Steemit ၏ နောက်ဆုံးမီးစာ ( Henry Aung )

in HIVE-MYANMAR5 years ago

111.jpeg

မင်္ဂလာပါ။ ယမန်နေ့က ကျွန်တော့အနေဖြင့် Blockchain ဝိရောဓိ ဟူသော ခေါင်းစဉ်ဖြင့် Steemit ၏ HF23 အကြောင်းအား ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ထင်ခဲ့သည့် အတိုင်း ထိုအန္တရာယ်များလှသော HF23 မှာ ယမန်နေ့ညတွင် Steemit မှ မြှင့်တင်လိုက်ပါတော့သည်။

ဆိုခဲ့သည့် အတိုင်း Steemit witness ဟောင်းများ၏ အကောင့်များမှ SP များ လွဲပြောင်း ယူသွားခြင်း ခံခဲ့ရပါသည်။ ဤကဲ့သို့ HF23 အား မြှင့်တင်ကာ Steemit witness အဟောင်းတို့၏ SP 23 သန်းကျော်အား ခိုးယူခြင်း ၏ အကျိုးဆက်ကာ Justin နှင့် သူပိုင်သော Steemit.com တို့၏ ပုံရိပ်သည် cryptocurrency လောကသားတို့၏ ရှေ့မှောက်တွင် သုံည အဆင့်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။

အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အကျယ်ချဲ့၍ ရှင်းပြပေးပါမည်။ လက်ရှိ Steemit တွင်ရှိသော Witness များမှာ Justin တင်မြှောက်ထားသော သူ၏ ခိုင်းဖတ် Witness များ ဖြစ်ကြောင်း အားလုံးသိရှိပြီး ဖြစ်ပါသည်။ Blockchain Hard Fork မြှင့်တင်ရာတွင် ဤ Witness တို့ အရေးပါကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။ HF23 အကြောင်း ဆက်ကြပါအုံးစို့။

0001.jpg
Original Source

Justin နှင့်သူ၏ အပေါင်းအပါ များ ( မည်သူတို့ပါဝင်သည်တော့မသိရသေးပါ။ သူတယောက်တည်းမဟုတ်သည်ကတော့သေချာပါသည်) ၏ စီမံချက်မှာ ပထမအဆင့် အနေဖြင့် HF23 အား မြှင့်တင်မည်။ ထို့နောက် Steemit blockchain အားမိမိလိုသလို အဆင့်မြှင့်တင်မှုပြီးသောအခါ Witness အဟောင်းတို့ ၏ Steem power များ ( အကောင့်ပေါင်း ၆၀ ကျော်ပါဝင်ပါသည်) စုစုပေါင်း SP 23 သန်းကျော်အား @community321 ဟူသော အကောင့်သို့ လွဲပြောင်း ယူသွားမည် စသည်ဖြင့် အစီအစဉ် ချမှတ်ထားခဲ့ကြပါသည်။

@community321 ဟူသောအကောင့်သည် ဤ အရှုပ်တော်ပုံ၏ အရေးကြီးသော နေရာမှ နေ၍ သရုပ်ဆောင်သွားပါသည်။ အဘယ်သို့ သရုပ်ဆောင်သည်ကို ဆက်လက်ရှုစားပါ။ ကျွန်တော့ အထင် ဤ @community321 ဟူသော အကောင့်သည် ကိုးရီးယား လူမျိုးတယောက်၏ အကောင့် ဖြစ်ဟန်တူပါသည်။

ကျွန်တော့ အနေဖြင့် အဘယ့်ကြောင့်ဤသို့ ခန့်မှန်းရသနည်းဆိုသော် Justin Steemit သို့ ရောက်လာပြီးနောက် သူ့အားသိသိသာသာ နေရာပေးသူတို့မှာ ကိုးရီးယား တို့ဖြစ်ပါသည်။ ထို့နောက် Steemit နှင့် Hive ကွဲကာ ကိုးရီးယား အကောင့်အတော်များများလည်း Hive airdrop ရရှိခြင်း မရှိခဲ့ပါ။ ရှိစေတော့။

