ဒီနေ့တော့ စိုင်းခမ်းလိတ်ရဲ့ အချစ်အတွက် တစ်ဖန်မွှေးဖွားခြင်းလေးကို ပြန်နားထောင်ဖြစ်တယ် ။ ယခင် ယခင်ကလဲ အကြိမ်များစွာ နားထောင်ဖူးပေမဲ့ ယခုတစ်ခါနှင့် လုံးဝမတူ ခံစားချက်ချင်း အလွန်အမင်း ကွဲပြားနေသည် ။ ကျွှန်တော် သည်လည်း မကြာခင်ကမှ အချစ်အတွက် တစ်ဖန်မွေးဖွားခံရသူ ။
ယခင် မျော်လင့်ချက်တွေ မရှိ တစ်ချိန်ချိန်မှာ သေဆုံးသွားရဖို့ကို စောင့်စားနေရတဲ့ လူသား တစ်ဦးထက်မပိုခဲ့ ။ ရည်မှန်းချက်မရှိသူသည် ရှင်လျှက်နှင့် သေဆုံး သူဟု ပြောမည်ဆိုလျှင် ကျွှန်တော်သည်လည်းအပါအဝင်ဖြစ်ကြောင်း ဝန်ခံရမည် ။ သို့သော် မကြာခင်ကမှ ထိုအရာတို့သည် ပြောင်းလဲလာခဲ့သည် ။ ရည်ရွှယ်ချက်တို့သည် ပြန်လည် ထမြောက်လာခဲ့သည် ။ သို့သော် ကျွန်တော့ မဟာရည်မှန်းချက်ကြီးအား ပြောပြလိုက်လျှင်တော့ ဟားတိုက်ရီကြပေလိမ့်မည် ။
မဟာရည်မှန်းချက်ကြီးမှာ ကျွှန်တော်ချစ်သော ကောင်မလေး နှင့် အတူနေခွင့် ရရှိရန် ဖြစ်ပြီး ထိုနောက်ပိုင်း ထိုကောင်မလေး အဆင်ပြေစေရန် ဖြည့်ဆည်း ပေးနိုင်ဖို့ ဖြစ်လာသည် ။ ဘာမှမရှိ သေမည့်ရက် ထိုင်စောင့်နေရသူ အဖို့ အချစ်က ရှင်သန်စေခဲ့သည် ။ သူလေးနဲ့ အနာဂတ်အတွက် ဆိုတာတွေကြောင့် တတ်နိုင်သလောက် ကြိုးစားမိလာသည် ။ တစ်ကယ်ပါ အချစ်အတွက် တစ်ဖန် မွေးဖွားခြင်းဆိုတဲ့ သီချင်းလေးဖြစ်လာတုန်းက သီချင်းရေးတဲ့သူနဲ့ထပ်တူ ခံစားပေးခဲ့ဖော် ရှိရဲ့လား မသိပေမဲ့ သီချင်းလေးက ကျွန်တော့ အပေါ် နားလည်ပေးခဲ့တယ်
domelay