ရာသီခွင်၏အယူအဆများ (၂) Concepts of the Zodiac sing (2)

in HIVE-MYANMARlast year

တူရာသီခွင် သည် စက်တင်ဘာ(23) မှ အောက်တိုဘာ(22) ထိရှိသည်။ ပုံသဏ္ဍာန်မှာ ချိန်ခွင်ကိုင်ထားသည့် အမျိုးသမီးပုံဖြစ်သည်။ သောကြာဂြိုဟ် ကစိုးမိုးပြီး ယောက်ျားသဘာဝကို ပြသည်။ ​လေဓါတ်ပိုင်ဆိုင်၏။ ခန္ဓာကိုယ်အနေဖြင့် ကျောက်ကပ်, ခါး, နှင့် မြီးညောင်ရိုး ကိုညွှန်းဆိုသည်။ ခြေနှစ်ချောင်း ဘဘောဆောင်၏။ အိန္ဒိယမြောက်ပိုင်း, မြန်မာနိုင်ငံ, ဗီယက်နမ်, ကန်ပူးချား, လာအို, တရုတ်, အာဂျင်တီးနား, သြစတြီးယား နိုင်ငံတို့ကိုပိုင်ဆိုင်ထားပါသည်။

Libra zodiac is from September (23) to October (22). The image is of a woman holding a scale. Ruled by Venus, it shows masculine nature. owns air. The body refers to the kidneys, loins, and tailbone. He carried two legs. Northern India, Myanmar, Vietnam, Cambodia, Laos, China, Argentina, and Austria are owned.

ဗြိစ္ဆာရာသီခွင်သည် အောက်တိုဘာ(23) မှ နိုဝင်ဘာ(21) ထိ ပါရှိသည်။ ပုံဏ္ဍာန်မှာ ကင်းမြီးကောက် ပုံဖြစ်ပြီး အင်္ဂါဂြိုဟ် ကစိုးမိုးသည်။ မိန်းမ သဘာဝဖြစ်၏။ ရေဓါတ် သဘာဝလည်းပိုင်ဆိုင်သည်။ ငြိမ်သက်မှုကိုပြသ၏။ လိင်ပိုင်းဆိုင်ရာနှင့် အင်္ဂါဇတ် တို့နှင်သက်ဆိုင်သည်။ နိုင်ငံများမှာ မော်ရိုကို, နော်ဝေး, ဆီးရီးယား, အယ်ဂျီးရီယား, တို့ပါဝင်သည်။

The Scorpio zodiac is from October (23) to November (21). The shape is Scorpio and ruled by Mars. It is a woman's nature. It also has natural hydration. It shows peace. Related to sexuality and genitalia. The countries include Morocco, Norway, Syria, Algeria.

ဓနုရာသီခွင် သည် နိုဝင်ဘာ(22) မှ ဒီဇင်ဘာ (21) ထိ ဖြစ်သည်။ ပုံသဏ္ဍာန်မှာ မြင်းကိုယ်နှင့်လူခန္ဓာတွဲထားသည့်ပုံဖြစ်ပြီး လူ၏လက်တွင် လေးနှင့်မြှားကို ကိုင်ထားသည်။ ကြာသပတေးဂြိုဟ်ပိုင်ဖြစ်ပြီး ယောက်ျားသဘာဝရှိသည်။ ခြေလေးချောင်းဖြစ်ပြီး ​မီးဓါတ် ပိုင်ဆိုင်၏။ ခန္ဓာကိုယ်အနေဖြင့် တင်ပါးနှင့်ပေါင်ပိုင်းဖြစ်သည်။ သြစတြေးလီးယား, အာရေဗီးယား, ဟန်ဂေရီ, စပိန် တို့ဖြစ်ကြသည်။

Sagittarius zodiac is from November (22) to December (21). The image is of a horse and a human body, with a man holding a bow and arrow in his hand. Belongs to Jupiter and has masculine nature. It has four legs and possesses fire energy. The body is hips and thighs. Australia, Arabia, Hungary, Spain.

မကာရရာသီခွင်သည် ဒီဇင်ဘာ(22) မှ ဇန္နဝါရီ(19) ထိဖြစ်သည်။ ပုံမှာ ဆိတ်ခေါင်းနှင်းငါးခန္ဓာကိုယ်ဖြစ်သည်။ စနေဂြိုဟ်ကစိုးမိုးလျှက် မိန်းမသဘာဝရှိပါသည်။ မြေဓါတ် ပိုင်ဖြစ်ပြီး လှုပ်ရှားမှုကိုပြသည်။ ဒူးနှင့်ခြေသလုံးကို ပိုင်ဆိုင်၏။ နိုင်ငံများအနေဖြင့် အိန္ဒိယ, ပန်ဂျပ်, မက်ဆီးဒိုးနီးယား, ဘူလ်ဂေးရီးယား, အယ်ဘေးနီယား, ဆီးရီးယား, အာဖဂန်နစ္စတန်, မက္ကဆီကို, တို့ဖြစ်သည်။

Capricorn zodiac is from December (22) to January (19). The picture is a goat head snow fish body. There is a female nature ruled by Saturn. Belongs to the earth and shows movement. He owns the knees and the legs. The countries are India, Punjab, Macedonia, Bulgaria, Albania, Syria, Afghanistan, Mexico.