ဤယခု HF23 မြှင့်တင် သော အရှုပ်တော်ပုံတွင် Justin အား ထောက်ခံသော Steemhunt အဖွဲ့သည် လုံးဝ လက်ရှောင်သွားခဲ့ပါသည်။ သူတို့ အနေဖြင့် Steemit witness အဖြစ်မှ နှုတ်ထွက်သွားခဲ့သလို သူတို့၏ ကြေညာချက်တွင် ဤအရှုပ်တော်ပုံတွင် ဝင်ရောက်မပတ်သက်လိုကြောင်း ဖေါ်ပြထားသည်ကိုတွေ့ရပါသည်။

0002.jpeg
Original Source

ယခုတော့ Steemhunt အနေဖြင့် ထိုကြေညာချက်အားဖျောက်လိုက်ပြီ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် ဤသို့ ဖေါ်ပြပေးရခြင်းမှာ ဤအရှုပ်တော်ပုံတွင် ကိုးရီးယားတို့ ပါဝင်ပတ်သက်နေကြောင်းသိထားမိစေလိုရင်း ဖြစ်ပါသည်။ HF23 အား ဆက်ကြပါအုံးစို့။

ဆိုခဲ့သည့်အတိုင်း Justin အနေဖြင့် HF23 အားမြှင့်တင်လိုက်ခြင်းကြောင့် ရရှိလာမည့် Steemit Witness တို့၏ SP 23 သန်းကျော်အား ကိုးရီးယားအကောင့်သို့လွဲကာ ကိုးရီးယား Exchange site များ ဖြစ်သော Upbit , Bithumb အစရှိသော Steem support ရှိသော နေရာတွင် ချရောင်းကာ ရရှိလာသော အကျိုးအမြတ်များအား ခွဲဝေယူလိုဟန် ရှိပါသည်။

ထို့ကြောင့် HF23 မတိုင်မီီက ကိုရီးယား Exchanges များကြားတွင်မည်သို့ သတင်းလွင့်ထားသည်မသိ။ Steem ဝယ်လိုအား တက်လာပါတော့သည်။ အမှန်ဆိုရလျင် Justin ၏ ကစားကွက် အလွန်လှပါသည်။ ကိုးရီးယား စျေးကွက်တွင် Steem အဝယ်လိုက်နေပြီ။

ထိုအချိန်တွင် သူ့အနေဖြင့် အခြားသူများ၏ Steem အား ကိုးရီးယား Exchange site များတွင် ချရောင်းလိုက်ခြင်း ဖြင့် သူလည် အမြတ်ရစေ ၊ Steemit witness များအားလည် မချိမခံသာ ဖြစ်စေ ဟူသော အနေအထား ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

0004.jpg
Original source

သို့သော် @community321 အကောင့်သည် Justin အား အရှက်ကွဲစေရန် တနည်းအားဖြင့် အသေသတ်ရန် အခြေအနေအား ဖန်တီးခဲ့ပါတော့သည်။ ထိုအရာမှာ Steemit အနေဖြင်​HF23 အား အဆင့်မမြှင့်တင်မှီ ၁၀ မိနှစ် အလိုတွင် @community321 အကောင့်သည် သူ၏ password အားချိန်းလိုက်ပါတော့သည်။

ဤသည်ကို Justin ၏ လူများက သတိမထားမိကြပါ။ သူတို့အနေဖြင့် HF23 အား မြှင့်တင်ရန်သာ အာရုံစိုက်နေရသော ကြောင့် ဖြစ်ဟန်တူပါသည်။ ထို့နောက် @community321 အကောင့်သည် သူ့ထံသို့ SP 23 သန်းကျော်ရောက်လာသောအခါ ထိုSP 23 သန်းကျော်အား Bittrex Exchange သို့ တိုက်ရိုက်လွဲပြောင်းပေးလိုက်ပါတော့သည်။

