အားလုံး မင်္ဂလာပါ။
ဒုတိယနေ့အတွက် တင်မယ်လိုပ်တော့ Actifit ကို ဖုန်းနှစ်လုံးနဲ့ ဖွင့်မိလို့တူပါတယ်. Activity count က သုည ဖြစ်သွားတာမို့ မတင်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ မှိုစိုက်ထုတ်ထဲ မျိုးထည့်နည်းနဲ့ master ပုလင်းထဲ မျိုးထည့်တဲ့နည်းကို လက်တွေ့လုပ်ကြရတာဖြစ်ပါတယ်။မှိုစိုက်ပျိုးရေးနဲ့ တန်ဖိုးမြင့်ထုတ်ကုန် သင်တန်းပထမနေ့အကြောင်းကို တော့ Actifit မှာ ရေးတင်ခဲ့ပြီးပါပြီ (https://ecency.com/category/@princekham/actifit-princekham-20250301t152017044z)။
လွယ်တယ်ဆိုပေမယ့် ဒီလို လက်တွေ့လည်းလုပ်၊ သူများလုပ်တာတွေကထဲကနေ လည်းသင်ယူဆိုတော့ ပိုပြီး လုပ်တတ်သွားစေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် သင်တန်းမှာက တန်ဖိုးမြင့်ထုတ်ကုန် အပိုင်းကို ပြသရုံပဲ ပြသနိုင်ခဲ့တာတော့တွေ့ရပါတယ်။ မှိုcracker လုပ်နည်း တီကျစ်စာ လုပ်ပုံစတာတွေ က စတိလောက်ပဲ ပြောသွားတာတွေ့ရပါတယ်။
မှိုစိုက်အိတ်ပြုလုပ်ပုံ အချိုးအစားကို မှတ်သားခဲ့ရပါတယ်။ စိုက်ထုတ်အတွက်
- လွှစာမှုန့် တစ်တင်းအိတ် ၃ အိတ်
- ဖွဲနု ၂ ပြည်
- ပြောင်း ဖွဲ ၁ ပြည်
- ပဲ ဖွဲ ၁ ပြည်
- သကြား ၂၅ ကျပ်သား
- ထုံး ၂ ဇွန်း
- ဆားခါး ၂ ဇွန်းတို့ပဲ ဖြစ်ပါတယ်။
မျိုးပုလင်း ထဲထည့်တဲ့ အချိုးအစားကတော့
- လွှစာ ၁၀ ပြည်
- ဖွဲနု ၂ဗူး
- ထုံး ၂ ဇွန်း
- သကြား ၄ဇွန်း
- နံစားပြောင်း ၁ ပြည် (စားလို့ရတဲ့အထိ ပြုတ်ထားရပါမယ်)
မျိုးထည့်တာကိုတော့ laminar flow အခန်းထဲ လုပ်ရင်တော့ ပိုကောင်းတယ်ထင်ပါတယ်၊ ဒါပေမယ့် ဒီမှာတော့ အရက်ပြန်ဖျန်းပြီးပဲ လုပ်သွားတာတွေ့ရပါတယ်။ breaktime အပြီးမှာတော့ ဆရာတွေက လုပ်ပုံလုပ်နည်းပြပေးပြီး သင်တန်းသားတွေကို လက်တွေ့လုပ်ခိုင်းပါတယ်။ ကျွန်တော်လဲ ကိုယ်တိုင်ပါဝင်လုပ်ခဲ့ပါတယ်။
အောက်ပုံကတော့ သင်တန်းမှာ လက်ရှိထုတ်နေတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ မျိုးအိတ်၊ EM ရည်၊ တီကျစ်စာ၊ တီကျစ်ရည်၊ မှို မုန့်ကြော်၊ မှိုချဥ် စတာတွေဖြစ်ပါတယ်။ မှိုကူကီး ကတော့ ဆက်ထုတ်တာမတွေ့ရပါဘူး။
