Meaning of Numbers

in HIVE-MYANMAR3 years ago

atoz.png

ယနေ့တွင် ရေးသားပြီးသော ဂဏန်းများအကြောင်းကို ပြန်လည်စုစည်း၍ ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါသည်။ မိတ်ဆွေများအနေဖြင့် Reblog လုပ်၍၎င်း၊ ဖုန်း သို့မဟုတ် ကွန်ပြူတာတွင်၎င်း၊ ဆန္ဒရှိပါက သိမ်းဆည်းထားနိုင်ပါသည်။

ဂဏန်းတို့၏ ပင်ကိုယ်သဘောသဘာဝများကို လေ့လာမှတ်သားခြင်းသည် သင်္ချာဗေဒတွင် အခြေခံကျသော သင်ခန်းစာ ဖြစ်ပါသည်။ မြန်မာဗေဒင်တွင် နေ့နံတို့အကြောင်းနှင့် သဘောခြင်း တူပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

သင်၏ မွေးနေ့ (မွေးရက် + မွေးလ + မွေးနှစ် ) တို့ကို တလုံးတည်းဖြစ်အောင် ပေါင်းခြင်းအားဖြင့် သင်၏ မွေးနေ့ စိုးမိုးဂဏန်းကို ရရှိနိုင်ပါသည်။ အမည်နာမကို ပေါင်းခြင်းသည်လည်း အမည်နာမ စိုးမိုးဂဏန်းကို ရရှိနိုင်ပါသည်။

မော်ဒန် သင်္ချာဗေဒဖြင့် မွေးနေ့ သို့မဟုတ် အမည်နာမ စိုးမိုးမှုဂဏန်းကို ရှာဖွေရာတွင် ပေါင်းကိန်း ၁၁၊ ၂၂ ရရှိပါက ထိုဂဏန်းတို့သည် သီးခြား အဓိပ္ပါယ် ဖွင့်ဆိုချက်များ ရှိနေသောကြောင့် တလုံးတည်းဖြစ်အောင် ပေါင်းရန်မလိုပေ။

(1) ဂဏန်းသည် တီထွင်သူ၊ လမ်းသစ်ရှာဖွေသူ၊ ဖန်တီးသူ၊ ဦးဆောင်သူ၊ စတင်လုပ်ဆောင်သူ၊ အတ္တဝါဒီ ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(1) ဂဏန်း၏ အပြုသဘော - Constructive
လှုပ်ရှားတက်ကြွခြင်း၊ အသစ်တည်ထွင်လုပ်ဆောင်ခြင်း၊ လွတ်လပ်ခြင်း၊ အင်အားကောင်းခြင်း၊ ရည်ရွယ်ချက်မြင့်မားခြင်း။

(1) ဂဏန်း၏ အပျက်သဘော - Negative
ပျင်းရိခြင်းကြောက်ရွံ့ခြင်း၊ မတည်ငြိမ်ခြင်း၊ အတ္တကြီးခြင်း၊ ခေါင်းမာတတ်ခြင်း၊ ကြွားဝါတတ်ခြင်း။

(1) ဂဏန်း၏ အဖျက်သဘော - Destructive
မုန်းတီးရန်လိုတတ်ခြင်း၊ နိုင်ထက်စီးနင်းလုပ်တတ်ခြင်း၊ အယူသည်းခြင်း၊ လွှမ်းမိုးချုပ်ကိုင်လိုခြင်း၊ ကြီးနိုင်ငယ်ညှင်းလုပ်တတ်ခြင်း။

(2) ဂဏန်းသည် ငြိမ်းချမ်းရေးလုပ်ဆောင်သူ၊ သံတမန်၊ တေးဂီတပညာရှင်၊ စာရင်းအင်းပညာရှင်၊ ရှေ့နေ၊ စာကြည့်တိုက်မှူး ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(2) ဂဏန်း၏ အပြုသဘော - Constructive
လိမ္မာပါးနပ်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ အသေးစိတ်ခြင်းသဟဇာတဖြစ်ခြင်း၊ လိုက်လျောညီထွေရှိခြင်း၊ အလုပ်အကျွေးပြုခြင်း၊ မျှတပြေပြစ်ခြင်း။

