မင်္ဂလာပါ။ ယမန်နေ့ ညနေမှ စပြီး Live သတင်းများသာ မပြတ်ကြည့် နေဖြစ်ပါသည်။ ဒုတိယကမ္ဘာ စစ်ဖြစ်ပွားပြီး နောက်ပိုင်း ဥရောပတွင် ဖြစ်ပွားသော ပထမဆုံး ကျူးကျော် စစ်ဟူ၍လည်း သတင်းသမားများက ဖေါ်ပြကြပါသည်။
လွန်ခဲ့သော ဆယ်စု နှစ် ၃ ခုခန့် အထိ စစ်ပွဲဟူသည်မှာ စစ်သွေးကြွ များ ရှိသည့် အရှေ့အလယ်ပိုင်းဒေသ များတွင်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ ယခုတော့ ဥရောပတွင် စစ်မီး တောက်လာခဲ့ပြီ ဖြစ်ပါသည်။ စစ်ဖြစ်ပွားလာပြီ ဆိုသည်နှင့် ပထမဆုံး ထိခိုက်ရသည်မှာ ပြည်သူများပင် ဖြစ်ပါသည်။ အိုးပြစ် အိမ်ပြစ် ထွက်ပြေးကြရသလို စီးပွားရေး လုပ်ငန်း များလည်း ရပ်တန့်သွားကြရပါသည်။
စစ်ပွဲ ပြီးသွားလျင်တောင် စစ်ပွဲမှ ထားခဲ့သော ဒါဏ်ရာဒါဏ်ချက် များကြောင့် အတော်လေး ကုစားရမည် ဖြစ်ပါသည်။ EU အဖွဲ့ဝင်နိုင်ငံများကလည်း ယူကရိန်း သို့ လူသားချင်းစာနာသော အထောက်အပံ့များ ပေးနိုင်ရန် ပြင်ဆင်နေကြသလို အကယ်၍ ရုရှားသည် ယူကရိန်းအား လုံးဝထိန်းချုပ်လိုက်လျင် သန်းနှင့်ချီသော စစ်ပြေး ဒုက္ခသည်များ အတွက် အိမ်နီးချင်း နိုင်ငံများက ဖြေရှင်းကြရတော့မည် ဖြစ်ပါသည်။
လက်ရှိ ဥရောပတွင် ဖြစ်ပွားနေသော စစ်ပွဲအား ကြည့်ရင် လွန်ခဲ့သော တနှစ် က ကျွန်တော်တို့ ကြုံခဲ့ရသည့် အတွေ့အကြုံများအား သတိရမိပါသည်။ အရေးတော်ပုံ စဖြစ်သည်နှင့် အမေရိကန်အား အကူအညီတောင်းကြ Tweeter မှ Tweet ကြ ။ ဂျိုးဘိုင်ဒင် သမ္မတ ဖြစ်ကာစ မို့ သူ၏ Tweeter Comment များတွင် မြန်မာတို့၏ Save Myanmar ဆိုသည့် ကော်မန့်များ မြင်၍ ပင်မကောင်းပါ။
UN ကလည်း တံခါး ပိတ်လိုက် တံခါးဖွင့်လိုက် နောက်ဆုံးတော့ တံခါး ပျက်သွားသည်ပဲ အဖတ်တင်ပါသည်။ ဘင်္ဂလားဒေရှ့် သို့ UN တပ်များ ရောက်လာသော အခါ UN တပ်များ အနောက်ဖက် တံခါးမှ ဝင်လာမည်လား မျှော်မိကြသေးသည်။ တနှစ်သာ ကြာသွားခဲ့သည်။ ယခုတော့ မြန်မာလူမျိုးတို့ မည်သူ့မျှ မမျှော်တော့ပါ။ တယောက်တလက်ဖြင့် ကိုယ့်အား ကိုယ်ကိုး နေကြပြီ ဖြစ်ပါသည်။
လက်ရှိ ယူကရိန်း နှင့် ရုရှား တို့၏ စစ်ပွဲ အားကြည့် ရင်း လူသားတို့၏ သရုပ်မှန်ကို တွေ့ခဲ့ရပါသည်။ အချို့က ရုရှားအား ကျူးကျော်သူ အဖြစ် မြင်ကြသလို ယူကရိန်းနိုင်ငံအား ဖျက်စီးသူ အဖြစ်မြင်ကြပါသည်။
ယူကရိန်းနိုင်ငံသားတိုင်း ဤသို့ မြင်ကြသည် မဟုတ်ပါ။ အချို့ယူကရိန်း နိုင်ငံသားများက ရုရှား ၏ ကျူးကျော် မှုသည် ဖြစ်သင့်သည် လုပ်သင့်သည်ဟူ၍ မြင်ကြသူများလည်း ရှိပါသည်။ တချိန်က သာယာခဲ့ဘူးသည် ဆိုဗီယက် အင်ပါယာအား မျှော်လင့်နေသူများ ရှိကြပါသေးသည်။
ဤ ဥရောပ စစ်ရေး နှင့်ပတ်သက်၍ မြန်မာအများစုက ယူကရိန်း ဝဋ်လည် သည်ဟူ၍ ပြောဆိုနေကြပါသည်။ အဘယ့်ကြောင့် ဆိုသော် လက်ရှိ စကစ အား လက်နက် ရောင်းပေးသော နိုင်ငံများတွင် ယူကရိန်းလည်း တနိုင်ငံ အပါအဝင်ဖြစ်သော ကြောင့် ဖြစ်ပါသည်။
ဥရောပတွင် စစ်ဖြစ်နေသော ကြောင့် ကျွန်တော်တို့နှင့် အဝေးကြီး စိတ်ပူစရာ မလို ဟူ၍ မထင်ပါနှင့်။ မြန်မာပြည်ကဲ့သို့သော ငမွဲ ၊ ဖွတ်ကျောပေါ်ပြာစု နေသော နိုင်ငံသည် အရာရာ ပြင်ပမှ ဝင်ရောက်လာသော ပစ္စည်းများသာ အားကိုးနေရပါသည်။
ယခု ဤဥရောပ စစ်ကြောင့် ရေနံ ဈေးနှုန်းများ အဆမတန် တက်သွားပါသည်။ လက်ရှိ မြန်မာပြည်၏ စက်သုံးဆီ ဈေးနှုန်း / ဆေးဝါး ဈေးနှုန်းများ မကြုံစဖူး အတက်ကြီးတက်နေသည်ဖြစ်ရာ နောက်ထပ် တက်လာစရာ အကြောင်း ရှိနေသော ကြောင့် ဖြစ်ပါသည်။
စက်သုံးဆီ ဈေးနှုန်းတက်လျင် အခြေခံစားသောက်ကုန် ဈေးတက်ပါသည်။ ကိုဗစ်က နှိပ်စက် ကြင်စိုးက ယုတ်မာ စီးပွားရေးက မကောင်း ကုန်ဈေးနှုန်း က ထပ်မံ၍ လည်စိ တက်နင်း အုံးမည် ဆိုလျင်တော့ ......
