နက္ခတ်ဗေဒ၏ ရာသီများအကြောင်းကိုသိရှိပြီးဖြစ်ပါသည်။ ထိုရာသီများကို ထပ်မံ၍ ခွဲခြမ်းစိတ်ဖြာမှုကိုဆက်လက်လေ့လာကြပါမည်။ ဤအပိုင်းတွင် "နဝင်း" ဟုခေါ်သည့် ၁၀၈ပိုင်းအကြောင်းကိုလေ့လာကြပါမည်။ "နဝင်း" အကြောင်းကိုမလေ့လာမှီ နက္ခတ်ဗေဒ၏ အတိုင်းအတာအခေါ်အဝေါ်များကို သိရန်လိုပေမည်။ လည်းကောင်းမှာ တစ်ဒီဂရီတွင် ၆၀မိနစ်ရှိပြီး တစ်မိနစ်တွင် ၆၀စက္ကန့်ရှိပါသည်။ နာရီ၏အသုံးအနှုန်းများနှင့်တူပါသည်။ထိုကြောင့် နက္ခတ်၏ အတိုင်းအတာများကို ဒီဂရီ၊ မိနစ်၊ စက္ကန့် များဖြင့် အသုံးပြုသည်။
We already know about the seasons of astrology. We will continue to analyze those seasons further. In this section, we will learn about the 108 parts called "Nawin". Before learning about "Nawin", you may need to know some astronomical terms. Also, there are 60 minutes in a degree and 60 seconds in a minute. Similar to the terms of a clock. Therefore, the dimensions of a star are measured in degrees, minutes Used in seconds.
ရာသီတစ်ခုတွင် ပါဒ်ဟုခေါ်သော "နဝင်း"ကိုးပိုင်းသတ်မှတ်ထားပါသည်။ ထို့ကြောင့် ရာသီတစ်ခုတွင် "နဝင်း"ကိုးခုရှိသည်။ "နဝင်း"တစ်ခု၏အတိုင်းအတာမှာ ၃ဒီဂရီ၂၀မိနစ်ရှိသည့်အတွက် (9×3°20´)သည် ၃၀ဒီဂရီ ရာသီတစ်ခုဖြစ်သည်။ ရာသီခွင်တစ်ခုလုံးသည် ၁၂ရာသီရှိသည့်အတွက် (12×9)သည် ၁၀၈ဖြစ်သည်။ ထိုကြောင့် ရာသီခွင်တစ်ခုလုံးတွင် ၁၀၈"နဝင်း"ရှိသည်။ "နဝင်း"တိုင်းတွင် ဂြိုဟ်ပိုင်ရှိသည်။ ထိုဂြိုဟ်ပိုင်တို့သည် ရာသီပိုင်ဂြိုဟ်များကဲ့သို့အစဥ်အတိုင်းရှိပါသည်။ ထိုဂြိုဟ်များမှာ အင်္ဂါဂြိုဟ်, သောကြာဂြိုဟ်, ဗုဒ္ဓဟူးဂြိုဟ်, တနင်္လာဂြိုဟ်, တနင်္ဂနွေဂြိုဟ်, ဗုဒ္ဓဟူးဂြိုဟ်, သောကြာဂြိုဟ်, အင်္ဂါဂြိုဟ်, ကြာသပတေးဂြိုဟ်, စနေဂြိုဟ်, စနေဂြိုဟ်, နှင့် ကြာသပတေးဂြိုဟ် တို့ဖြစ်ပါသည်။ မြန်မာနက္ခတ်ပညာတွင် "နဝင်းဇာတာ" ဟူ၍ ထို၁၀၈ခုကိုအခြေခံသော ဇာတာတွက်ချက်မှုများရှိပါသည်။
A season is set to nine episodes called "Nawin". Therefore, there are nine "Navins" in a season. Since the length of a "new moon" is 3 degrees 20 minutes (9 x 3°20'), it is a 30 degree season. Since the entire zodiac has 12 seasons, (12×9) is 108. Therefore, there are 108 "Nawin" in the entire zodiac. Every "Nawin" has a planet. These planets are in the same order as the planets of the seasons. The planets are Mars, Venus, Mercury, Moon, Sun, Mercury, Venus, Mars, Jupiter, Saturn, Saturn, and Jupiter. In Burmese astrology, there are horoscope calculations based on those 108, called "Nawin Horoscope".
ဤအခန်းတွင် နဝင်း၁၀၈ခုဖြစ်လာရခြင်းမှာ မထူးဆန်းသော်လည်း ၁၀၈ ဟူသောနံပါတ်သည် ထူးခြားမှုများကိုဖြစ်လာစေပါသည်။ နက္ခတ္တဗေဒတွင် နေနှင့်ကမ္ဘာအကွာအဝေးသည် နေအချင်း၏ ၁၀၈ဆခန့်ဖြစ်ပြီး၊ လနှင့်ကမ္ဘာ၏ အကွာအဝေးမှာ လအချင်း၏ ၁၀၈ဆဖြစ်နေခြင်းသည် ထူးခြားသောဖြစ်စဥ် တစ်ခုအနေဖြင့် တွေ့မြင်ရပေသည်။ ထိုကြောင့် ဗဟုသုတအနေဖြင့် ၁၀၈ ၏ထူးခြားမှုအချို့ကို လေ့လာကြပါစို့။
It is not strange that there are 108 names in this chapter, but the number 108 makes something special. In astronomy, the distance between the Sun and the Earth is about 108 times the Sun's diameter. The fact that the distance between the moon and the earth is 108 times the diameter of the moon is seen as a unique phenomenon. So let's take a look at some of the 108's unique features.
