ခုတစ်ခါမှာတော့ ဖောက်ခွဲရေးပစ္စည်းတွေအကြောင်း အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်။ဒီပစ္စည်းတွေအကြောင်းအသေအချာအတိအကျသိမှသာလျှင် ရန်သူရဲ့အိမ်ကိုဖြိုဖို့ ဘယ်လောက်ကုန်မလဲဆိုတာတွက်ချက်လို့ရမှာပါ။
Damage လဲအနည်းဆုံးဖြစ် ကုန်ကြမ်းပစ္စည်းလဲကုန်ကျမှုအနည်းဆုံးဖြစ်တဲ့ Simple oil Drumရဲ့အကြောင်းလေးပါ။ဒီကောင်းလေးကတော့ သစ်သားနံရံနဲ့ကျောက်နံရံကိုဖြိုခွင်းတဲ့နေရာတွေမှာပဲအသုံးပြုလို့ကောင်းပါတယ်။သံနံရံနဲ့စတီးနံရံတွေကိုမဖြိုနိုင်တာတော့မဟုတ်ပါဘူး။
ဒါပေမဲ့ကုန်ကျမှုပိုများအှာဖြစ်လို့ Simple oil Drum ကို သံနံရံနဲ့စတီးနံရံဖြိုတဲ့နေရာတွေမှာတော့မသုံးသင့်ပါဘူး။ Simple oil Drumကိုပြုလုပ်ဖို့ဆိုရင် Gunpowder 60 ခုနဲ့ Iron bar 20ခု လိုအပ်မှာဖြစ်ပါတယ်။ပြုလုပ်ချိန်ကတော့ 8s ပဲကြာမှာဖြစ်ပါတယ်။
ဒီဂိမ်းမှာက နံရံကိုဖြိုတာထက်စာရင် တံခါး(ဝင်ပေါက်)တွေကိုဖြိုတာက ပိုပြီးတော့အကုန်အကျသက်သာစေပါတယ်။ Simple oil Drum သုံးပြီး သစ်သားတံခါးကိုဖြိုမယ်ဆိုရင် Simple oil Drum 2 လုံးပဲကုန်မှာဖြစ်ပြီးတော့ wood wall ကိုဖြိုမယ်ဆိုရင်တော့ 4လုံး ကုန်မှာဖြစ်ပါတယ်။
Simple oil Drum ကိုအသုံးပြုပြီး Stone door ကိုဖြိုမယ်ဆိုရင်တော့ Simple oil Drum 3 လုံးကုန်ကျမှာဖြစ်ပြီးတော့ Stone wall ဆိုရင်တော့ Simple oil Drum 10 လုံးတောင်ကုန်မှာဖြစ်ပါတယ်။ အကုန်အကျအရမ်းကိုကွလွန်းပါတယ်။ဒါကြောင့်ရန်သူ့အိမ်ဖြိုရာမှာ လိမ္မာပါးနပ်ပြီးအကုန်အကျအနည်းဆုံးဖြစ်အောင်လုပ်တတ်ဖို့လိုပါသေးတယ်။