US သမ္မတရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံမယ့် RFK Jr. ကလည်း Bitcoin နဲ့ ပတ်သက်တဲ့ ကတိတွေပေးလာပြန်ပါပြီ။ တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံမယ့် Robert F. Kennedy Jr. ဟာ သူသာ သမ္မတဖြစ်လာခဲ့ရင် US Marshals Service နဲ့ DoJ (Department of Justice) တို့ဆီမှာ သိမ်းဆည်းထားတဲ့ Bitcoin ပေါင်း 200,000 လောက်ကို US ရဲ့ ဘဏ္ဍာရေးဌာနဆီကို လွှဲပြောင်းခိုင်းမှာဖြစ်ပြီး နိုင်ငံပိုင် ဗျူဟာမြောက် တန်ဖိုးရှိပစ္စည်းတခုအနေနဲ့ ထိန်းသိမ်းခိုင်းထားမှာဖြစ်ကြောင်း Bitcoin Conference 2024 မှာ ပြောသွားပါတယ်။ ဆိုလိုချင်တာကတော့ Germany အစိုးရလိုမျိုး အချိန်မရွေးထုတ်ရောင်းတာမျိုး မလုပ်ဘဲ ရေရှည်အတွက် Bitcoin တွေကို ဗျူဟာမြောက် ထိန်းသိမ်းထားမယ့် သဘောပါပဲ။
ဒါ့အပြင် US ရဲ့ Bitcoin ပိုင်ဆိုင်မှုပေါင်း 4 million မပြည့်ချင်း ဘဏ္ဍာရေးဌာနကနေတဆင့် တနေ့ကို Bitcoin ပေါင်း 550 အထိ ဝယ်စုခိုင်းမယ့် အထူးအမိန့်ကိုလည်း ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဆိုထားပါသေးတယ်။ အခုလက်ရှိမှာ US အစိုးရဟာ ကမ္ဘာ့ရွှေရဲ့ ပျမ်းမျှ 19% လောက်ကို ပိုင်ဆိုင်ထားပြီး Bitcoin ကိုလည်း ဒီလောက်များတဲ့ပမာဏအထိ ပိုင်ဆိုင်ထားနိုင်အောင် လုပ်သွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။
Bitcoin ရဲ့ total supply ပေါင်းကမှ 21 million ပဲရှိပေမယ့် US လို ငွေရေးကြေးရေး အထူးသဖြင့် cryptocurrency အရေးနဲ့ပတ်သက်ရင် အင်မတန် ဝေဖန်ထောက်ပြသူတွေများပြီး ဥပဒေအတိအကျ မရှိနိုင်သေးတဲ့ နိုင်ငံမျိုးကနေ တနေ့ကို Bitcoin ပေါင်း 550 ဝယ်ပြီး 4 million Bitcoin အထိ စုမယ်ဆိုတာဟာ အတော်လေးကို မဖြစ်နိုင်တာထက် ပိုနေသလို RFK. Jr ဟာလည်း Donald Trump ထက်ကို ကတိပေးကြမ်းသူလို့ ဆိုရတော့မှာပါ။
Cryptocurrency တွေဟာ US ရဲ့ ရွေးကောက်ပွဲအခင်းအကျင်းမှာ အရေးပါတဲ့နေရာကနေ ပါဝင်လာနေပြီး Donald Trump နဲ့ RFK Jr. တို့ဟာ crypto ကို သုံးပြီး မဲဆွယ်တဲ့ ရွေးကောက်ခံသမ္မတလောင်းတွေဖြစ်လာသလို ဒါဟာ cryptocurrency တွေရဲ့ အရေးပါလာမှုကို ဖော်ညွှန်းလာတာလည်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Reuters သတင်းဌာနရဲ့ အကြိုမဲပေးမှုမှာ Joe Biden နေရာ အစားဝင်လာတဲ့ Kamala Harris က Donald Trump ကို 4% အသာနဲ့ ဦးဆောင်နေနိုင်ပြီး RFK. Jr ကို ရွေးချယ်မှုနှုန်းကတော့ 8% သာ ရှိနေပါတယ်။
Bitcoin Conference 2024 မှာ Donald Trump လည်း မိန့်ခွန်းပြောဖို့ ရှိနေပြီး crypto industry နဲ့ပတ်သက်တဲ့ ဘယ်လို မဲဆွယ်တရားတွေဟောပြီး ဘယ်လိုကတိတွေ ပေးဦးမလဲဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။
Reference Link: https://www.theblock.co/post/307884/u-s-presidential-candidate-robert-f-kennedy-jr-promises-to-issue-bitcoin-related-executive-orders-if-elected
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: