အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၈)

in HIVE-MYANMAR4 months ago

အားလုံး မင်္ဂလာပါ။

အိုမင်းခြင်းကို တွန်းလှန်တတ်တဲ့စိတ်ထား

စိတ်ဟာ ခန္ဓာကိုယ် အပေါ်မှာ ကြီးမားတဲ့ စွမ်းအင်သက်ရောက်မှု ရှိသလို ဘယ်လို မြန်မြန်ဆန်ဆန် အိုမင်းသွားနိုင်သလဲ ဆိုတဲ့အချက်အပေါ်မှာလဲ သက်ရောက်မှုရှိတယ်။ ဆရာ ဝန်အများက သဘောထားတူတဲ့ အချက်တစ်ခုက ခန္ဓာကိုယ်ကို ပျိုရွယ်အောင်ထိန်းထားဖို့ ဆိုရင် တက်ကြွတဲ့ စိတ် ရှိရမယ်ဆိုတာပါပဲ။ ဒါဟာ အီခီဂိုင်ရဲ့ အဓိက သော့ချက်ဖြစ်တယ်။ ပြီးတော့ ဘဝတစ်လျှောက်လုံးမှာ အခက်အခဲတွေ ကြုံတဲ့အခါမှာ အလျှော့မပေး ဖို့ပါပဲ။

Yeshiva တက္ကသိုလ်က စမ်:သပ်ချက်အရ အသက်ရှည်တဲ့သူတွေ ရှိတဲ့ တူညီတဲ့ စိတ်နေသဘောထားက အကောင်းမြင်တဲ့ စိတ်နဲ့ မြင့်မားတဲ့ ခံစားသိမြင်တတ်ခြင်းတို့ပါပဲ။ တနည်းပြောရရင် စိန်ခေါ်မှုတွေကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ကြတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ ခံစားချက်ကို ထိန်းညှိနိုင်ကြတာမို့ အသက်ရှည်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နှင့်နေကြပါပြီ။

ထုံပေပေစိတ်ထား အခက်အခဲတွေကိုရင်ဆိုင်တဲ့အခါ တည်ငြိမ်မှုရှိတာ ဟာလဲ လူကို နုပျိုစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို စိတ်ထားက ပူပန်မှု နဲ့ စိတ်ဖိစီးမှု တွေကိုလျော့စေနိုင်ပြီးတော့ တည်ငြိမ်တဲ့အမှုအရာ ဖြစ်စေလို့ပါပဲ။

အသက်ရာကျော်ရှည်တဲ့သူတွေဆီမှာ တူညီတဲ့အချက် ရှိကြတယ်။ သူတို့ဟာ စိန်ခေါ်မှု အခက်အခဲတွေအပါအဝင် ဘဝမှာမျိုးစုံကြုံတွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့တွေဟာ ဒီစိန်ခေါ်မှုတွေကို အကောင်းမြင်စိတ်ထားနဲ့ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သိကြပြီး သူတို့တွေ့ကြုံရတဲ့ အတားအဆီးတွေရဲ့ လွမ်းမိုးတာကို မခံကြဘူးဆိုတာပါပဲ။

Alexander Imich ဆိုသူ ၂၀၁၄ ခုနှစ်မှာ အသက် ၁၁၁နှစ်နဲ့ ကမ္ဘာ့အသက်အရှည်ဆုံး ဂင်းနစ် စံချိန်တင်ခဲ့သူပါ။ သူဟာ သူ့မျိုးရိုးကြောင့်အသက်ရှည်တယ်ဆိုတာ လက်ခံသိရှိထားပြီး၊ အခြား အသက်ရှည်စေတဲ့ အရေးပါတဲ့ အရာတွေကို ပါ နားလည်သူဖြစ်ပါတယ်။ Reuters သတင်းဌါနနဲ့ အင်တာဗျူးရာမှာ "သင်တို့ရဲ့ ဘဝနေထိုင်တဲ့ပုံစံကလဲ အသက်ရှည်ဖို့အတွက် ထပ်တူ ဒါမှမဟုတ် ပိုမိုအရေးပါ ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။

image source: https://medium.com/@looser0613/discovering-ikigai-my-journey-to-purpose-0f82205969ad

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။

ဤအားလုံးကျန်းမာကြပါစေ။


15th Oct 2024
Myanmar@princekham

Sort:  

PIZZA!

$PIZZA slices delivered:
asterkame tipped princekham
(2/10) @princekham tipped @asterkame

!LOLZ
!MEME

How long is one minute?
It depends on what side of the bathroom door you're on.

Credit: reddit
$LOLZ on behalf of htwegyi

(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP@princekham, I sent you an

Thanks!
!LOL !MEME

Where does a martial arts instructor in Bankok live?
In a Thai con-do.

Credit: reddit
$LOLZ on behalf of princekham

(1/8)

PLAY & EARN $DOOM

@htwegyi, I sent you an