ဤသို့လွဲပြောင်ရာတွင် Memo နေရာတွင် " ဤ Steem များမှာ HF23 ကြောင့် ခိုးယူခံရသော Steem များဖြစ်သဖြင့် ပိုင်ရှင်များထံသို့ ပြန်ပေးရန် " ဟူသော Memo ကိုထည့်ပေးလိုက်ပါတော့သည်။ မိတ်ဆွေတို့အနေဖြင့် ထို Memo အားကြည့်လိုလျင် @community321 ၏ wallet အတွင်းသို့ ဝင်ရောက်ကြည့်ကြပါကုန်။

ပြသနာသည် ဤတွင် စတင်ခြင်း ဖြစ်ပါသည်။ @commuinty321 အနေဖြင့် ဤ Steem တို့သည် ခိုးယူခံရသော Steem ဖြစ်သည်ဟု တရားဝင်ကြေညာလိုက်ခြင်းကြောင့် Justin နှင့် Steemit ၏ သိက္ခာသည် မြေကြီးပေါ်သို့ ရောက်သွားပါလေတော့သည်။

0005.jpeg
Original source

Bittrex Exchange ကလည်း သူ့ထံရောက်ရှိလာသော ဤ ၂၃ သန်းသော ပမာဏရှိသည့် ခိုးယူခံရသည်ဟု ဆိုသော Steem များအတွက် ဖြေရှင်းချက်ပေးရန် Steemit.com နှင့် Justin အား တောင်းဆိုပါတော့သည်။ ဤတွင် Justin ၏ ဖြေရှင်းချက်မှာ ဤ HF23 သည် သူနှင့် သူပိုင် Steemit.com တို့ လုံးဝမသိလိုက်ရပါကြောင်း နှင့် ဤအခြေအနေကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအား တရားတဘောင်ဆွဲ၍ ဖြေရှင်းသွားပါမည့်အကြောင်း ကြေညာချက်ထုတ်ပြန်သွားခဲ့ပါသည်။

သူ့အနေဖြင့် ဤသို့ ကြေညာချက်ထုတ်လိုက်မှ ပို၍ ဆိုးဝါးသွားစေပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် လူအများက လက်ရှိ Steemit witness များအား သူ Voting ပေး၍ တင်ထားသည့် Screen Shot များပြသကာ Tweeter တွင် အရှက်ခွဲကြပါလေတော့သည်။

ဤသို့ အခြေအနေရှိနေစဉ်တွင် Ethereum CEO Vitalik ကလည်း Steemit platform user များ Hive platform သို့ပြောင်းသင့်ကြောင်း Tweeter တွင် Post တင်လိုက်သော အခါ Justin ၏ Steemit သတင်းသည် Cryptocurrency လောကတွင် မွှေးသွားသည်ဟု ဆိုမည်လား နံဟောင်သွားသည်ဟု ဆိုမည်လား မသိတော့ပါ။ ကော်မန့်များအား ဖတ်ရှု၍ သာ မိမိကိုယ်တိုင်ဆုံးဖြတ်ပါလေ။

Justin အနေဖြင့် ဤသို့ အရှက်ကွဲရခြင်းမှာ အချက် ၃ ချက်ကြောင့် ဖြစ်ပါသည်။ ( ၁ ) Steemit blockchain အား မကျွမ်းကျင်ခြင်း ။ အဘယ့်ကြောင့်ဆိုသော်သူ့အနေဖြင့် Blockchain ဝယ်လိုက်လျင် အသုံးပြုသူUser များပါလာလိမ့်မည် ထင်ထားခဲ့ပါသည်။ သို့သော်ဖြစ်မလာခဲ့ပါ။

0006.png
Original source

အခြား တခုအားကြည့်လျင် ယခုကဲ့သို့ ဒေါ်လာ သန်းနှင့်ချီသော ခိုးယူမှုပြုလုပ်ရာတွင် @community321 အကောင့်၏ Master password အား မထိန်းနိုင်ခြင်း ဖြစ်ပါသည်။ သူ့အနေဖြင့် ဤအကောင့် Password အားထိန်းချုပ်နိုင်ခဲ့လျင် ယခုကဲ့သို့ အရှက်မကွဲတန်ရာ။