နောက်ဆုံးမှာတော့ အုပ်စု ဓါတ်ပုံရိုက်ကြပါတယ်။ နေ့တစ်ပိုင်းနဲ့ သင်တန်းပြီးခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဆိုရင် နေ့ခင်းပိုင်းပါ သင်တန်းဆက်လုပ်နိုင်ခဲ့ရင် ပိုကောင်းမယ် မြင်ပါတယ်။ တန်ဖိုးမြင့်ထုတ်ကုန်တွေအကြောင်းဆက်ပြီး သင်ကြားပေးနိုင်အောင်လို့ပါ။ ဒါပေမယ့် တန်ဖိုးမြင့်ထုတ်ကုန်တွေလုပ်နည်းပြဖို့အတွက် ပြင်ဆင်ဖို့ အချိန် မလုံလောက်ခဲ့လို့ နေ့တစ်ပိုင်းနဲ့ပဲ ဖြတ်ခဲ့တာလို့မြင်ပါတယ်။
မှိုစိုက်တဲ့ အကြောင်းကတော့ အရင်က အကို လည်းစိုက်ဖူးတော့ ကိုယ့်နဲ့ ရင်းနှီးနေပါတယ်။ ပြီးတော့ ဖတ်ဖူး တာလေးတွေလည်းရှိတာမို့ ကိုယ့်နဲ့တော့ မစိမ်းပါဘူး။ ဒါပေမယ့် ဒီလုပ်ငန်းကို တကယ်လုပ်မယ်ဆိုရင်တော့ ဘယ်အပိုင်းကိုဖြင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိုပြီး မြန်ဆန်ထိရောက်အောင် လုပ်ရမယ် မြင်ပါတယ်။ မွှေတဲ့ နေရာမှာ စက်တွေသုံးရပါမယ်။ အခန်းအပူချိန်ထိန်းတာ တိုင်းတာ စတာတွေကိုလဲ အလိုအလျှောက်စနစ်တွေနဲ့ လုပ်ရမယ် မြင်ပါတယ်။
စိုက်ပျိုးရေးမှိုကတော့ လူတော်တော်များများ လက်ခံစားသုံးလာကြပါပြီ၊ စျေးကွက်အတော်အသင့်ရှိလာပြီမို့ ရောင်းရတာ မခက်လှဘူးလို့ထင်ပါတယ်။ ရောင်းလို့ မကုန်ခဲ့ရင်လဲ တန်ဖိုးမြင့်ထုတ်ကုန်လေးတွေအနေနဲ့ ပြောင်းပြီး ထုတ်လုပ်ရောင်းချနိုင်မယ် မြင်ပါတယ်။
စိုက်အိတ်ကို ရှမ်းပြည်မှာလုပ်ရင်တော့ အချို့ ပဲဖွဲလို အမှုန့်တော့ ရဖို့ခက်မယ်ထင်ပါတယ်။ ဒေသတွင်းရနိုင်တဲ့ ကုန်ကြမ်းတွေက ဘာလဲဆိုတာ ကွင်းဆင်းကြည့်ရမယ် ထင်ပါတယ်။ နောက် ကျွန်တော့်အတွက် စိန်ခေါ်မှုကတော့ မှိုစိုက်တာက နေ့တိုင်း လိုက်ခူးနေရမှာဆိုတဲ့ တစ်ချက်ပါ။ ခရီးထွက်ဘာညာ ကိစ္စတွေပေါ်လာရင် ဒီထားပစ်ထားခဲ့လို့ မရဘူးလို့ထင်ပါတယ်။ ဒီတစ်ချက်ကို ဘယ်လို ဖြေရှင်းရမယ် မသိသေးပါဘူး။
ဤအားလုံးကျန်းမာကြပါစေ။
3rd March 2025
Myanmar@princekham
!hiqvote
မှိုစိုက်တာ စိတ်ဝင်စားတယ်ဗျို့။
PIZZA
MEME
I think that course is very beneficial!
!LUV
!PIZZA
!MEME
(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@princekham, @asterkame
Credit: shaungerow
Earn Crypto for your Memes @ HiveMe.me!
Hive.Pizza upvoted this post.
$PIZZA slices delivered:
(1/10) @asterkame tipped @princekham
Learn more at https://hive.pizza.