ဉာဏ်စမ်းမေးခွန်းရဲ့အဖြေ

in HIVE-MYANMAR3 years ago

မင်္ဂလာပါနော်။ မနေ့က ကျမတင်ထားတဲ့ပို့စ်က ဉာဏ်စမ်း မေးခွန်းလေးတွေရဲ့အဖြေ ပြောပြချင်လို့ပါ။ မနေ့က group chat ထဲမှာ တော်တော်ဦးနှောက်စားသွားလို့ အားနာပါတယ်ရှင့်။ အခုပြောပြတော့မှာဆိုတော့ ကိုဟင်လဲ ကတုံးဖြစ်မယ်မထင်တော့ပါဘူး။ ဝိုင်းဝန်းပြီးဖြေပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်လို့။ သွားစရာလေးရှိလို့လည်း စောစောစီးစီးပိုစ်တင်လိုက်ပါတယ်။

img_0.1433128506987414.jpg

မနေ့ကပိုစ့်အောက်မှာဖြေတဲ့ @smartdealear ဆို သူဖြေသွားတာ အားလုံးနီးပါးမှန်ပါတယ်။ @kachinhenry က ပိုစ့်ကို ecency point 200 နဲ့ boost လုပ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ ခုချိန်ထိတော့ လာမဗုတ်သေးဘူး။ ပေးကားပေး၏မရဆိုတာများ ဖြစ်နေပြီလားမသိ။

ကဲ...ကဲ စာရှည်သွားရော့မယ်။ ဖတ်ရသူစိတ်မရှည်ဖြစ်မှာစိုးလို့ အဖြေတွေပြောပြပါတော့မယ်ရှင်။

(၁) ဘယ်နေရာကိုပဲကိုင်ကိုင် နာနေတာ ဘယ်လိုရောဂါလဲ။
အဖြေ။ ။ လက်မှာအနာပေါက်နေလို့ပါ။

(၂) အနာဟာ ဘယ်နေရာမှာဖြစ်ရင် အသက်သာဆုံးဖြစ်မလဲ။
အဖြေ။ ။ သူများဆီမှာပါ

(၃) ဆရာဝန်တစ်ယောက်ကို ဘုရင်တစ်ပါးရဲ့အမည်ပေး လိုက်ရင် လူနာတွေ
အတော်ကြောက်သွားကြမှာပဲ။ အဲ့နာမည်ကဘာဖြစ်မလဲ။
အဖြေ။ ။ အလောင်းစည်သူ

(၄) ခြေလည်းတစ်ချောင်း၊ ခေါင်းလည်းမပါ၊ အတောင်မှာ တဖက် တောင်ကူး
လို့မြောက်ပျံ၊ ပုံသဏ္ဍာန်ထူးသည့်ငှက်။
အဖြေ။ ။ ယပ်တောင်

(၅) ကိုမဲနဲ့မမဲညား မောင်ဖြူကလေးဖွား။
အဖြေ။ ။ ကျောက်သင်ပုန်းပေါ် ကျောက်တံနဲ့စာရေးတာ

(၆) ပစ္စည်းတစ်ခုနဲ့ မြို့တစ်မြို့စာလုံးပေါင်းမတူပေမယ့် အသံထွက်ကတော့
အတူတူပဲ။ ဘာဖြစ်မလဲ။
အဖြေ။ ။ ပုဂံ၊ ပန်းကန်

(၇) မွေးမွေးချင်း အဖေ့နာမည်ခေါ်တဲ့ကလေးနဲ့ အမေ့နာမည်ခေါ်တဲ့ ကလေး
နှစ်ယောက်က ဘယ်သူတွေလဲ။
အဖြေ။ ။ အငဲ နဲ့ အူဝဲ

ခုတော့ ကျမသိပါပြီ။ ‌hive အဖွဲ့သားတွေကဆရာကြီးချည်းပဲတွေဆိုတာ။ အဖြေတွေကို ပို့စ်တစ်ခုအဖြစ်ဖန်တီးလိုက်လို့ စာနည်းသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်။

@nweoomon
5-11-2021

Sort:  

အလယ် ဒါလည်း အဆင်ပြေသားပ။
!PIZZA

ဟိ🤭

ဟား နှစ်ခု လွှဲသွားတယ် 😁😁😁

တော်ပါတယ်ရှင်

screen_shot_2021_11_05_at_18.17.11.png

ကျွန်တော် Boost လုပ်ပေးလိုက်ပေမယ့် Ecency က ချေနေလို့ စိတ်မကောင်းပါဘူး။ !PIZZA

ဟုတ်တယ်။ မရဘူး😔😔

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nweoomon (x1)
@nyinyiwin(5/10) tipped @nweoomon (x1)

Learn more at https://hive.pizza.

ကိုင်းပြောသားပဲ ဖြေနိုင်ကြမှာပါလို့ :D !PIZZA

ဟုတ်ပါ့။ နောင်ထပ်စုဆောင်းအုံးမယ်