မင်္ဂလာပါ။ ကျွန်တော် ယူကရိန်းနှင့် ရုရှ တို့၏ သတင်းအား စိတ်ဝင်စားစွာ စောင့်ကြည့် နေသည်မှာ ၃ ရက်ရှိပြီ ဖြစ်ပါသည်။ အစတွင် ကျွန်တော်ထင်ထားသည်က ရုရှားတို့ စစ်ပွဲစသည်နှင့် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေး စနစ်များ အားလုံး အား ၂၄ နာရီ အတွင်း ဖျက်စီးပစ်မည်။
ထို့ နောက် ယူကရိန်း ဝေဟင်အား ပိုင်စိုးကာ ခြေလျင်တပ်မများ တင့်ကားတပ်မများ ဖြင့် ဝင်ရောက်လာမည်။ ထို့နောက် ခုခံနေသော ယူကရိန်း တပ်ဖွဲ့ဝင်များ အမြောက်များအား ရုရှာ ရုရှား ရဟတ်ယဉ် များအကူအညီဖြင့် ချေမှုန်းပြစ်မည်။ ထို့နောက် မြို့သိမ်း တိုက်ပွဲများ ဆင်နွဲကာ မြို့ကြီးများအား ၄၈ နာရီ သို့မဟုတ် ၇၂ နာရီ အတွင်း သိမ်းပိုက်လိုက်မည်။ ဤသည်က ကျွန်တော်ထင်ထားသည့် အထင်သာ ဖြစ်ပါသည်။
အဘယ့်ကြောင့် ဤသို့ ထင်သနည်း ဆိုသော် ကမ္ဘာ့ အဆင့် ၂ ၂ ရှိသော စစ်တပ်က ကမ္ဘာ့အဆင့် ၂ ရှိနေသော စစ်တပ်အားခုခံနေရသော ကြောင့် ဖြစ်ပါသည်။ သို့သော် ကျွန်တော့ အထင်မှားယွင်းသွားပါသည်။ ယူကရိန်း၏ ခုခံစစ်က အတော်လေးကိုတောင့်ခံထားနိုင်သည်ကို တွေ့ရပါသည်။
ရုရှား အနေဖြင့် တိုက်ပွဲစသည်နှင့် ယူကရိန်း အရှေ့ဘက်ခြမ်းမှ ထိုးစစ် ၂ ခု ၊ ယူကရိန်း မြောက်ဘက်ခြမ်း ဘယ်လာရုစ် နိုင်ငံ မှ စစ်ကြောင်း ၂ ခု ၊ ယူကရိန်တောင်ပိုင်း ခရိုင်မီးယား ပြည်နယ်မှ ထိုးစစ် တခု ၊ ပင်လယ်နက်မှ ရေကြောင်း တပ်ဖွဲ့ ကမ်းတက်တပ်ဖွဲ့တခု စုစု ပေါင်း စစ်ကြောင်း ၄ ခုဖြင့် စတင်ခဲ့ပါသည်။
ယကရိန်းကလည်း စစ်မျက်နှာ လေးခုတွင် ခံစစ် အနေအထားဖြင့် ရှိနေသည်မှာ ၃ ရက် တိုင်တိုင်ရှိပြီ ဖြစ်ပါသည်။ ရုရှားတပ်များ ယနေ့အထိ ယူကရိန်း အစိုးရရုံးထိုင်ရာ Kyiv မြို့အား မသိမ်းနိုင်သေးပါ။ ယူကရိန်း အနေဖြင့် တနေ့နေ့ တချိန်ချိန်တွင် ရုရှား နှင့် စစ်ဖြစ်လာနိုင်ခြေအား ကြိုတင် တွက်စမိသောကြောင့် ခံစစ်အား အသေအချာ ပြင်ဆင်ထားပုံရပါသည်။
စစ်ပွဲစတင်ပြီး ၂၄ နာရီ မပြည့်ခင် ရုရှားတင့်ကားများ ဖေါက်ခွဲ ဖျက်စီး ခံရသလို ရုရှား လေယဉ်များလည်း ပစ်ချခံခဲ့ရပါသည်။ ယခု ဤဥရောပစစ်ပွဲတွင် အရေးကြီးနေရာမှ ကပြနေကြသည်မှာ မီဒီယာ များ ဖြစ်ပါသည်။ Live လွှင့်၍ သတင်းတင်ဆက်ရာတွင် Sky News / FOX News / ABC News / စသည်ဖြင့် အများအပြား ရှိသည်ဖြစ်ရာ နောက်ဆုံးရသတင်းများအား တင်ဆက်နေကြသည်မှာ စစ်ပွဲ အတွင်းသို့ ကိုယ်တိုင်ရောက်နေသယောင် ခံစားရပါသည်။
