အရင့်အရင်ခေတ်တွေတုန်းက computer တွေမှာ ပါတဲ့ Sudoku နဲ့ Solitaire ဂိမ်းတွေကို မှတ်မိကြမယ်ထင်ပါတယ်။ အဲ့ဒီအချိန်တွေတုန်းကတော့ ဆော့စရာမရှိတော့ ဒီဂိမ်းတွေကိုပဲ ဖန်တရာတေအောင် ဆော့ခဲ့ကြရတာပါ။ အရင်က ဒီဂိမ်းတွေကို အပျော်တမ်းသာဆော့ခဲ့ကြပေမယ့် အခုချိန်မှာတော့ ဒီဂိမ်းတွေဆော့ပြီးတော့ Bitcoin တွေကို ဆုအဖြစ်နဲ့ပါ ယူလို့ရနေပါပြီ။ Bitcoin centric gaming startup တစ်ခုဖြစ်တဲ့ Zebedee နဲ့ လန်ဒန်အခြေစိုက် mobile games studio တစ်ခုဖြစ်တဲ့ Viker တို့ ပူးပေါင်းပြီးတော့ Sudoku၊ Solitaire နဲ့ Wordle game တို့ကိုဆော့ပြီး Bitcoin တွေကို ဆုအဖြစ်ရယူနိုင်နေပြီ ဖြစ်ပါတယ်။
ဒီဂိမ်းတွေကို လူတွေ ကုဍေနဲ့ချီပြီး နှစ်ပေါင်းများစွာ ဆော့ခဲ့ကြပေမယ့် ဘယ်သူကမှ ဘာမှမရခဲ့ကြပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ဒီဂိမ်းတွေကနေ တစ်စုံတစ်ရာ ရနိုင်မယ်ဆိုရင် ပြန်ဆော့ကြမှာပါပဲ။ အခု ဒီဂိမ်းတွေကို တစ်ခေတ်ဆန်းသစ်ပြီးတော့ play and earn စနစ်နဲ့ အသက်ပြန်သွင်းသွားမယ့် Viker ဟာ အပျော်တမ်း play and earn ဂိမ်းပေါင်းများစွာကို ထုတ်ခဲ့ပြီးတော့ လစဉ် player ပေါင်း ၅သိန်းလောက်ကို ဆုအနေနဲ့ Bitcoin တွေ ပေးနေတာလည်းဖြစ်ပါတယ်။
တချို့ဂိမ်းတွေဆိုရင် Bitcoin ဆိုတာဘာလဲဆိုတာတောင် သိစရာမလိုဘဲ ဆော့လို့ရတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ Zebedee မှာ player profile တစ်ခုဖွင့်ပြီးတော့ Viker app ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ တစ်နေရာထဲမှာ ဂိမ်းပေါင်းများစွာကို ဆော့ကစားလို့ရမှာပါ။
Viker မှာ mobile app အဖြစ်ရော၊ desktop browser extension အဖြစ်ပါ သုံးလို့ရတဲ့ gaming wallet တစ်ခုလည်းရှိပြီးတော့ ဂိမ်းဆော့ရာကရလာတဲ့ ဆုကြေး Bitcoin တွေကို သိမ်းဖို့နဲ့ အခြား wallet တွေကိုလွှဲပြောင်းဖို့အတွက် သုံးနိုင်မှာဖြစ်ပါတယ်။
ကိုယ့်လူတို့ကြည့်ရတာ ဘစ်ကွိုင်ဈေးကျလို့ စိတ်ညစ်နေကြပုံပဲ။ ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ ဆူဒိုကု၊ ဖဲရိုက်အပြင် စာလုံးဆက်ဂိမ်းတွေကို တစ်နေရာတည်းမှာ ဆော့ကစားပြီးတော့ Bitcoin တွေယူလို့ရမယ့် online ငွေရှာ website လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပြီနော်။
စတာ စတာ ကျနော်တို့လည်း တစ်ခါမှမဆော့ဖူးတော့ မသိပါဘူး။ ပိုက်ဆံတွေဘာတွေ အများကြီးသွင်းရမယ်ဘာညာဆိုရင်တော့ မဆော့ကြပါနဲ့။ ဒီတိုင်းအပျော်ဆော့တာလောက်ပဲ လုပ်ကြည့်ကြပါ။
Reference Link: https://decrypt.co/105965/you-can-now-earn-bitcoin-playing-solitaire-sudoku
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Game link ကမပါဘူးလားဗျာ
Thanks for sharing