မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
ကိုယ်ချစ်ခင်နှစ်သက်သူတွေ အပါအဝင် သူတစ်ပါးတွေကို တန်ဘိုးရှိတာတစ်ခုခု ပေးမယ်ဆိုရင် မိတ်ဆွေတို့ ဘာကို ပေးချင်ပါသလဲ။ တစ်နေ့က ကျွန်တော့်ဓမ္မpageထဲက post အဟောင်းတွေ ပြန်ဖတ်ဖြစ်တော့ ဆရာတော်ဦးဇောတိက ဆောင်းပါးကို တွေ့ခဲ့တယ်။ ကိုယ်ချစ်ခင်နှစ်သက်သောသူတွေကို စိတ်ချမ်းသာအောင် နေနည်းသင်ပေးတာ အကောင်းဆုံးပါတဲ့။ ထိုစာသားလေးကို ကျွန်တော် အလွန်သဘောကျနှစ်သက်မိတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်အပေးချင်ဆုံးက ထိုစိတ်ချမ်းသာမှု စိတ်နှလုံးအေးချမ်းမှု ဖြစ်နေလို့ပါ။ ကျွန်တော်ဟာ ဘာကောင်မှမဟုတ်သလို ဓမ္မကထိကလည်း မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သာမန်လူသားတစ်ယောက်ပါဘဲ။ ပေးချင်တဲ့ဆန္ဒကြောင့် ရှာဖွေလေ့လာပြီး sharing လုပ်နေတဲ့သဘောပါ။ မဟော်က ဘာသာရေးpostဘဲတင်နေတယ်ဆိုပြီး တစ်မျိုးမထင်လိုက်ပါနဲ့။ ကျွန်တော်လည်း လေ့လာဆဲပါ။ ဘာမှမဟုတ်သေးတဲ့ သာမန်ပုထုဇဥ်လူသားတစ်ယောက်ပါဘဲ။ တစ်နေ့က ကျွန်တော့်ဇနီးကပြောတယ်။ ရေးနေတော့ ဘာသာရေးpost ဒေါသကြီးတာကလည်း အခုထိ မလျှာ့သေးဘူးတဲ့။ ဟုတ်တယ်လေ ၊ ဒေါသကြီးတတ်လို့ ဒေါသနည်းရာနည်းကြောင်းရှားဖွေလေ့လာတယ်။ ကိုယ်နားလည်သလောက် ဝေမျှပေးတယ်။ကျွန်တော် မိတ်ဆွေတို့အတွက် ဆေးရှာဖွေပေးတယ်။ ကျွန်တော် ထိုဆေးကို ဖော်စပ်နည်း သိတာ မသိတာထက် မိတ်ဆွေတို့ ထိုဆေးသောက်ပြီး ငြိမ်းချမ်းဘို့ ကျန်းမာဘို့ကအဓိက လိုရင်းမဟုတ်လား။ ဆိုလိုချင်တာက ဒေါသကြီးတာက တစ်ခြား ပေးချင်တဲ့ဆန္ဒက တစ်ခြားလေ။ကောင်းသောအရာကို မလုပ်နိုင်သေးပေမယ့် လုပ်နိုင်အောင်တော့ ကြိုးစားရမှာက ကျွန်တော်တို့ရဲ့တာဝန်ဘဲလေ။ဒီလိုပါဘဲ ဆိုခရေးတီးတောင် သူ့မိန်းမက အကောင်းပြောတာမှတ်လို့🤣😂😀(အယ့်လဲ!)ကိုင်း ဒီလေါက်ဘဲထားပြီးရှေ့ဆက်ကြစို့။
မှန်ကန်သော အသိတစ်ခု တန်ဘိးရှိသောအသိတစ်ခု နားလည်ဘို့ဆိုတာ အလွန်ခဲယဥ်းပါတယ်။ အသိတစ်ခုကို ပတ်ဝန်းကျင်ကြောင့် သိခဲ့ရတာလွယ်ပေမယ့် မသိတဲ့သူတွေအတွက် ထိုအသိကိုရဘို့တော်တော်ခဲယဥ်းပါတယ်။ မနေ့က အနောက်နိုင်ငံသားတစ်ယောက် Meditation pageမှာ postတင်ထားတာကို translateလုပ်ပြီး ဖတ်ဖြစ်တယ်။စိတ်သောကတွေကို စိတ်ကူးယဥ်ပြီး ဖြေဖျောက်ရင် သက်သာစေတယ်ဆိုလို့လုပ်ကြည်တယ်။ဒါပေမယ့် မသက်သာဘူး။ ငါ့အတွေးကို ဘယ်လိုလုပ်ရမလဲဆိုပြီး ရေးထားတယ်။ တကယ်တမ်း စိတ်ကိုသောကပေးတာက ထိုအတွေးလေ။ ဒါကိုသူကမသိတော့ အတွေးနဲ့ သူ့သောကကိုငြိမ်းနေတယ်ဆိုတော့ ပိုဆိုးတာပေါ့။ သူ ထိုအချက်လေးကို သိလိုက်ရင် သူ့စိတ်သောကတွေ သက်သာစေမှာပါ။ ထိုအတွေးတွေကို စိတ်ကူးယဥ်နေတာ ငါမှားနေတာဘဲဆိုတာ သူသိလိုက်ရင် သောကတွေ မတိုးစေဘူးပေါ့။ကျွန်တော်ဆိုလိုချင်တာက သိခြင်းနဲ့မသိခြင်းဟာ နံရံပါးပါးလေးဘဲ ခြားတာပါ။ ဒါပေမယ့် အကျိုးတရားပိုင်းက အလွန်ကွာခြားလှပါတယ်။ အခြေခံဘာသာရေးအသိလေးတွေကို သိသူများတယ်ဆိုပေမယ့် လုံးလုံးမသိတဲ့သူတွေ တစ်ပုံကြီးပါ။ အခြားဘာသာကိုမပြောပါဘူး၊ ကျွန်တော်တို့ဗုဒ္ဓဘါသာမှာကို အသက်သာလူကြီးဖြစ်နေတာ ဘာမှမသိတဲ့သူတွေ အများကြီးပါ။ အချုပ်ကိုပြန်ပြောရရင် လူတွေရဲ့ သိခြင်း မသိခြင်းကြားက နံရံပါးပါးလေးကို ကျွန်တော်တတ်နိုင်သမျှ ဖယ်ရှားပေးချင်တာဖြိုဖျက်ပေးချင်တာ ကျွန်တော့်ရဲ့ဆန္ဒပါ။ အားလုံးဘဲ ကျန်းမာချမ်းသာပါစေ။
မဟော် (ရှားကိုး)
27/5/2020
9:06am
ဖြိုဖျက်နိုင်အောင် စိတ်မှာ ဉာဏ်ပညာလက်နက် တပ်ဆင်ပါ့မယ်ဗျာ
တက်နိုင်သမျှ ကြိုးစားပြီး ထိုနံရံပါးပါးလေးကို
ဖြိုဖျက်ကြရအောင်ဗျာ...
အတူတူ ကြိုးစားကြမယ်ညီ။ျေးဇူးပါ။
နံရံပါးပါးလေးဆ်ုပေမယ့် ဖောက်ထွက်ချင်စိတ် ဖောက်ဖျက်လိုအား ကောင်းဦးမှကိုးဗျ
ဖောက်ထွက်ချင်စိတ်ဖြစ်အောင် ပါးပါးလေးလို့ တမင်ပြောထားတာ🤣🤣🤣