“အွန်သည်စပေါ့နှင့် မွင်းခါးပွဲများအကြောင်း”
မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
ဒီကနေ့အလှည့်ကျလာတာကတော့ အွန်သည်စပေါ့ သတင်းတိုထွာလေးများပေါ့ခင်ဗျာ။ အင်းဗျာ သတင်းတိုထွာ တွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့အများသား ဆိုတော့ကာ လက်လှမ်းမီရာလေးများ တင်ပြလိုက်မယ်ခင်ဗျ။
ယမန်နေ့က ဟော့ဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ကတော့ နမခရဲ့ အနော်ရထာစစ်ဆင်ရေးတဲ့ဗျာ ရာရာစစ သူတို့ကများ အနော်ရထာနဲ့ နှိုင်းရတယ်လို့ အိုသူရို့ဘယ်လို အသားယူသည်ဖြစ်စေ ငတို့ တလရ ပီဒီအက်ဖ်လေးများကလဲ ကျွဲရိုင်းစစ်ဆင်ရေးဆိုပီး အနော်ရထာကိုနမ်ပြန်နှိမ်ကာချကြသပ။ ရှောဘရားသား ဖြစ်သွားတာက ဗျာဟူမှူးဆိုပဲ နောက်လိုက်ရှော်လေးများ သုံးဆယ်လောက်က အဆစ်အနေနဲ့ သူရို့ဗျာဟူမှူးနဲ့အတူ ငရဲသို့ အပီးပိုင်ဆင်းသွား လေသတည်းပေါ့ခင်ဗျာ။
ကြွက်နာကို ကြောင်က ကစားသလိုပ မိုင်းအသေအချာဆင်ကာနှက်လိုက်တာ ဒိုင်းကနဲ လေထဲမြောက် တစစီလိုက်ကောက်ကြလေသတတ်။ ပုလဲ-ဂန့်ဂေါလမ်းကတော့ အိုးအမေးဇင်းပါပဲ။ သို့ကလို ရှောဘရားသားများ အကြိမ်ကြိမ်များလေတော့ ဟောပခုက္ကူကနေ ပေါက် အဲကနေ ကျောက်ထုလမ်းဖက်ကနေ လမ်းပြောင်းကာ သွားကြတာက ကားအစီး၁၀၀ ကျော်ဆိုပါပဲ။ ပုလဲ-ဂန့်ဂေါ တလရ ပီဒီအက်ဖ်လေးများအတွက်တော့ ဂုဏ်ယူလို့မဆုံးဗျာ ပျောက်ကျားဗျူဟာမှာ သမိုင်းတွင်တဲ့ ဂန့်ဂေါ-ယော-ကျော-ဆော နယ်မြေပါပဲ။ အောင်လံတလူလူလွှင့်လျက်။
ASEAN Special Envoy နဲ့ အချောင်သမား ပါတီတွေ ယခင်နေ့က တွေ့ဆုံပွဲ ပျက်သတဲ့။ မေစုနဲ့ပေးတွေ့မယ် ဘာရယ်ညာရယ်ဖျီးလုံးတွေနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်ခေါ်ချင်တာ ဘရူနိုင်းကြီးက ဒီတစ်ခါ နိုးပါတဲ့ဗျာ။ စကစ အတွက် အာဆီယံကလဲ အင်တင်တင်ပေါ့။ ဘိုတုက ချိနနဲ့ဘာဘူတို့ နယ်စပ်အရေးတင်းမာနေချိန် အိန္ဒိယစစ်သံမှူးနဲ့ တွေ့တယ်ဆိုတော့ကာ ဖအေကိုစိတ်ကောက်ပြီး ပထွေးနဲ့ပလူးပြနေတဲ့သဘော အဟက်။
အင်းဆက်အုန်းမယ် ကယားဘက်မှာလဲ ထားလဲနယ်မှာ စကစက ဇွတ်စစ်ကြောင်းထိုးတက်လို့ ဒီနေ့ရောဆို လေးရက်ဆက်တိုက် တိုက်ပွဲတွေ ခြိမ့်ခြိမ့်သဲနေဗျာ။ ဘော်လခဲဝန်းကျင်မှာ ဒီကောင်တွေ ဒီတောင်မောင်မကျော်နိုင်ဖြစ်နေတာကြာပေါ့ဗျာ။ မုန့်ဟင်းခါးတွေကတော့ အောတိုက်လို့။
အိမ်းအိမ်း ဘာပဲဖြစ်ဖြစ် ငတို့တွေ စခအမြစ်ဖြတ်ပွဲကို အားတင်းကာနွဲကြအုန်းစို့၊ ငါတို့မှာ ငါတို့ပဲရှိတယ်။ ငါတို့နိုင်မှ ငါတို့ရှင်သန်မယ်။ ဒါ့ကြောင့် ငါတို့ကို ငါတို့က အစွမ်းကုန် ထောက်ပံ့ကြစို့။
ဆိုစ် - ဖေ့ဘုတ်အင်ပါယာ
တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။
13.10.21: PM
@nyinyiwin
ကြားရ ကြားရ နားဝမှာ ပျားသကာလောင်းသလို။
မနက်ဖန်တွေဆိုရင် ပို၍ပို၍ ချိုလာမှာပါဗျာ။ !PIZZA
စောင့်မျှော်လျက်
PIZZA Holders sent $PIZZA tips in this post's comments:
(3/10)
uthantzin tipped nyinyiwin (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped victornawawng (x1)
nyinyiwin tipped uthantzin (x1)
nyinyiwin tipped nweoomon (x1)
nyinyiwin tipped htwegyi (x1)
Learn more at https://hive.pizza. @nyinyiwin tipped @kachinhenry (x1)
ကျေးဇူးပါ တူမောင်
ဟုတ်ကဲ့ အားပေးနေလို့ ကျေးဇူးပါခင်ဗျာ။ !PIZZA
အို မုန့်ဟင်းခါးများကျွေးချက် ရက်ရောချက်က လက်ဖျားခါတယ်။
!PIZZA
ဒါတောင် စစ်ကိုင်းနယ်ပဲရှိသေးတာနော်--!PIZZA
ငှက်ပျောပင်တွေ ကျန်သေးရဲ့လား..? !PIZZA
ဒင်းတို့အတွက် စီမံကိန်းနဲ့ ငှက်ပျော ဧက၁၀၀ စိုက်ထားပါတယ်ဗျ။ !PIZZA