Survival game တစ်ခုဆိုတာအချိန်အတော့်ကိုပေးနိုင်မှဆော့လို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။အချိန်မပေးနိုင်လို့ကနော့လုံးဝကိုအဆင်မပြေပါဘူး။
Longshot sniper သမားတွေအတွက်သုံးတဲ့ကျည်ကတော့ 7.62 mm ကျည်အမျိုးအစားဖြစ်ပါတယ်။ အပျော့နဲ့အပြင်းနှစ်မျိုးရှိတဲ့အထဲက အပြင်းကိုသုံးစေချင်ပါတယ်။ battle မှာ တစ်ချက်တိုတစ်ချက်အရမ်းကိုသိသာစေလို့ပါပဲ။
ဒီဂိမ်းကိုဆော့လာတာ နာရီ ၈၀၀ ကျော်လောက်ကိုဆော့ပြီးကြိတ်နှစ်သက်လို့ review ရေးဖြစ်သွားတာဖြစ်ပါတယ်။လူများများနဲ့စည်းစည်းလုံးလုံးနဲ့ဆော့ရင်အလွန်ကိုပျော်စရာကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။
ဂိမ်းထဲမှာ လေယာဉ်နဲ့လာချတဲ့ airdrop၊ helicopter ကိုပစ်ချပြီးမှ ရတဲ့ airdrop နဲ့ရေကြောင်းကနေသင်္ဘောနဲ့လာတဲ့ airdrop ဆိုပြီး ၃ မျိုးရှိပါတယ် ။ထို airdrop တွေကနေပစ္စည်းအကောင်းစားတွေရနိုင်ပါသေးတယ်။
Air drop သုံးမျိုးကလာတဲ့အချိန်လဲမတူသလို နေရာပါကွဲဲပြားပါသေးတယ်။တစ်ခါတစ်လေလာတဲ့အလျိန်မတူသလိုတစ်ခါတစ်လေတော့လဲနှစ်ခုတပြိုင်နက် ပေတတ်ပါသေးတယ်။ဒီအကြောင်းအသေးစိတ်ကိုတော့နောက်ပို့စ်မှာအသေးစိတ်ရှင်းပြပေးပါမည်။