မိုးတွေရွာ လေတွေထန်စဉ်

in HIVE-MYANMAR5 years ago

IMG_5562.jpg

အမြဲတမ်းအပူတွေလွန်ကဲနေတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသလေးဟာဆိုရင်ဖြင့် ခုချိန်မှာ မိုးလေးတွေမကြာခဏရွာချနေသဖြင့် မိုးရာသီကိုကူးပြောင်းလာမဲ့အခြေအနေတစ်ခုကိုစတင်လာပြီဟုဆိုစမတ်ပြုရပါ့မယ်။

နေ့လည်တုန်းကတော့အရမ်းတွေပူနေသဖြင့် ကိုယ့်မြို့အကြောင်းကိုကြိုသိလိုက်ပါတော့တယ်။ခါတိုင်းပူတာထက်ကို ၂ ဆလောက်ပိုပူနေချိန်မှာဆိုရင်ဖြင့် ကျွန်တော်တို့မြို့ရဲ့အပျက်နိုင်ဆုံး Epc ရဲ့ load shield ဟာဖြင့်ပေါ်တော်မူလာပြန်ပါတယ်။

​အပူချိန်ပိုမြင့်ချိန်မှာ မီးကပါပျက်နေသဖြင့်တစ်ခါတစ်လေ ဆွမ်းကြီးဝိုင်းလောင်းသလိုတောင်ခံစားနေရပါတယ်။အဲအချိန်မှာဇာတ်လမ်းကစလာပါပြ်ီ။လေကစတင်တိုက်ခတ်လာပြီး တစ်ဖြေးဖြေးကြမ်းလာပြီ။တစ်ဖြေးဖြေးနဲ့တိုက်ခတ်လာရာကနေ ၄၅မိနစ်လောက်တော့ပွဲကြမ်းသွားခဲ့လေပြီ။

မုန်တိုင်းတွေပြီးရင်လေပြေတွေလာသလိုဆိုသလိုပဲ မိုးကစတင်သည်းပါလေတော့သည်။ထိုစဉ်မီးစတင်လာပါတော့သည်။နည်းနည်းအဆင်ပြေလာပြီလို့ထင်ရပေမဲ့မိုးရွာနေတာဖြစ်နေတဲ့အတွက်ရင်တထိတ်ထိတ်ပါပဲ။ကျော်တို့ Epc ကမိုးရွာရင်မီးဖြတ်ချင်တာကိုး။

မိုးကရွာလေကတိုက် မီးကလာသုံးမျိုးစုံနေပြန်တော့လဲတစ်မျိုးတစ်ဖုံကြောက်နေရပြန်ပါသေးတယ်။တစ်ဖြေးဖြေးနဲ့မိုးကဆဲသွားပြီးအအေးဓာတ်လေးရသွားပေမဲ့ လေကကြမ်းနေဆဲပင်။ဒီကနေ့အတွေကြုံလေးကတော့ မိုးရွာလိုက်၊မီးပျက်လိုက်၊လေတိုက်လိုက်နဲ့သာ သံသရာလည်နေတော့သည်။

@mgzayyar

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here