ကျနော် မနက်စာ

in HIVE-MYANMAR2 years ago

မနက်စာ လို့‌ပြောရင် တခြား သူတွေ အတွက် ကော်ဖီ နှင့် ပါမုန့် လို့ထင်ရင်ထင်ပါမယ်။ ကျနော် အတွက် မနက်စာ ဟာ ထမင်းစား မှကို အဆင်အဆင်‌ ပြေ ပါတယ်။ မနက်စာဟာ ကျနော်အတွက် ထွေထွေထူးထူး မဟုတ်ပါဘူး။ ထမင်း နဲ့ ငပိရည်လည်း ကျနော် အတွက် စားလို့ ဖြစ်ပါတယ်။

ဒီနေ့ မနက်စာ ဟာ အိမ်က သရက်ပင် က သီးတဲ့ သရက်ကင်း သေးသေးလေး တွေနဲ့ ငပိရည် နဲ့ပါ။ အိမ်မှာ သရက်ပင် လေးပင် ရှိပါတယ်။ ထူးထူး ဆန်းဆန်း ဒီနှစ် အစောဆုံး သီးတဲ့ သရက်ပင် ဖြစ်ပါတယ်။ အခုဆို သရက်ကင်း သေးသေးလေး တစ်ရက်ကို ၈လုံး ၉ လုံး စားရပါတယ်။

ငပိရည်က တော့ ရွာက အမျိုးတွေ ပို့ခဲ့ တဲ့ အိမ်စာဖို့ သီးသန့် လုပ်ထားတဲ့ ငပိရည် ဖြစ်ပါတယ်။ ငပိရည်ပူပူ ရယ် ငရုတ်သီး မုန့်ရယ် သရက်ကင်းရယ် နဲ့ပေါ့ဗျာ။

နောက်ဟင်း တစ်မျိုးက မနက်စောစော အိမ်ရှေ့ လှည့်ရောင်းတဲ့ ဈေးသည် စီက ဝယ်ထား တဲ့ ပင်သီး ပင်ပေါက် ရယ် ပဲပြားရယ်ကို ဆီနည်းနည်း နဲ့ကြော်ထား သာပါ။ ဆောင်းရာသီ မှာ ပေါတဲ့ ဆလက်ရွက် တစ်စီးရယ် မနေ့က ကျန်တဲ့ ပဲတော့ နည်းနည်းရယ်။

မနက်စာ က မဖွယ်ရာပေ မဲ့ ကျနော်အတွက် ကတော့ မနက်စာ ကောင်းကောင်း လေးပေါ့ဗျာ။

စာကိုဆုံး အောင်ဖတ် ပေး လို့ကျေးဇုတင်ပါတယ်။

Sort:  

ဝိုး သရက်ကင်းတွေ မိုက်စ်။
!LOLZ
!PIZZA

Why are cats bad storytellers?
Because they only have one tale.

Credit: marshmellowman
$LOLZ

Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
(5/6)@myatnoepro, I sent you an on behalf of @htwegyi

သူ့အချိန်ကျနေပြီးအကိုရေ

🍕 PIZZA !

I gifted $PIZZA slices here:
(4/5) @htwegyi tipped @myatnoepro (x1)

Learn more at https://hive.pizza!