မိုးနှင့် တစ်ကိုယ်ရည်အတွေး

in HIVE-MYANMAR3 years ago

img_0.15550085331462818.jpg

ဒီနေ့မနက်ခင်းစောစောမှစ၍ မိုးသည် ရွာတစ်ခါ
သိပ်တစ်လှည်ဖြင့် ကျီစယ်နေ၏။
ခုဒီစာရေးနေချိန် ညနေခင်းထိကို မမောနိုင်မပန်းနိုင်
မိုးသည် နောက်ပြောင်နေ၏။ ညနေ နေမဝင်သေး
ပေမဲ့ မိုးကြောင့် အုံ့မှိုင်းနေ၏။ ကျွန်တော်ထိုင်နေ
သော လက်ဖက်ရည်ဆိုင်သည် မိန်းလမ်းမဘေးတွင်
တည်ရှိ၏။ ကျွန်တော်ကား လက်ဖက်ရည် ပေါ့စိမ့်
တစ်ခွက်သောက်ရင်း မိုးပေါက်များကို ငေးကြည့်
နေမိ၏။ လွမ်းငေးငေးတာလား။ ဆွေးငေးငေးတာ
လား။ ကျွန်တော်မသိ။ ကျွန်တော် သိသည်ကား
ကျွန်တော့်စိတ်များ နူးညံ့လာသည်ကိုတော့
အသေအချာပင် ကျောက်ခဲရေတွင်းချ သိပါသည်။

ကျွန်တော်ထိုင်နေသာ လက်ဖက်ရည် ဆိုင်မှ
ကားလမ်းမကြီးဆီကို မျက်နှာမူလိုက်လျှင် အငွေ့
တထောင်းထောင်းထွက်နေသော မိုးကာထီးလေး
နဲ့ မုန့်လင်မယားဆိုင်ကလေးကို မိုးဖွဲကလေးများ
ကြားမှ ဝါးဝါးကလေး မြင်နေရ၏။ ၄င်းဆိုင်၏
ရှေ့တည့်တည့် ကားလမ်းမ တစ်ဖက်တွင် စိန်ပန်း
ပင်ကြီးရှိသည်။ ထိုစိန်ပန်းပင်ကြီး၏ အောက်ခြေ
အနီး ပတ်ဝန်းကျင်တခွင်တွင် အနီရောင်ကော်ဇော်
ခင်းထားဘိသကဲ့သို့ စိန်ပန်းနီနီးများ ခင်ကျင်းထား
ကြ၏။ ထိုစိန်ပန်းပွင့်နီးကလေးများသည် အပင်ကြီး
၏ အရိပ်ကိုခိုလှုံနေသော ကွမ်းယာဆိုင်ငယ်၏ အမိုး
ကလေးကိုပင် အနီရောင်ခြယ်သထားကြသေး၏။

ဒါတင်မကသေး စိန်ပန်းနီကလေးများသည် မိမိတို့
ကို နင်းခြေသွားကြသော လူကြီး၊ လူငယ်မရွေး
အားလုံးကို ပြန်လည်ကာ ပြုံးပြနေသယောင်ရှိ၏။
ထူးဆန်းပေစွ။ စိန်ပန်းနီးကလေးများ၏ မေတ္တာ
တရားနှင့် ပေးဆပ်နိုင်စွမ်းကိုကား ကျွန်တော် မချီးကျူးပဲ မနေနိုင်။
မိုးသည် စွေမြဲစွေနေ၏။ ကျွန်တော်၏ စိတ်သည်
လည်း ငေးမြဲ၊ တွေးမြဲ၊ ဆွေးမြဲ။ မဖြစ်တော့ချေ။
ဤအချိန်သည် အိမ်ပြန်ရန်သင့်ပြီဟု ဦးနှောက်က
အချက်ပြသောကြောင့် နှလုံးသားဆွေးခန်းကို တစ်ခန်းရပ်ကာ ပိုက်ဆံ ၅၀၀တန် အနွမ်းကလေးကို
စားပွဲထိုးကောင်လေးအား ခေါ်ရှင်းလိုက်၏။
ဆိုင်ထဲက ထွက်လျှင်ထွက်ချင်း မိုးဖွဲကလေးများ
သည် ကျွန်တော်၏ ပါးကို အလုအယက် ခုန်နမ်းကြ
၏။ ကျွန်တော်၏ ပါးပြင်သည် ပန်းယောင်သန်းလာ
သယောင်ထင်မိ၏။ ထင်မိ၏ ဆိုသည့်အတိုင်း အတက်တော့မပြောနိုင်ပါ။ မိုးဖွဲကလေးများ သည်
ပါးပြင်ပေါ်မှ တစ်ဆင့် နှလုံးသားထဲကို စိမ့်ဝင်သွား
သောကြောင့် ကြက်သိမ်းမွေးညင်း များထသွား၏။
အတက်တော့မပြောနိုင်။ ပတ်ဝန်းကျင်၏ လေအေး
တိုက်ခက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ခဏအကြာ မိုးဖွဲထဲ ထီးကလေးစောင်းကာ
လှမ်းလျှောက်လာပြီးနောက် ကျွန်တော်၏
စိတ်ဝိဉာည်သည် အထိန်းကွပ်မဲ့စွာ မိုးဖွဲများကြား၊
မိုးတိမ်များကြား၊ မိုးစက်ကလေးများ တွဲခိုနေသော
ရွက်စိမ်းများကြားနဲ့ လမ်းမကြီးပေါ်ရှိ ရေပွက်ကလေးများကြား ဖြန့်ကြက်လျှက်ရှိ၏။
တခါတရံ ကလေးဘဝအတိတ်ပုံရိပ်များဆီရောက်
သွားလိုက်၊ တခါတရံ လက်ရှိ ပစ္စုပ္ပန်ဘဝ၏ မျှော်လင့်ချက်များဆီ ရောက်သွားလိုက်၊ တခါတရံ
အနာဂတ်မှာဖြစ်လတ္တန့်သော ပုံရိပ်များဆီရောက်
သွားလိုက်ဖြင့်ကျွန်တော်၏ စိတ်ဝိဉာည်သည်
မိုးဖွဲကလေးများနှင့်အတူ အလိုက်သင့်ကလေး
လိုက်ပါစီးမျှောလို့ နေပါတော့သည်။

ကိုကိုမိုးဟိန်း


Thank You


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein

Sort:  

မိုးအေးအေးနဲ့ အတွေးလေးတွေပေါ့🌝

ဟုတ်ပေါ့ဗျာ။ မိုးအေးအေးနဲ့ ရေးမိရေးရာလေးများပေါ့...

မိုးလေးဖွဲတုန်း သတိရတယ် ဘညာပေါ့။

ဟုတ်ပေါ့ ဦးထွေးရာ လူငယ်ဆိုတော့
မိုးရွာရင် စိတ်က အလိုလို ဆွေးလာတာ😀

အရေးတစ်ပေါက်ကတော့ ရှယ်ပဲဗျို့

ဟုတ် ကျေးဇူးပါဗျ။
စိတ်ရှိလက်ရှိ ရေးပစ်ပလိုက်တယ်။😀