(2) ဂဏန်း၏ အပျက်သဘော - Negative
ဂရုမစိုက် သတိမမူခြင်း၊ ရှက်ကြောက်တတ်ခြင်း၊ ပြောဆိုဆက်ဆံဖြေရှင်းရာတွင် လိမ္မာပါးနပ်မှု မရှိခြင်း၊ အလွန်စိတ်ထိခိုက်လွယ်ခြင်း၊ တွေဝေတတ်ခြင်း။

(2) ဂဏန်း၏ အဖျက်သဘော - Destructive
အကြင်နာကင်းမဲ့ခြင်း၊ သူရဲဘောနည်းခြင်း၊ ဒေါသကြီးခြင်း၊ လိမ်လည်လှည့်ဖြားတတ်ခြင်း၊ ဆန္ဒရာဂပြင်းပြခြင်း။

(3) ဂဏန်းသည် အနုပညာရှင်၊ ဟောပြောသူ၊ စာရေးဆရာ၊ ဖျော်ဖြေသူ၊ ဟာသစာရေးဆရာ (ဟာသသရုပ်ဆောင်) ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(3) ဂဏန်း၏ အပြုသဘော - Constructive
အကောင်းမြင်တတ်ခြင်း၊ ဟာသဉာဏ်ရှိခြင်း၊ ပျော်ရွှင်ကျေနပ်အားရခြင်း၊ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ မိမိကိုယ်ကို ဖော်ညွှန်းပြတတ်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ကိုယ်စွမ်းကိုယ်စပြတတ်ခြင်း။

(3) ဂဏန်း၏ အပျက်သဘော - Negative
အတင်းပြောတတ်ခြင်း၊ အဆိုးမြင်တတ်ခြင်း၊ အသုံးအဖြုန်းကြီးခြင်း၊ စိတ်ချုပ်တည်းထား၍ စိတ်ဝေဒနာ ခံစားရခြင်း၊ လွဲမှားစွာ မာန်မာနထားတတ်ခြင်း။

(3) ဂဏန်း၏ အဖျက်သဘော - Destructive
သည်းမခံတတ်ခြင်း၊ မစ္ဆရိယစိတ် ကြီးမားခြင်း၊ အဓမ္မပြုမူတတ်ခြင်း၊ သူတော်ကောင်းယောင် ဆောင်တတ်ခြင်း၊ လိမ်လည်လှည့်ဖြားတတ်ခြင်း၊ လောဘကြီးခြင်း။

(4) ဂဏန်းသည် တည်ဆောက်သူ၊ လယ်သမား၊ အစိုးရဝန်ထမ်း၊ နိုင်ငံရေးသမား၊ စက်မှုပညာရှင် ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(4) ဂဏန်း၏ အပြုသဘော - Constructive
ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ ချွေတာတတ်ခြင်း၊ လက်တွေ့ကျခြင်း၊ စည်းရုံးဖွဲ့စည်းနိုင်စွမ်းရှိခြင်း၊ သစ္စာရှိခြင်း။

(4) ဂဏန်း၏ အပျက်သဘော - Negative
အမြင်ကျဉ်းလွန်းခြင်း၊ စည်းကမ်းကြီးလွန်း၍ တင်းကြပ်သကဲ့သို့ ဖြစ်ခြင်း၊ အတင်းအဓမ္မ လုပ်ဆောင်တတ်ခြင်း၊ ကန့်သတ်ချုပ်ချယ်တတ်ခြင်း။