( ၂ ) အတွင်း လူယုံ သတ်ခြင်း ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ Justin ဤကဲ့သို့ ပြုလုပ်နေသည့် အပေါ် မကြိုက်သော်လည်း အလိုက်အထိုက်ပေါင်းကား အခွင့်သင့်သည်နှင့် တခါတည်း အသေသတ်သော အတွင်းလူယုံ တို့၏ လုပ်ကွက် ဖြစ်နိုင်သည်ဟုထင်ပါသည်။ ( အထင်သာ ဖြစ်ပါသည်။)

(၃) ကိုးရီးယားတို့ အားလုံးစုပေါင်းကာ Justin အား လှလှပပ ဂျင်းထည့်သွားကြခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် Justin အနေဖြင့် ခေါင်းထောင်နိုင်ခြင်း မရှိတော့ပါ။ သူ့အနေဖြင့် Bittrex ၏ တောင်းဆိုချက်ကို ဖြေရှင်းရအုံးမည် ဖြစ်ပါသည်။

သူ့အနေဖြင့် ခိုးယူခဲ့ကြောင်း ဝန်ခံလျင် USA ဥပဒေအရ အရေးယူခံရဖို့ရှိပါသည်။ Steemit witness အဟောင်းများကလည်း ဤ Steemit ၏ HF23 မြှင့်တင်ခြင်း နှင့် သူတို့၏ ရင်းနှီးမြုပ်နှံငွေခိုးယူခံရမှု အတွက် တရားစွဲရန် စတင်ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။

0007.jpg
Original source

ကိုးရီးယားတို့၏ Steem ဆွဲတင်မှုသည် ၃ ရက်ပင်မခံပါ။ လက်ရှိအခြေအနေတွင် Justin အနေဖြင့် သူ၏ Steem များအား မည်မျှ ပြစ်ထည့်လိုမည်ကို အားလုံးသိချင်နေပါလိမ့်မည်။ သို့သော် Exchange site အားလုံးက Steem နှင့် SBD အား Deposit & Withdraw ပိတ်ထားကြပါသည်။

ဤသည်မှာ လက်ရှိဖြစ်ပေါ်နေသော Steemit platform ၏ အနေအထား ဖြစ်ပါသည်။ လောလောဆယ်တော့ Steemit မနဖြင့် အတော်ဂယက်ရိုက်လျက်ရှိသောကြောင့် နောက်ဆုံးရသတင်းများအား ဆက်လက်ဖေါ်ပြပေးပါမည်။ ဤစာစုအား နိဂုံး မချုပ်ခင် ကျွန်တော့ အနေဖြင့် Justin အား အဓိက Support ပေးခဲ့သော Steem Hunt အကောင့်အား ဝင်ကြည့်ဖြစ်ခဲ့ပါသည်။

Steemhunt အနေဖြင့် ပထမဦးဆုံး PowerDown နေပြီ ဖြစ်ပါသည်။ Steemhunt နှင့် အတူ လက်ကျန် Steemit user များကလည်း Steemit platform အား စွန့်ခွာသွားရန် ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။ Blockchain လောကတွင် Steemit ၏ နာမည်သည် အောင်ဆုံးသို့ ရောက်သွားပြီ ဖြစ်ရကာ အဘယ်သို့ ဖြစ်မည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပါတော့သည်။

Henry Aung (Kachin)
H1.jpeg

Sort:  

ဖြစ်ရလေဗျာ။
ကိုဟင်ရော ဘယ်လောက် ထွက်လာပြီလဲ။
ကျွန်တော်တော့ 1600ကျော် ကျန်သေး။
ဒါဆို hive မသေနိုင်သေးလို့ ဝမ်းသာရပါတယ်ဗျာ
မျှဝေပေးသည့်အတွက် ကျေးဇူးပါဗျာ