အိန္ဒိယတွင် မြင့်မြတ်သောနေရာ(pithas)၁၀၈ခုရှိသည်။ ထိုအပြင် လူ့ခန္ဓာကိုယ်တွင် မြင့်မြတ်သောအချက်(marma point) ၁၀၈ခုရှိသည်ဟု အိန္ဒိယယောဂစာပေများတွင် ဖော်ပြထားပါသည်။
There are 108 sacred places (pithas) in India. In addition, Indian yoga literature states that there are 108 marma points in the human body.
ဂျပန်နိုင်ငံတွင် နှစ်သစ်ကူးနေ့၌ ခေါင်းလောင်းကို ၁၀၈ကြိမ်တီးခတ်ပြီး လူများ၏အားနည်းချက် ၁၀၈ချက်ကို မောင်းထုတ်ကြပါသည်။
In Japan, they ring the bell 108 times on New Year's Day to drive away 108 people's weaknesses.
Chakra ပညာရပ်တွင်လည်း စွမ်းအင်လိုင်းများ၏ လမ်းဆုံများဖြစ်ပြီး Heaet Chakraကို ဖွဲ့စည်းရန် စွမ်းအင်လိုင်းပေါင်း၁၀၈ခုရှိသည်ဟု လေ့လာမှတ်သားရပါသည်။
Chakra science also notes that there are 108 energy lines that make up the Heaet Chakra, the intersections of energy lines.
တိဘက်လူမျိုးတို့၏ သန့်ရှင်းသောအရေးအသားအားလုံးကို ဓမ္မစာအုပ် ၁၀၈အုပ်တိတိခွဲခြားထားသည်။ တိဘက်ဗုဒ္ဓဘာသာသည် အပြစ်၁၀၈ပါးနှင့် စိတ်၏လွဲမှားမှု ၁၀၈ပါး ရှိကြောင်းလည်း ယုံကြည်ကြသည်။
All the sacred writings of the Tibetan people are divided into 108 sacred books. Tibetan Buddhism also believes that there are 108 sins and 108 mental errors.
Ukနိုင်ငံရှိ Sarsen Ciecle Stronehenge သည်ကမ္ဘာပေါ်တွင် သမိုင်းမတင်မီ အကျော်ကြားဆုံး အထိမ်းအမှတ်အဆောက်အအုံများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ အချင်း၁၀၈ပေ ရှိနေခြင်းပေဖြစ်ပါသည်။
Sarsen Ciecle Stronehenge in the UK is one of the most famous prehistoric monuments in the world. What is interesting is that it is 108 feet in diameter.
ဗုဒ္ဓဘာသာတွင်လည်း ၁၀၈ပါးသောအယူအဆများရှိပါသည်။ နိဗ္ဗာန်လမ်းစဥ်တွင် စုံစမ်းမှု၁၀၈ပါးရှိကြောင်း ဗုဒ္ဓဘာသာကရှုမြင်သည်။ ထိုကြောင့်နိဗ္ဗာန်သို့ရောက်ရန် ဗုဒ္ဓဘာသာဝင်တိုင်းသည် လောကီသွေးဆောင်မှု ၁၀၈ပါးကိုတွန်းလှန်ကြရမည် ဟုမှတ်သားဘူးပါသည်။ ထိုအပြင် စိတ်ပုတီး၏ အစေ့များသည် ၁၀၈လုံးပါဝင်ခြင်းသည်လည်း ထူးခြားနေပေသည်။
Buddhism also has 108 concepts. Buddhism believes that there are 108 trials on the path to Nirvana. Therefore, to reach nirvana, every Buddhist must resist 108 worldly temptations. In addition, the 108 seeds of the mind beads are also unique.
အထက်ပါအကြောင်းအရာများသည် မိတ်ဆွေများအတွက် ဗဟုသုတရစေမည် ဟုယူဆ၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ နောက် အခန်းတွင် "နဝင်း" နှင့် နက္ခတ်တို့ ဆက်စပ်ပုံကို ဆက်လက် လေ့လာကြပါမည်။
The above content is written thinking that it will give knowledge to friends. In the next chapter, we will continue to study the relationship between "Nawin" and Naksha.
ကျွန်တော်၏ စာဖတ်မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ မင်းဇော်
May all my reading friends be healthy and happy. Min Zaw 🙏🙏🙏
ကျေးဇူးပါ ဆရာ