(4) ဂဏန်း၏ အဖျက်သဘော - Destructive
ရန်ညှိုးထားတတ်ခြင်း၊ အောက်တန်းကျစွာ ပြုမူတတ်ခြင်း၊ အဓမ္မပြုမူတတ်ခြင်း၊ အကြင်နာတရား ကင်းမဲ့ခြင်း၊ မနာလို ဝန်တိုစိတ် ကြီးမားခြင်း၊ ရန်လိုတတ်ခြင်း။

(5) ဂဏန်းသည် ခရီးသွားသူ၊ သင်္ဘောသား၊ စုံစမ်းထောက်လှမ်းရေး၊ စိတ်ပညာရှင်၊ စွန့်စားလုပ်ဆောင်သူ၊ စာရေးဆရာဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(5) ဂဏန်း၏ အပြုသဘော - Constructive
လွတ်လပ်ခြင်း၊ ပြောင်းလဲတတ်ခြင်း၊ ခရီးသွားခြင်း၊ စွန့်စားလုပ်ကိုင်ခြင်း၊ တိုးတက်ခြင်း၊ အဘက်ဘက်မှ စွယ်စုံရခြင်း။

(5) ဂဏန်း၏ အပျက်သဘော - Negative
အတွေးအခေါ် ကင်းမဲ့ခြင်း၊ ဖင့်နှေးတုန့်ဆိုင်းခြင်း၊ တာဝန်မဲ့စွာ ပြုမူတတ်ခြင်း၊ အပြောင်းအလဲမြန်ခြင်း။

(5) ဂဏန်း၏ အဖျက်သဘော - Destructive
ကာမဂုဏ်လိုက်စားတတ်ခြင်း၊ ဖောက်လွဲဖောက်ပြန် ပြုမူတတ်ခြင်း၊ မစ္ဆရိယစိတ်များခြင်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်အလွန်သောက်ခြင်း။

(6) ဂဏန်းသည် ကျောင်းဆရာ၊ မြို့ပြလုပ်သား၊ ဆရာဝန်၊ သူနာပြု၊ အလှအပ ပြင်ဆင်မွမ်းမံသူ၊ အချက်အပြုတ် ကျွမ်းကျင်သူ (စားဖိုမှူး) ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(6) ဂဏန်း၏ အပြုသဘော - Constructive
တာဝန်ယူတတ်ခြင်း၊ တေးဂီတတွင် ပါရမီပါခြင်း၊ အိမ်ထောင်သည်ဘဝကို အလေးထားခြင်း၊ အလုပ်အကျွေးပြုခြင်း၊ အများအတွက် လုပ်ဆောင်ခြင်း။

(6) ဂဏန်း၏ အပျက်သဘော - Negative
စိုးရိမ်ပူပန်တတ်ခြင်း၊ စိတ်ပူပန်မှု လွန်ကဲခြင်း၊ ကြော့ကြော့မော့မော့ နေလိုခြင်း၊ အငြင်းသန်တတ်ခြင်း၊ သူတပါးကိစ္စ ဝင်ရောက်စွက်ဖက်တတ်ခြင်း။

(6) ဂဏန်း၏ အဖျက်သဘော - Destructive
ပင်ပန်းငြီးငွေ့ဖွယ် အလုပ်လုပ်ရတတ်ခြင်း၊ အဆိုးမြင်စိတ် ထားတတ်ခြင်း၊ မစ္ဆရိယစိတ်ရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်း၊ မိသားစုသားစုတွင်း နိုင်ထက်စီးနင်းလုပ်တတ်ခြင်း။

(7) ဂဏန်းသည် တွေးခေါ်သူ၊ ဒဿနပညာရှင်၊ စိတ်ပညာရှင်၊ ပြီးပြည့်စုံသူ၊ စာရေးဆရာ၊ ကျောင်းဆရာ ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(7) ဂဏန်း၏ အပြုသဘော - Constructive
တိတ်ဆိတ်စွာနေခြင်း၊ အသိဉာဏ်ပညာ ပြည့်ဝခြင်း၊ သုတေသနပြုခြင်း၊ လေ့လာမှုပြုခြင်း၊ မိမိကိုယ်ကို ဆန်းစစ်တတ်ခြင်း၊ ဘာသာရေးစိတ်ရှိခြင်း။