ကုမ်ရာသီခွင်သည် ဇန္နဝါရီ(20) မှ ဖေဖော်ဝါရီ(18) ထိဖြစ်သည်။ ပုံသဏ္ဍာန်မှာ ရေအိုးမှရေကိုသွန်နေသည့် ယောက်ျား ပုံဖြစ်၏။ စနေဂြိုဟ်ကစိုးမိုးလျှက် ယောက်ျားသဘာဝရှိပါသည်။ လေဓါတ်ဖြစ်ပြီး ရောနှောနေသည့်သဘောကိုဆောင်ပါသည်။ ခြေနှစ်ချောင်း ဖြစ်သည်။ ခြေမျက်စိ ကိုစိုးမိုး၏။ ရုရှား, ပရက်ရှား, ပိုလန်, ဆွီဒင်, အာရေဗီးယား, ဆလစ်ဘာရီ, တို့ဖြစ်သည်။

Aquarius zodiac is from January (20) to February (18). The image is of a man pouring water from a pot. Ruled by Saturn, there is a masculine nature. It's air and it means mixing. Two legs. Dominates the feet eyes. Russia, Prussia, Poland, Sweden, Arabia, Salibari.

မိန်ရာသီခွင် သည် ဖေဖော်ဝါရီ(19) မှ မတ်(20) ထိပါရှိသည်။ ပုံမှာ ငါးနှစ်ကောင်ဖြစ်သည်။ ကြာသပတေးဂြိုဟ် ပိုင်ဖြစ်ပြီး မိန်းမ သဘာဝဖြစ်သည်။ မြေဓါတ် ပိုင်ဆိုင်ပြီး ငြိမ်သက်သောသဘောဆောင်ပါသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ခြေဖဝါး ဖြစ်သည်။ အာရှမိုင်းနား, ပေါ်တူဂီ, အီဂျစ်, သီဟိုဠ်, ချီကာဂို, တို့ဖြစ်ကြပါသည်။

Pisces zodiac is from February (19) to March (20). The picture is two fish. Belongs to Jupiter and is female in nature. Owns the earth and has a calm attitude. The body part is the feet. Asia Minor, Portugal, Egypt, Ceylon, Chicago.

အထက်ဖော်ပြပါရာသီခွင်များကို မည်သည့်နေရာတွင် အသုံးပြုကြသလဲ လို့မေးစရာရှိသည်။ အလွယ်ကူဆုံး အသုံးပြုပုံကို ပြောပြပါ့မယ်။ မိမိ၏ ရာသီခွင်ဖွား ကိုကြည့်ပါ။ ရာသီခွင်ဖွား သိလျှင် ကိုက်ညီသည့် ရာသီခွင် အကြောင်းသည် မိမိ၏ မူလအကြောင်းအရာဖြစ်သည်။ ပြီးလျှင် ယခု လက်ရှိရှိနေသည့် တနင်္ဂနွေဂြိုဟ် သည်မည်သည့် ရာသီခွင်၌ ရပ်နေသည်ကို သိရန် လနှင့်ရက် ကိုမှတ်ပြီး မည်သည့်ရာသီခွင်တွင် ရပ်နေမည်ကိုသိ နိုင်သည်။ သိလျှင် မိမိ၏ရာသီခွင်ဖွားမှ စ၍ ရေတွက်ကြည့်လျှင် (1)တွင်ရပ်လျှင် မိမိကျန်းမာရေးကောင်းမည်။ (2)တွင်ရပ်လျှင် မိသားစုနှင့်အတူရှိပြီး ငွေကြေးအဆင်ပြေနေမည်။ (3)တွင်ရပ်လျှင် လက်မှတ်ထိုးရမည့်အကြောင်းအရာများရှိမည်။ (4) တွင်ရပ်လျှင် မိခင်ကျန်းမာရေးကောင်းမည်။ (5)တွင် ရပ်ပါက သားသမီးအတွက် ဂုဏ်ယူစရာကြုံရမည်။ (6)ကျန်းမာရေးညံ့တတ်သည်။ (7) မိမိအိမ်ထောင်ဖက် ကျန်းမာရေးကောင်းမည်။ (8)မတော်တဆ ထိခိုက်ဒဏ်ရာရမှုရှိမည်။ (9) ခရီးဝေးသွားရမည်။ (10) လုပ်ငန်းပိုင်ဆိုင်ရာတိုးတက်မည်။ (11) စိတ်ချမ်းသာရမည်။ (12) ဆေးရုံဆေးခန်းသွားရတတ်တယ်။ စသည်ဖြင့် သိနိုင်ပါသည်။

The question is, where are the zodiac signs mentioned above used? I will tell you the easiest way to use it. Look at his zodiac sign. If you know the zodiac sign, the corresponding zodiac sign is your original topic. And to know in which zodiac sign the current sun is standing, you can know the month and day in which zodiac sign it will stand. If you know, if you start counting from your zodiac sign and stop at (1), your health will be good. If it stands in (2), it will be with family and financially comfortable. If you stop at (3), there will be items to be signed. If it stops at (4), the health of the mother will be good. If you stop at (5), you will be proud of your children. (6) Poor health. (7) His spouse will be in good health. (8) There will be accidental injury. (9) He must travel a long way. (10) Business ownership will improve. (11) Must be happy. (12) I often go to the hospital. etc. can be known.

အခြားသောအချက်များစွာရှိပါသေးသည်။ ထိုအချက်များကို သိနားလည်စေရန် အပိုင်းများခွဲ၍ရေးသားပါမည်။ ဖတ်ရှုပေးသော မိတ်ဆွေ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းလျှက်ပါ။ မင်းဇော်

There are many other factors. I will write in parts to understand those points. I pray for the health and well-being of all my friends who read. Min Zaw