Alert

in HIVE-MYANMAR2 years ago

Hacker တွေဟာ malware ထည့်ထားတဲ့ fake wallet update တွေကနေ တဆင့် user တွေရဲ့ Phantom wallet တွေကို ဖောက်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ပါတ်လောက်တုန်းက PHANTOMUPDATE..COM နဲ့ UPDATEPHANTOM..COM ဆိုတဲ့ malware link တွေဟာ Phantom wallet user အချို့ဆီ ရောက်လာခဲ့ပြီး အဲ့ဒီ link တွေကို နှိပ်ကြည့်လိုက်ရင် ပေးထားတဲ့ link ကနေတဆင့် wallet တွေကို update တင်ဖို့နဲ့ မတင်ရင် wallet ထဲက asset တွေဟာ hacker တွေကြောင့် ဆုံးရှုံးနိုင်ခြေရှိတယ်ဆိုပြီး ရေးထားခဲ့ပါတယ်။

ဒီ link ကို နှိပ်လိုက်မိတဲ့ user တွေဟာ Phantom_Update_2022-10-08..bat ဆိုတဲ့ batch file တစ်ခုကို auto download ဆွဲပြီးသား ဖြစ်သွားပြီးတော့ windll32.exe ဆိုတဲ့ malware ကို install လုပ်စေခဲ့ပါတယ်။ VirusTotal အဆို အရတော့ ဒီ malware ဟာ browser history တွေ၊ password တွေနဲ့ cookie တွေလိုမျိုး browser information တွေကို ခိုးယူတဲ့ malware တစ်ခုဖြစ်ပါတယ်။ Hacker တွေဟာ ဒီ malware ကိုအသုံးချပြီးတော့ user တွေရဲ့ wallet တွေထဲက NFT တွေနဲ့ crypto asset တွေကို ခိုးယူသွားခဲ့တာပါ။

ဒါကြောင့် ဒီလို link တွေတွေ့ရင် ဝင်မကြည့်ဖို့၊ download မဆွဲကြဖို့နဲ့ install လုပ်ထားခဲ့ရင်လည်း anti virus program တစ်ခုခုနဲ့ virus သတ်ပြီး Phantom wallet ထဲက asset တွေကို wallet အသစ်တစ်ခုထဲကို ပြောင်းထားကြဖို့ အကြံပေးလိုပါတယ်။ Website တွေမှာ သုံးထားတဲ့ password တွေကိုလည်း မဖြစ်မနေ အသစ်ပြောင်းပေးရပါမယ်။

Reference Link: https://cryptopotato.com/hackers-use-fake-solana-phantom-updates-to-steal-crypto-report/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်

https://t.me/myancrypto https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

ဗဟုသုတ ရစေတဲ့ အကြောင်းအရာတွေ တင်ပေးလို့ ကျေးဇူးပါ။
Hive Blockchain ပေါ်မှာ တင်မည့် စာအကြောင်းအရာတွေကို Hive မှာ အရင် တင်ပြီးမှ Facebook မှာ တင်စေချင်ပါတယ်။
FB မှာ တင်ပြီးသား အကြောင်းအရာကို Hive မှာ တင်သောအခါ copy/paste မပြုလုပ်စေချင်သော hive law မှာ ပြဿနာရှိပါတယ်။
ယခင် steemit တုန်းက ဆိုပါလျှင် cheetah account က လိုက်သတိပေးပြီး downvote လာပါတယ်။
ယခု Hive က ထိုလောက် မပြင်းထန်ပါ။
အကြံပြုခြင်းပါ

Congratulations @myancrypto! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 600 upvotes.
Your next target is to reach 700 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support the HiveBuzz project. Vote for our proposal!

ဗဟုသုတ ရပါတယ်