မင်္ဂလာပါ။ တန်းစီခြင်းဆိုသည်မှာ တကယ်တန်းပြောရလျင်တော့ စည်းကမ်း ရှိသည်ဟုပြောနိုင်ပါသည်။ အခြားနိုင်ငံများအတွက်တော့ တန်းစီခြင်းသည် စည်းကမ်း ရှိသည်မှန်သော်လည်း ကိုယ်တို့ တိုင်းပြည်အတွက်တော့ကောင်းသည့် လက္ခဏာ မဟုတ်ပါ။
မလုံလောက်ခြင်း နှင့် မိမိနေ့စဉ် သုံးရသည့် ပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ် တထိတ်ထိတ်နှင့် တန်းစီ ဝယ်ယူရခြင်း ဖြစ်ပါသည်။ ကျွန်တော့အိမ်တွင်လည်း မိခင်အား တပတ်လျင် ၃ ကြိမ် ဆေးရုံပြနေရသည်ဆိုတော့ ကားဆီက အမြဲတမ်း အပြည့်ဖြည့်ထားရပါသည်။
မိခင်၏ ကျန်းမာရေးအခြေအနေကြောင့် အမြဲတမ်း အဆင်သင့်ပြင်ထားရပါသည်။ ယနေ့လည်း ဘာဖြစ်ပြန်ပြီမသိ။ မည်သို့သော ကောလာဟလ ထွက်ပြန်ပြီမသိ ဆီထည့်ရန် ကားတန်းကြီးမှာ တမျှော်တခေါ်။ အခြားဆီဆိုင်များတွင်လည်း ထူးမခြားနား။
စက်သုံးဆီများ ဈေးတက်လာတော့လည်း ဈေးတက်လာသည့် အလျောက် ဈေးကွက်တခုကလည်း ပေါ်လာပါသည်။ တလောက ဆီဈေးများ အလွန်တက်သွား၍ ကားတစီးလျင် ၅၀၀၀၀ ဖိုးသာ ရောင်းပေးနိုင်သော အခြေအနေဖြစ်သွားခဲ့ပါသည်။
ပြင်ပတွင် ၉၂ ရေသန့်ဘူး တဘူးလျင် ၂၀၀၀ ခန့်မှ ၆၀၀၀ အထိ ခုန်တက်သွားခဲ့ပါသည်။ ဤတွင် ဆိုက်တွဲ ( ဆိုင်ကယ် ဆိုက်ကား ) များအတွက် ပြသနာ ဖြစ်လာပါသည်။
ဆီဆိုင်တွင် တန်စီးသည် ဆိုက်တွဲသမားများက တမျှော်တခေါ်။ အချို့ကလည်း တန်းစီထားပြီး သူငယ်ချင်း တယောက်၂ ယောက်အား ဆိုင်ကယ်ရွှေ့ရန် ထားခဲ့ကာ အရိပ်ကောင်းသည့် နေရာတွင် စုထိုင်ကာ အရက်သောက်ကြ အံစာတုံး လှည့်ကြပါသည်။
ဤသို့ ဆိုက်တွဲများ တန်းစီထားချိန် ဆိုက်တွဲသမားများ အလစ်တွင် ဆိုင်ကယ်မှ ဆီခိုးသည့် သူများ ပေါ်လာပါတော့သည်။ ကျွန်တော်ကတော့ ဆိုင်ကယ်အကြောင်း မသိ၍ နားမလည်ပါ။ ဆိုင်ကယ် ဆီခိုးရသည်မှာ ထိုမျှလောက် လွယ်ပါသလား။ ဆီသခိုး ဖမ်းမိ၍ ဝိုင်းဝန်း ထိုးကြိတ်ထားကြသည်မှာ သွေးသံတရွှဲရွှဲ နှင့်။
ကျွန်တော့အိမ်ဘေးရှိ တက်စီ သမားကတော့ မည်သည့် တက်စီမှ မဆွဲပါ။ ဆီတန်းစီလိုက် ကားထဲမှ ပြန်ထုတ်ပြီး ပြင်ပတွင် သွားရောင်းစားလိုက် နှင့် တနေ့တနေ့ နေ့တွက် ၃ သောင်း ၄ သောင်း ကျန်သည်ဟုပြောပါသည်။ ကြာလာတော့လည်း ဈေးကွက် လိုအပ်ချက်အရ ပြင်ပတွင် အဝယ်ရပ်သွားလျင် ဆီတန်းစီ ရောင်းစားကြသူများ ပျောက်သွားကြသည်သာ။
