Libra (တူရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

in HIVE-MYANMAR3 years ago

astrology_signs.jpg

စက်တင်ဘာလ(၂၃)ရက်မှ အောက်တိုဘာလ(၂၂)ရက်အတွင်း မွေးဖွားသူများသည် တူရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် သတ္တမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ချိန်ခွင်တစ်ခု၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို သောကြာဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ ဝါယောဓါတ် (လေဓါတ်) ကြီးစိုးသည်။

တူရာသီဖွားများ၏ ပင်ကိုယ်စရိုက်သဘာဝများ

တူရာသီဖွားတို့သည် စိတ်ခံစားမှုကို အထူးဦးစားပေးသူများဖြစ်ကြ၏။ နှလုံးသားခံစားမှုအတိုင်း ဘဝကိုလျှောက်လှမ်းကြ၏။ ခံစားချက်ပြင်းထန်သူများ ဖြစ်ကြ၏။ တူရာသီဖွားတို့၏ဘဝတွင် လွမ်းမောဖွယ်ရာအဖြစ်အပျက်များဖြင့် ပြည့်နှက်နေတတ်၏။ အနုပညာခံစားမှုအင်အားပြင်းထန်၏။ အလှအပကြိုက်၏။ အသန့်အပြန့်၊ အကောင်းအမွန်ကိုလည်း သူများထက် ပိုမက်မောကြ၏။

အထူးသဖြင့် တူရာသီဖွားတို့သည် တစ်ခုမဟုတ်တစ်ခု ညှို့ဓါတ်အားကောင်းတတ်ကြ၏။ ဘေးလူတွေက ချစ်ခင်ကြည်ညိုတတ်ကြ၏။ တူရာသီဖွားတို့ကိုယ်တိုင်ကလည်း လူပေါင်းဆန့်၏။ ခင်မင်မှုနှင့် ချစ်မေတ္တာသံယောဇဉ်ကို အလေးအနက်ထား၏။ အလွန်သိမ်မွေ့သော နှလုံးသားပိုင်ရှင်များဖြစ်ကြ၏။ သို့သော်ဒေါသဖြစ်က ဘာမျှမမြင်တတ်ကြတော့ချေ။ ထို့အပြင် ငွေအသုံးကြမ်းသူများလည်း ဖြစ်တတ်ကြ၏။

အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည် စိတ်နုတတ်သည်။ စိတ်ထိခိုက်လွယ်သည်။ အပြင်ပန်း ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော်လည်း စိတ်ထဲက ထိခိုက်ခံစားရတာ၊ စိတ်ကောက်မိတာမျိုး မသိမသာဖြစ်တတ်၏။ ၎င်းင်းစရိုက်ကိုလည်း လူမသိအောင် ဖုံးကွယ်ထားလိုတတ်၏။ပြင်သင့်၏။ ထို့အပြင် အယုံလွယ်တတ်၏။ အပျော်အပါးတွင် ဝါသနာထုံတတ်ခြင်းကိုလည်း ပြင်သင့်၏။

မှတ်ချက် - ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။


17.02.2022@sayalu

Sort:  

မိန်ရာသီဖွား​လေးလည်း ​ရေးပါအုံးရှင်ွ

!PIZZA စားပါဦး ခင်ဗျာ

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
(2/10) @learningenglish tipped @sayalu (x1)

Please vote for pizza.witness!