စာပြန်ရေးဖို့အတွက် ကြိုးစားနေပါတယ်

in HIVE-MYANMAR2 months ago


အမှန်တော့ကျွန်တော်အနေနဲ့ စာရေးဖို့အတွက် နေ့စဥ်လိုလိုကို စဥ်စားထားခဲ့မိပါတယ်။ ထိုစဥ်စားထားတဲ့ကိစ္စကလဲ ယခုအချိန်ထိအောင်မြင်ခြင်းမရှိသေးပါဘူး။ သေချာတဲ့ ပုံမှန်ဝင်ငွေတစ်ခုအနေနဲ့ကလည်း Hiveမှာပဲ ရှိနေတယ်ဆိုတာကိုလဲ နားလည်ထားပါတယ်။

နားလည်ထားပေးမယ့် အကောင်အထည်မဖော်နိုင်သေးပါဘူး။ ကောင်အထည်ဖော်နိုင်အောင်လဲ ကြိုးစားနေပါတယ်။ တစ်ရက်ထက်တစ်ရက်ကို Tiktok Lite မှာတင် အချိန်ပေးရတာနဲ့ Airdrop တွေနဲ့အလုပ်ရှုပ်နေပါတယ်။ Airdrop ကလဲ မျှော်မှန်းထားတဲ့ပုံစံမျိူးမဖြစ်တဲ့အခါမှာတော့ တော်တော်လေးစိတ်ဓာတ်ကျနေပါတယ်။

Telegram Airdrop တွေက ပေးဖို့အတွက် ရယူဖို့ကခပ်များများပါပဲ။ ဘယ် Airdrop နေနေ Eligibility ဖြစ်ဖို့က TON or Star တွေကအရင်တောင်းနေတာ NOT DOGS ကလွဲလို့ နောက်ထပ်ထွက်လာတဲ့ Airdrop 90% တွေက Ton ပေးမှသာလျှင် Airdrop အတွက်က အကျူံးဝင်မှာပဲ ဖြစ်ပါတယ်။

hive အတွက် အချိန်ကမရှိနေတာက Telegram ဖက်မှာတင်အချိန်ကုန်လို့နေပါတယ်။ အမှန်တော့ ကိုယ်အနေနဲ့က Hive နဲ့ Telegram Airdrop ဘယ်ဟာကပိုပြီးတော့ ရမလဲစမ်းသပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ Telegram Airdrop တွေကတော့ မှန်းချက်နဲ့နှမ်းထွက်တာ မကိုက်နေတော့ Hive အတွက်အချိန်လုံလုံလောက်လောက် ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Hive မှာစာမရေးဖြစ်တာနည်းနည်းကြာသွားတော့ အတော်လေးစဥ်းစားပြီးရေးနေရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ Telegram Airdrop အစား Data Earn Airdrop တွေကိုပဲ အချိန်ပေးဖြစ်နေပါတယ်။ Data Earn ကတော့ အချိန်ပေးစရာမလိုပဲ Data Or Wifi လေး On ထားရုံပဲဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ နောက်post မှာ Dtat လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါဦးမယ်။

Sort:  

PIZZA!

$PIZZA slices delivered:
(1/10) @htwegyi tipped @kaunglay2