ကျွန်တော်လည်း ၆၀၀၀ ကျော်ကျန်နေသေးတယ် ကိုဟိန်း။ Hive အတွက်တော့ ကျွန်တော်စိတ်မပူပါဘူး။ သူက Exchange အတော်များများမှာ နေရာယူလာပြီ ဖြစ်တဲ့ အတွက် တဖြည်းဖြည်း ခိုင်မာလာပါလိမ့်မယ်။

တို့မြန်မာစကားပုံလို ဖင်မနိုင်ပဲ ပဲကြီးဟင်းစားမိတဲ့ Justin။
ဘာတွေ ဆက်ဖြစ်လာအုံးမလဲ စိတ်ဝင်စားစရာဗျို့။

Steemit ကိုဝယ်ယူတာ Justin အတွက်တော့ နာမည်ပျက်စရာကြီးပါပဲ။ ကျွန်တော်တို့ မြန်မာလိုပြောမယ်ဆိုရင် ခိုက်တယ်လို့ ပြောရမလား... အခုထိ သူ့အတွက် ကောင်းကျိုးတခုမှမပေးသေးဘူး။

Hive ရေရှည်ရပ်တည်နိုင်ဖို့ပဲမျှော်လင့်ပါတော့တယ်ဗျာ

Hive platform ကတော့ဆက်ရှိနေအုံးမှာပါ။ သူက Decentralised ဆိုတော့ အသုံးပြုသူတွေ ရှိနေပါလိမ့်မယ်။

သူ လုပ်ပုံက ဆင်ကန်းတောတိုး ပုံစံကြီးနော်။ အံ့သြစရာဘဲ။ျွန်တော့်အထင် သူ့မှာ ဝှက်ဖဲတစ်ခုရှိမယ် ထင်တာ။

အခုချိန်ထိတော့ Justin က ခံဘက်ကကြီးပဲ။ ဒီအရှုပ်တော်ပုံကြောင့် Steemhunt လို community တခုဆုံးရှုံးသွားတာဟာ Steemit မှာနောက်ဆုံးလက်ကျန်လူ မရှိသလောက်ဖြစ်သွားလိမ့်မယ်။

ဘာတွေဆက်ဖြစ်လာမလဲမသိတော့ပါဘူး....ယုံကြည်ထောက်ခံမည့်သူမရှိရင်ပြန်နလန်ထူဖို့ခက်ခဲသွားမယ်ထင်ပါတယ်...

Steemit ဟာ Centralised ဖြစ်သွားကတည်းက အများလူစိတ်ဝင်စားမှုနည်းသွားပါပြီ။ ဒီအဖြစ်ပျက်ကြောင့် နောက်ဆုံးလက်ကျန် Steemhunt community ကိုပါ ဆုံးရှုံးသွားရပြီ။

ဟုတ်ရင် ကျော်လိမ့်မယ်
မဟုတ်ရင် ပေါ်လိမ့်မယ်။

အစတည်းကမှ မကောင်းတာလုပ်တော့
အခုတော့ အရှက်တကဲဲဖြစ်ရပြီပေါ့။
Steemit users တွေကိုတော့ သနားမိတယ်

မည်သို့မည်ပုံဖြစ်ပျက်လာမည်ကိုမသိသော်လည်း ဆက်လျှောက်ရမယ့်Hive ခရီးလမ်းချောမွှေ့အဆင်ပြေပါစေလို့ပဲဆုတောင်းရမှာပါပဲ

ဘာပဲဖြစ်ဖြစ် နှစ်ခြမ်းကွဲ​တော့ နှစ် coin ရတာ​ပေါ့ဗျာ ။ ​စျေးတက်တဲ့အချိန်မှာ ထုတ်လိုက်နိုင်တဲ့ လူအတွက်​တော့ မိမိ ရှိရင်း​ငွေ နှစ်ဆ တိုးတာ​ပေါ့။