Henry Aung ( Kachin )
25/02/2022 - Friday - 18;09 Pm
PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped donjaun (x1)
(4/15) @kachinhenry tipped @johndieo (x1)
Please vote for pizza.witness!
ဖွတ်တက်တာကမှ တော်လိမ့်အုံးမယ် ကိုဟင်
ဟုတ်ပါ့ဗျာ.... ခုတော့ ဖွတ်တက်စရာ တောင် မရှိတော့ဘူးရယ်။
ခုကတည်းက တက်နေပြီအကိုရေ
စားဆီတွေဈေးတက်တာ မြင်မကောင်းဘူး 😥 !lol
မနက်ကဈေးထဲမှာ ပြောနေကြတာလဲ အဲဒါတွေပဲ... တချို့ဆိုရင် ထုတ်မရောင်းဘူး..!PIZZA
lolztoken.com
ERROR: Joke failed.
You can get more $LOLZ on HE.@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
ရှေ့ရေးတွေး တွေးလေလေ ရင်မောလေလေ
ဘာတွေ ဘယ်လိုများဖြစ်လာမလဲလေ။
!PIZZA
!LOL
ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ တွေးရမှာပေါ့.... ကိုယ်တတ်နိုင်တာမှ မဟုတ်တာ။ !PIZZA
lolztoken.com
Lots of gigglebytes!
Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)@kachinhenry, I sent you an on behalf of @htwegyi
ရင်မောတယ်ရှင်။ မြန်မာအတွက်ကနေ ကမ္ဘာအတွက်ပါ ထပ်ဆုတောင်းရတော့မယ်။ ဟင်း...
တောင်မင်း မြောက်မင်း မကယ်နိုင် ဖြစ်နေပြီ။ ဆိုးကျိုးကတော့ အခုကတည်းက သက်ရောက်နေပြီ။
စိတ်ညစ်တာ
ဆီစျေးက ပြောမနေနဲ့
ကိုယ့်ကိုတောင် ငါ ဆိုင်ကယ် စီးတာလား၊ ကားစီးနေတာလားတောင် မသဲကွဲဘူး ရယ်
!PIZZA
ဈေးကတက်ပြီးရင် ပြန်ကျဖို့ မရှိ။ !PIZZA
မပြောလိုပါပြီ ထိုစစ်ကို မာနတွေ အာဃာတတွေ နဲ့ အရေခြုံလူ့လောကကြီး ဒုက္ခတောထဲကပြည်သုတွေ ငြိမ်ချမ်းကြပါစေ ဆုတောင်းနေလဲ မငြိမ်းချမ်းနိုင်တဲ့ပြည်သူတွေ အားလုံးက လူသားတွေပါပဲ စစ်ကိုတော့ အတော်မုန်းနေပါပြီ
အေးဗျာ... အရာရာပြည့်စုံနေလည်း အာဏာကလိုချင်နေသေးတာကိုး...
ကုန်ဈေးနှုန်းတက်တာနဲ့ အလုပ်မရှိတာနဲ့တော့ ဟုတ်နေပြီ ကိုဟင်။
အေးဗျာ... လူတွေလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး...
သြော်... ဆာဟင်ဆောင်းပါးဖတ်ပြီး ရင်မောသွားတာပဲ။
သူရို့ဖာသာ စစ်ဖြစ်တာတောင် ဒီက ကုန်စျေးနှုန်းတက်နေတယ်ဆို
တော့။ ကမ္ဘာစစ်များဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမည်မသိ။ အငက်ဘေးနဲ့
ကြုံရမယ် ထင်ပေါ့။
ko henry , ကျနော့်ကို ကူညီထားတဲ့ ဟိုက်ဗ် ၁၀၁ ကို ပြန်ယူလို့ ရပါပြီ။ ကျနော့်မှာ ၆၀ ကျော် ရှိလို့ လုံလောက်နေပါပြီ။ ကူညီမှုအတွက် အထူး ကျေးဇူးတင်ပါတယ်။ အစစ အဆင်ပြေပါစေ။