ဆိုနီတွေပါ ကြမ်းတော့မည်လား

in HIVE-MYANMAR8 months ago

စီးပွားရေးလုပ်ငန်းစုကြီးတခုဖြစ်တဲ့ Sony ဟာ crypto exchange တခုကို မကြာခင်မှာ တရားဝင်လည်ပတ်သွားဖို့ ရှိနေပါတယ်။ Japan နိုင်ငံတွင်းက crypto trading platform တခုဖြစ်တဲ့ Amber Japan ကို 2023 ခုနှစ်ထဲမှာ Sony ဖက်က ဝယ်ယူခဲ့ပြီးနောက် 2024 ခုနှစ်မှာတော့ S.BLOX exchange ဆိုပြီး နာမည်ပြောင်းလည်ပတ်သွားဖို့ စီစဉ်နေတာပါ။

ဘယ်အချိန်မှာ စပြီး launch လုပ်သွားမှာလဲဆိုတာကိုတော့ အတိအကျမသိရသေးဘဲ လောလောဆယ်မှာတော့ S.BLOX အတွက် UI (User Interface) အသစ်နဲ့အတူ mobile app အသစ်တခုထွက်လာမှာဖြစ်ကြောင်း အတည်ပြုပေးထားပါတယ်။

2023 ခုနှစ်ထဲမှာလည်း Sony ဟာ Japan အခြေစိုက် Startae Labs blockchain နဲ့ ပူးပေါင်းပြီးတော့ Sony ကိုယ်ပိုင် blockchain တခု တည်ဆောက်ခဲ့သလို အခု S.BLOX ကိုလည်း Startae ဖက်ကနေပဲ တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

Sony လိုမျိုး နည်းပညာ၊ ဖျော်ဖြေရေးနဲ့ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ecosystem ထဲမှာ crypto exchange တခုကိုပါ ထည့်သွင်းလာတာဟာ crypto industry အတွက်တော့ ကောင်းသောအရွေ့တခုဖြစ်ပြီး Sony ရဲ့ ထုတ်ကုန်တွေကိုပါ exchange နဲ့ ချိတ်ဆက်၊ crypto တွေနဲ့ ငွေပေးချေခွင့်ပြုလိုက်ရင်တော့ အတော်လေးကို အချိတ်အဆက်မိပြီး အောင်မြင်သွားမှာပါ။

Reference Link: https://www.theblock.co/post/302719/sony-launches-crypto-exchange-in-japan

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်

https://t.me/myancrypto https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  
Loading...