(7) ဂဏန်း၏ အပျက်သဘော - Negative
ထေ့ထေ့ငေါ့ငေါ့ ပြောတတ်ခြင်း၊ ဝမ်းနည်းအားငယ်တတ်ခြင်း၊ အေးတိအေးစက်နိုင်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ စိတ်ထားသိမ်ငယ်ခြင်း။

(7) ဂဏန်း၏ အဖျက်သဘော - Destructive
မရိုးမဖြောင့်လုပ်တတ်ခြင်း၊ နှိပ်နှိပ်ကွပ်ကွပ် လုပ်ဆောင်တတ်ခြင်း၊ သစ္စာမဲ့ခြင်း၊ မယုံကြည်ရခြင်း၊ မလိုတမာစိတ် ထားတတ်ခြင်း။

(8) ဂဏန်းသည် ခွဲခြမ်းစိတ်ဖြာလေ့လာသူ၊ စီမံခန့်ခွဲသူ၊ စည်းရုံးရေးမှူး၊ စီးပွားရေးတိုးမြှင့်စေသူ၊ ရှေ့နေ၊ ဘဏ်လုပ်ငန်းရှင်၊ စာတည်း ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(8) ဂဏန်း၏ အပြုသဘော - Constructive
ဩဇာအာဏာရှိခြင်း၊ ဦးဆောင်ပုဂ္ဂိုလ် ခေါင်းဆောင်ဖြစ်တတ်ခြင်း၊ စီမံအုပ်ချုပ်နိုင်စွမ်းရှိခြင်း၊ စီမံဆောင်ရွက်နိုင်သော စွမ်းရည်ရှိခြင်း။

(8) ဂဏန်း၏ အပျက်သဘော - Negative
သည်းမခံတတ်ခြင်း၊ စိတ်မရှည်ခြင်း၊ အားစိုက်လုပ်လွန်း၍ ဒဏ်ပိတတ်ခြင်း၊ အကောက်ကြံတတ်ခြင်း၊ စာနာမှုကင်းမဲ့ခြင်း။

(8) ဂဏန်း၏ အဖျက်သဘော - Destructive
ဖိနှိပ်ချုပ်ချယ်လုပ်ဆောင်တတ်ခြင်း၊ လက်တုန့်ပြန်တတ်ခြင်း၊ မတော်မတရား လုပ်ဆောင်တတ်ခြင်း၊ အရက်အလွန်သောက်ခြင်း။

(9) ဂဏန်းသည် ဒုက္ခရောက်နေသော ဆင်းရဲသားများကို ကူညီထောက်ပံ့သူ၊ ခရီးသွားသူ၊ ဝေဒနာကုသသူ၊ လူသားတို့၏ အကျိုးဆောင်ရွက်သူ၊ ဆရာဝန်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဝန်ကြီး ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(9) ဂဏန်း၏ အပြုသဘော - Constructive
စာနာသနားတတ်ခြင်း၊ လူလူချင်း မေတ္တာထားတတ်ခြင်း၊ အားလုံးအပေါ် မေတ္တာထားတတ်ခြင်း၊ အနုပညာတွင် ပါရမီပါခြင်း၊ အလုပ်အကျွေးပြုခြင်း။

(9) ဂဏန်း၏ အပျက်သဘော - Negative
စိတ်ထိခိုက်လွယ်ခြင်း၊ အတ္တကြီးခြင်း၊ အမျှော်အမြင်ကင်းမဲ့စွာ လုပ်ဆောင်တတ်ခြင်း၊ အပျော်အပါး လိုက်စားတတ်ခြင်း။

(9) ဂဏန်း၏ အဖျက်သဘော - Destructive
အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ အလွန်ဒေါသကြီးခြင်း၊ မုသားစကား ပြောတတ်ခြင်း၊ အကျင့်ဆိုးရှိတတ်ခြင်း၊ စိတ်တိုတတ်ခြင်း၊ အပျော်အပါး လိုက်စားခြင်း။

(11) ဂဏန်းသည် စိတ်ကူးယဉ်သူ၊ ဟောပြောသူ၊ ဘာသာရေးလုပ်ဆောင်သူ၊ စိတ်စွမ်းအားရှင်၊ စာရေးဆရာ၊ သံတမန် ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(11) ဂဏန်း၏ အပြုသဘော - Constructive
ထိုးထွင်းသိမြင်နိုင်စွမ်းရှိခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း၊ ရှင်းလင်းစွာ ဖော်ပြတတ်ခြင်း၊ အတွေးအကြံကောင်းခြင်း။

(11) ဂဏန်း၏ အပျက်သဘော - Negative
အစွမ်းအစမရှိခြင်း ၊ တယူသန်ခြင်း၊ ရည်မှန်းချက်ကင်းမဲ့ခြင်း၊ နားလည်သဘောပေါက်မှုကင်းမဲ့ခြင်း။

(11) ဂဏန်း၏ အဖျက်သဘော - Destructive
မရိုးမဖြောင့်ခြင်း၊ ကပ်စေးနှဲခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ ဂုဏ်သိက္ခာဆုတ်ယုတ်ကျဆင်းခြင်း၊ ဆိုးဆိုးဝါးဝါးဖြစ်စေတတ်ခြင်း။

(22) ဂဏန်းသည် အပြည်ပြည်ဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုဝါဒကို ယုံကြည်လုပ်ဆောင်သူ၊ လက်တွေ့တည်ဆောက်လုပ်ဆောင်သူ၊ သံအမတ်၊ သံတမန်ဝန်ထမ်း၊ သမတ၊ ဥက္ကဌ ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(22) ဂဏန်း၏ အပြုသဘော - Constructive
အတွေးအကြံကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းရှိခြင်း၊ စွမ်းအားရှိခြင်း၊ နိုင်ငံစုံ အကျိုးတူ လုပ်ဆောင်သင့်သည်ဟူသောဝါဒကို ယုံကြည်လက်ခံခြင်း၊ တည်ဆောက်ရာတွင် ပါရဂူမြောက်ဖြစ်ခြင်း။

(22) ဂဏန်း၏ အပျက်သဘော - Negative
သိမ်ငယ်သော စိတ်အစွဲရှိခြင်း၊ ဘာသိဘာသာနေတတ်ခြင်း၊ မြည်တွန်တောက်တီးခြင်း၊ ဒေသစရိုက်ဓလေ့ကို အစွဲအလမ်းကြီးခြင်း။

(22) ဂဏန်း၏ အဖျက်သဘော - Destructive
ကောက်ကျစ်စဉ်းလဲခြင်း၊ မှော်ပညာ လိုက်စားကျင့်သုံးခြင်း၊ အလောတကြီး မဆင်မခြင် လုပ်ဆောင်တတ်ခြင်း၊ လက်တွေ့မကျခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ အရည်အချင်းမပြည့်မီခြင်း။

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။


14.01.2022@sayalu

Sort:  

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 900 upvotes.
Your next target is to reach 1000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 13
Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!

အချုပ်ပြန်တင်ထား​​တော့ ​ဖတ်ချင်သူ​တွေအတွက် ပိုအဆင်​ပြေတာ​ပေါ့ !LOL !PIZZA

@suhlaing, sorry! You need more to stake more $PIZZA to use this command.

The minimum requirement is 20.0 PIZZA staked.

More $PIZZA is available from Hive-Engine or Tribaldex

Knock knock...
ERROR: Joke failed.


You can get more $LOLZ on HE.@suhlaing, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.

ကျေဇူးအများကြီးတင်ပါတယ်

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
(7/10) @hive.phyowinkoko tipped @sayalu (x1)

Join us in Discord!