Hydrogen အရောင် အမျိုးမျိုး

in HIVE-MYANMAR2 years ago

တစ်နေ့က သတင်း ခေါင်းစဥ် တစ်ခုကို ဖတ်လိုက်ရတယ် Mauritania set to export green hydrogen to Germany လို့ တွေ့လိုက်တယ်

ဒါနဲ့ green hydrogen ဆိုတာ ဘယ်လိုဟာလည်း ဗဟုသုတလေး ရလိုရညား google ထဲမှာ ရိုက်ရှာကြည့်လိုက်တယ်

တွေ့လိုက်တဲ့ ဆောင်းပါး တစ်ပုဒ်မှာ ရေးထားတာတော့ hydrogen ကို ထုတ်လုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ လျှပ်စစ်စွမ်းအင်ကို ဘယ်လို ရယူတယ် အပေါ်မှာ မူတည်ပြီး green hydrogen, blue hydrogen, grey hydrogen, pink hydrogen, yellow hydrogen ဆိုပြီး အရောင် အမျိုးမျိုး တပ်ခေါ်ကြတယ် ထင်ပါတယ်

Green hydrogen ဟာ electrolysis နည်းဖြင့် ရေကို oxygen သက်သက် hydrogen သက်သက် ခွဲထုတ်လိုက်ပြီး ရလာတဲ့ hydrogen ပါ electrolysis လုပ်ရာမှာ အသုံးပြုတဲ့ လျှပ်စစ်စွမ်းအင်ကို လေအားလျှပ်စစ် နေအားလျှပ်စစ်ကနေ ရယူပါတယ် hydrogen ကို ယူပြီး oxygen ကို လေထုထဲကို ပြန်လွှတ်ပေးပါတယ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနည်းနဲ့ hydrogen ထုတ်လုပ်တာပါ

Blue hydrogen ကိုတော့ သဘာဝဓါတ်ငွေ့ကို hydrogen သက်သက် CO2 သက်သက် အဖြစ် ခွဲထုတ်လိုက်တာပါ hydrogen ကို ရယူပြီး CO2 carbon dioxide ကိုတော့ လေထုထဲ မထုတ်လွှတ်ပဲ ထိန်းသိမ်းထားလိုက်ပါတယ်

Grey hydrogen ကတော့ ဟိုယခင်ကတည်းက ထုတ်လုပ်ခဲ့တဲ့ နည်းလမ်းပါ Blue hydrogen လိုပဲ သဘာဝဓါတ်ငွေ့ကို hydrogen နဲ့ CO2 အဖြစ်ခွဲထုတ်တယ် ဒါဆပမဲ့ ထွက်လာတဲ့ CO2 တွေကို မထိန်းသိမ်းထားပဲ လေထုထဲ ထုတ်လွှတ်လိုက်ပါတယ်

Pink hydrogen ကိုတော့ green hydrogen လိုပဲ ရေကို electrolysis နည်းနဲ့ oxygen နဲ့ hydrogen ခွဲထုတ်ပါတယ် ဒါပေမဲ့ green hydrogen နဲ့ မတူတာက နျူကလီယာ စွမ်းအင်ကို အသုံးပြုပါတယ်

Yellow hydrogen ကတော့ green hydrogen လိုပဲ ရေကို electrolysis နည်းနဲ့ပဲ ခွဲထုတ်ပါတယ် လျှပ်စစ်စွမ်းအင်ကိုတော့ လေအားလျှပ်စစ် မပါတော့ပဲ နေအားလျှပ်စစ် တစ်ခုထဲကို သုံးပါတယ်

ဒါဆိုရင်တော့ နောင်သတင်းတွေမှာ hydrogen ကို အရောင်တွေ တပ်ပြီး ခေါ်ရင် ဘာဆိုလိုတယ်ဆိုတာ သိသွားပါပြီ ခင်ဗျာ

Reference

Mauritania နိုင်ငံက ဘယ်နေရာမှာလဲ သိချင်ရင်တော့ အောက်ပါ Google Maps မှာ ကြည့်နိုင်ပါတယ်

Mauritania on Maps