အချို့ကလည်း အိမ်တွင် စက်သုံးဆီများ လှောင်ထား၍ ဈေးအတက်တွင် ပြန်ရောင်းစားကြပါသည်။ ကျွန်တော့အိမ်တွင် တခါတရံ မီးစက်သုံးရသောကြောင့် ဆီအဆင်သင့် ဆောင်ထားရပါသည်။ မှတ်မှတ်ရရ ဆီ ၅ ဂါလန်ပုံး ၂ ပုံး ဖြင့် ဆီဖြည့်ထားခဲ့ပါသည်။
လွန်ခဲ့သော ၁ နှစ်ကျော်က ကျွန်တော်ဝယ်ခဲ့သော ဆီဈေးမှာ ၉၂ တလီတာလျင် ၉၅၀ ကျပ်ဖြစ်ပါသည်။ ယနေ့ ၂၇၇၅ ဖြစ်သွားပြီ ဖြစ်ပါသည်။ ဆိုတော့ စက်သုံးဆီ သိုလှောင်၍ ပြန်ရောင်းစားကြသူတို့ မည်မျှ အမြတ်ကြီးကြမည်ကို ခန့်မှန်း နိုင်ပါသည်။
ကျွန်တော် ဆီတန်းစီ နေစဉ်မှာပင် မီးသတ်ကားများ ဥဩသံပေးကား ဖြတ်သွားကြပါသည်။ မည်သည့်နေရာ မီးလောင်ပြန်ပြီမသိ။ နွေရာသီရောက်လာတော့လည်း မီးဘေးက ဒုက္ခတမျိုးပေးလာပြန်ပြီ ဖြစ်ပါသည်။ ဒီတနွေကတော့ လျပ်စစ်မီး မည်သို့ ဖြစ်မည်မသိသေး ယခုကတော့ ၄ နာရီလာ ၄ နာရီပျက် စနစ်ဖြင့် ဖြတ်သန်းနေရပါသည်။
ညဘက် မီးပျက်သွားလျင် နေစရာနေရာမရှိတော့။ သက်ကြီးရွယ်အိုများ အေးအေးလူလူ မအိပ်ရလျင် နောက်တနေ့ မလန်းဆန်းတော့ပါ။ ကျွန်တော့ အနေဖြင့်လည်း ရေးသာရေးပြနေရပါသည် ဤ အဖြစ်ပျက်များက တနိုင်ငံလုံး ကြုံတွေ့နေကြရသည်ဆိုတော့ အားလုံးလည်း သိပြီးသား ဖြစ်ပါသည်။
တချိန်ချိန်မှာတော့ အကောင်းဘက် ရောက်လာမည်ဟု ထင်ပါသည်။ ထိုအချိန်သည်လည်း ဘယ်အချိန် ဖြစ်မည်ကိုတော့ မသိနိုင်သေးပါ။ လူသားများသည် မျှော်လင့်ချက် ဖြင့် အသက်ရှင်နေကြသူများဖြစ်ကြသည် ဆိုသည်မှာ မြန်မာနိုင်ငံမှ လူသားများအား ဆိုလိုခြင်းသာ ဖြစ်မည်ထင်ပါသည်။
Henry Aung ( Kachin )
29/02/2024 - Thursday - 16;33 PM
ဒီနိုင်ငံမှာနေရတာမပျော်ပေမယ့်လည်းနေနေရတာပါပဲ
မျှော်လင့်ချက်ကတော့ ရှိနေဆဲပါပဲ။
!pizza
ဒီနိုင်ငံကြီးရဲ့ စမ်းသပ်ခံနိုင်သူတွေက တော်တန်ယုံ
ခေသူများ မဟုတ်ကြပါဘူးလေ။ တော်တော်ကြီးကို
ခံနိူင်ရည် ရှိကြသူကြီးတွေပါ့။
!LOLZ
!MEME
lolztoken.com
Listen buddy, i'm going to be frank with you.
Credit: reddit
$LOLZ on behalf of htwegyi
(1/8)
PLAY & EARN $DOOM
@kachinhenry, I sent you anCredit: orionvk
Earn Crypto for your Memes @ HiveMe.me!
Hi! Let's start messaging privately. Join here https://ecency.com/chats
Hi! Let's start messaging privately. Join here https://ecency.com/chats