ PSYBER X က သိပ္ပံ နဲ့ အပစ်အခတ်ပေါ့ !PIZZA !LOL

OH NO!
You are out of jokes for the day!


Level up by buying more $LOLZ so you can share more jokes per day!@kachinhenry you can call @lolzbot a maximum of 4 times per day.

စျေးကတော့ ရှယ်မိုက်။ အရင်ကသာ ဝယ်ထားခဲ့ရင်
စျေးအမြတ်ကြီး မြတ်နေပြီပေါ့...

!PIZZA