ဖိလစ်ပိုင်မှာတော့

in HIVE-MYANMAR8 months ago

Philippines နိုင်ငံဟာ social security ငွေပေးချေမှုတွေအတွက် USDT ကို အသုံးပြုဖို့ ကြေငြာလာပါတယ်။ နိုင်ငံပိုင်အာမခံလုပ်ငန်းတခုဖြစ်တဲ့ Social Security System အတွက် ငွေပေးချေရာမှာ USDT ကို အသုံးပြုသွားမှာဖြစ်သလို ဒီအတွက်ကိုလည်း Tether company ဟာ Web3 shopping company တခုဖြစ်တဲ့ Uquid နဲ့ ပူးပေါင်းပြီး USDT ကို TON blockchain ပေါ်ကနေတဆင့် service ပေးသွားမှာပါ။

Uquid ဟာ သက်တမ်း 8 နှစ်အတွင်းမှာ ဈေးကွက်မျိုးစုံပေါ်က crypto user တွေနဲ့ merchant ပေါင်း 260 million ကို service ပေးခဲ့ပြီးဖြစ်သလို အခု Philippines ဈေးကွက်ဟာလည်း Uquid အတွက်တော့ ဈေးကွက်ကြီးတခုဖြစ်လာဦးမှာပါ။

Cryptocurrency တွေနဲ့ပတ်သက်လာရင် Bitcoin နဲ့ USDT ကိုပဲ လူအများက အရင်ဆုံးသိကြပြီးတော့ USDT လိုမျိုး USD နဲ့ ဈေးတူအောင် ထိန်းညှိထားတဲ့ stablecoin တွေကို စိတ်ဝင်စားလာကြပါတယ်။ ဒါကြောင့် PayPal ဆိုရင် ကိုယ်ပိုင် stablecoin တခုဖြစ်တဲ့ PYUSD ကိုပါ မိတ်ဆက်ခဲ့ပြီး PayPal ပေါ်ကနေ ငွေလွှဲတဲ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားဖို့ ရည်ရွယ်ကြောင်း ကြေငြာခဲ့ပါတယ်။

ပုဂ္ဂလိကအဖွဲ့အစည်းတွေအနေနဲ့ ပြည်ပကိုငွေအလွှဲအပြောင်းလုပ်တဲ့နေရာမှာလည်း stablecoin တွေကို ‌ရွေးချယ်မှုတခုအဖြစ် စဉ်းစားလာနေကြတာကိုလည်း တွေ့ရပါတယ်။

Reference Link: https://cointelegraph.com/news/tether-usdt-social-security-payments-philippines

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်

https://t.me/myancrypto https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

သူများနိုင်ငံတွေ များ အားကျစရာပါလေ။
!LOLZ
!MEME

Loading...