ဤ သတင်းဌာနများတွင် ကျွန်တော်သတိထားမိသော သတင်းဌာနတခု မှာ India Today သတင်းဌာနဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် အန္ဒိယတို့သည် ဘောလီးဝုဒ် တွင်သာ အိုဗာ အိုက်တင်ဖြင့် သရုပ်ဆောင်တတ်သည်ထင်နေရာ သတင်းကြေညာ ရာတွင်လည်း အိုဗာ အိုက်တင် သုံးတတ်နေသည်ကို သတိပြုမိပါသည်။
အထူးသဖြင့် သတင်းကြေညာသူ၏ ချဲ့ကား အသုံးပြု၍ သတင်းနေကြညာသော အလင်္ကာ များက အတော်လေးကို Over ဖြစ်နေပါသည်။ အခြားသတင်းဌာန များ သတင်းကြေညာသူများနှင့် အတော်လေး ကွာပါသည်။ အထူးသဖြင့် နှုတ်ခမ်းမွှေးကားကား နှင့် ကုလားကြီး သတင်းကြေညာလျင် ပို၍ Over ဖြစ်ပါသည်။ မယုံလျင် India Today သတင်းအား ဝင်ကြည့်ကြပါကုန်။
CNN သတင်းဌာနကတော့ Live လွှင့်သည်ကို မတွေ့ရပါ။ သို့သော် ရုရှား၏ တင့်ကား အပျက်အစီးများအား တင်ဆက်နိုင်သော ပထမဆုံး သတင်းဌာနဖြစ်ပါသည်။ ဆိုရလျင် ရှေ့တန်း စစ်ပွဲတွင်ရောက်နေသော သတင်းဌာနဖြစ်ဟန်တူပါသည်။ Video ရိုက်ကူးထားပြီး CNN သတင်း ဌာနက ပြန်လည် လွှင်တင်ပေးခြင်း ဖြစ်ပါသည်။
မြန်မာပြည်သို့ ရောက်လာပြီး ကြင်စိုးတို့ အဖွဲ့အား ဂျင်းအကြီးကြီးထည့်သွားသည့် CNN Reporter - Clarissa Ward လည်း ရုရှား ယူကရိန်း စစ်ပွဲ ရှေ့တန်းသို့ ရောက်နေပါသည်။ သူ၏ သတင်း Video File တခုတွင် သူ့အနေဖြင့် ရှေ့တန်းတွင် ရှိနေသော ဗန်ကာ များအတွင်း လျှောက် သွားရင်း ယူကရိန်းစစ်သား များဖြင့် အင်တာဗျူးနေပါသည်။
တနေရာ အရောက်တွင် Clarissa Ward က " ရှေ့တန်း စစ်စခန်းသာ ပြောတာ စက်သေနတ်လေး တလက်တောင် မတွေ့မိပါလား " ဟူ၍ ဘေးမှ ယူကရိန်စစ်သားအား မေးလိုက်သောအခါ ယူကရိန်းစစ်သားက အပြုံးဖြင့် ပြန်ဖြေသည်မှာ " ကျွန်တော်တို့ ဆီမှာ လိုအပ်တဲ့ လက်နက်တွေ အလုံအလောက်ရှိပါတယ် ဒါပေမယ့် အဲဒါတွေ ခင်ဗျားကို ထုတ်ပြလို့ မရဘူးလေ" ။
စစ်ပွဲ စသည်မှာ ၃ ရက်ကျော်၍ ၄ ရက် နီးပါးရှိလာပြီ ဖြစ်သော်လည်း ရုရှားက ယူကရိန်း ဝေဟင်အား မထိန်းနိုင်သေး ၊ ယူကရိန်၏ အရေးကြီးသည့် ဆက်သွယ်ရေး စနစ်များအား မဖြတ်တောက်နိုင်သေး ၊ မီးမပျက်သေးသလို အင်တာနက်လည်း ရနေပါသေးသည်။
အင်တာနက် ရနေသောကြောင့် ယူကရိန်း သမ္မတ က မြို့တော် တွင် လမ်းလျှောက်ရင်း Live ပါ လွှင့်လိုက်သေးသည်။ ယူကရိန်း ပြည်သူနှင့် သူတို့ ခေါင်းဆောင် ကတော့ တသားတည်း ရှိနေပြီ ဖြစ်ပါသည်။ ခေါင်းဆောင်ကလည်းတိုင်းပြည်မှ ထွက်မပြေးသလို ပြည်သူများကလည်း မြို့တော်အား ကာကွယ်ရန် ပြည်သူ့စစ်ထဲသို့ တသောသော ဝင်ရောက်လာနေကြသည်။
ဘဏ်မန်နေဂျာကလည်း သေနတ် ကိုင်နေပြီ ဖြစ်သလို ဆောက်လုပ်ရေး လုပ်သားကလည်း သေနတ်ကိုင်နေပြီ ဖြစ်ပါသည်။ အသက် ၆၀ ကျော်အရွယ် အဖိုးကြီးကလည်း AK 47 ရိုင်ဖယ်နှင့်။ လှပသော ယူကရိန်း ပျိုဖြူများကလည်း AK47 နှင့် အသင့်ဖြစ်နေသလို ပါလီမန် အမတ်ကလည်း AK 47 လွယ်ထားပါသည်။
ရုရှား ( ဆိုဗီယက် ယူနီယံ ) ၏ အမှတ် တံဆိပ်ဖြစ်သော AK 47 ရိုင်ဖယ် သည်ယခုတော့ ရုရှား စစ်သားများ၏ အသက်များအား နုတ်ယူတော့မည်။ သေနတ်ကိုင်နိုင်သော ယောက်ျား မိန်းမ အားလုံး စစ်ထဲဝင်ရောက်နေချိန်တွင် သေနတ်မကိုင်နိုင်သော အမျိုးသမီး များက မိုလိုတော့ ( ဓါတ်ဆီ မီးဗုံး ) များလုပ်နေကြသည်။
Sky News သတင်းထောက်က ထိုမိုလိုတော့ လုပ်နေသော အမျိုးသမီးများအား မေးလိုက်ပါသည် " နင်တို့က မီးဗုံးနဲ့ ပဲ ပစ်မှာ ရုရှားတွေက နင်တို့ကို သေနတ်တွေ ဒုံးကျည်တွေနဲ့ ထုမှာ ၊ သေမှာ မကြောက်ဘူးလား " ဟူ၍။ မိုလိုတော့ လုပ်နေကြသည့် အမျိုးသမီးများထဲမှ တယောက်က ပြန်ဖြေသည်မှာ " Oh… we are not afraid to die on our own land “ ။
ရုရှားစစ်သားများက အထက်က အမိန့် ပေး၍ တိုက်ခိုက်နေကြသူ ၊ ယူကရိန်း နိုင်ငံသားများကတော့ အမိမြေကို ကာကွယ်နေကြသူများ ။ စိတ်ဓါတ်ကတော့ ကွာပါသည်။ ပူတင် အနေဖြင့် ယူကရိန်းအား အနိုင်ယူနိုင်ပါလိမ့်မည်။ သို့သော်လည်း လွယ်လွယ်ကူကူ နှင့်တော့ ရမည် မဟုတ်ပါ။
ရုရှား အနေဖြင့် ဤ ယူကရိန်းအား ဆင်နွဲသည့် ကျူးကျော်စစ်တွင် ဂုဏ်သိက္ခာ အရ လည်း အကျိုးမရှိ ၊ စစ်ပွဲ နိုင်သွားလျင်လည်း အကျိုးမရှိ ၊ တဝက်တပြက် နှင့် ရပ်ထားလျင်လည်း ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည်ဟူ၍ အပြောခံရမည် ဖြစ်ပါသည်။ ရုရှားပြည်သူများကတော့ နိုင်ငံပေါင်းစုံ၏ ဝိုင်းဝန်း ပိတ်ဆို့မှုဒါဏ်အား လည်စင်းခံရတော့မည် ဖြစ်ပါသည်။
Henry Aung ( Kachin )
27/02/2022 - Sunday - 18;55 Pm
ကိုဟင် ရေးပြတော့ ဘာတွေ ဆက်ဖြစ်လာမလဲ စိတ်ဝင်းစားစရာပ။
ပူတင်းတော့ ဘေးကြပ် နံကြပ် ဆိုသလိုပ။
!PIZZA
!LOL
lolztoken.com
Wherever he wants.
Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)@kachinhenry, I sent you an on behalf of @htwegyi
အခုတော့ ရုရှားလည်း ကိုယ်တွေ လို ဖြစ်နေပြီ။ ရုရှ ငွေကြေးက ထိုးကျသွားတော့ လူတွေ ATM မှာ တန်းစီပြီး ပိုက်ဆံ ထုတ်နေကြပြီ။ !PIZZA
ပူတင်တော့ ပူတင်းဖြစ်တော့မယ် 😊
အခုလည်း တကမ္ဘာလုံးကသူ့ကို ဝိုင်းပြီး ပူနေကြပြီ...😁😁😁
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped tin.aung.soe (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
tin.aung.soe tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped sayalu (x1)
(6/15)
kachinhenry tipped johndieo (x1) @kachinhenry tipped @htwegyi (x1)
Learn more at https://hive.pizza.
ငပူတင်းက ညံ့လို့ပဲလားမသိဘူး ကျနော်လည်း ဆာဟင်ထင်သလို ထင်မိတာပဲ 😁
ငပူတင်းက မညံ့ပါဘူး။ သူက အရမ်း အာဏာကြီးသွားတော့ သူ့ကို ထိန်းကျောင်း ပေးမဲ့သူ မရှိဘူး ဖြစ်သွားတာ။ သူ့ကို ဘယ်သူ မှ မတားရဲဘူး.... ဟစ်တလာလိုပေါ့ !LOL
lolztoken.com
But he's agreed to cut me some slacks.
Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)@ansoe, I sent you an on behalf of @kachinhenry
နေတိုးအဖွဲ့ဝင်မဟုတ်တော့ လူကူမရ၊ လက်နက်ကူနေကြတယ်။ စေတနာဝန်ထမ်း တပ်ပေါင်းစုဖွဲ့လို့ စစ်ကူ (အစိုးရလွှတ်တာမဟုတ်) တပ်သားတွေလည်း ဝင်ကူကြဦးမယ်၊ ပြည်သူအား + လက်နက်ကူအားနဲ့ဆိုတော့ ခုခံနိုင်မယ် ထင်ပါတယ်။
ko henry , ကျနော့်ကို ကူညီထားတဲ့ ဟိုက်ဗ် ၁၀၁ ကို ပြန်ယူလို့ ရပါပြီ။ ကျနော့်မှာ ၆၀ ကျော် ရှိလို့ လုံလောက်နေပါပြီ။ ကူညီမှုအတွက် အထူး ကျေးဇူးတင်ပါတယ်။ အစစ အဆင်ပြေပါစေ။
လောလောဆယ် လူသစ်ဝင်လာတာ မရှိသေးတော့ Delegate လုပ်ထားပေးပါအုံးမယ်။ !PIZZA
!PIZZA
!PIZZA
စိတ်ဝင်စားဖို့တော့ ကောင်းတယ်
စစ်ဘေးရှောင်ချင်း အတူတူ သူတို့ဘဝတွေက ကျွန်တော်တို့ထက် သာယာနေတယ်ဗျာ
ဟုတ်ပါ့ဗျာ။ သူတို့က ကယ်မဲ့သူ ကူမဲ့သူ တွေပေါတယ်။ ကိုယ်တွေရဲ့ အာဆီယံသာ အဲသလို ကူပေးလို့ကတော့ !PIZZA
ခုတော့ ATMစက်ကပိုက်ဆံတွေ ထုတ်မရတော့ဘူးတဲ့။
%နဲ့ မထုတ်ကြဘူးလားမသိ။
စတာပါ။ အခု နူးကလီးယားတပ်ကို အသင့်ပြင်ခိုင်းထားသတဲ့။
အာဏာရှင်တွေများ စိတ်ပျက်စရာ
ယူကရိန်းတော့ မဟုတ်ဘူး... ရုရှားမှာ ATM က ပိုက်ဆံတွေ ထုတ်နေကြပြီ။ သူတို့ ငွေကြေးတွေ ဈေးတွေထိုးကျ နေတော့.... တကမ္ဘာလုံးကလည်း ရုရှားကို ဝိုင်း ပိတ် ကုန်ကြတော့ !PIZZA
ကိုဟင်...ပိုစ့်နဲ့မဆိုင်ပေမဲ့ပြောပြချင်လို့ပါ....downvote ထိနေတာနှစ်ကြိမ်ရှိပြီ....ပြန်ပြင်ပေးဖို့နဲ့ဘာကြောင့် ပေးလဲမေးထားပါတယ်....မနေ့ကပါ....
ဘယ်သူက Down Vote ပေးတာလဲ..?
@wewens acc ပါ...ဒီ acc ကမနေ့ကလာပေးတာပါ...ပထမတစ်ခါလာပေးတဲ့ acc ကိုတော့မမှတ်မိတော့ပါဘူး....